Tuesday, May 29, 2012

သင့်IQ စစ်ကြည့်ပါ



သင့်IQ သိချင်သလား။ ဒါလေးကို ဖတ်ပြီး စက္ကန့်သုံးဆယ်အတွင်း ဖြေကြည့်ပါ။
နေလင်းအောင်


       တစ်ခါက အလွန်မြင့်မားတဲ့ အုန်းပင်တစ်ပင်ရှိခဲ့တယ်။ ခြင်င်္သေ့တစ်ကောင်၊ ချန်ပန်ဆီ မျောက်ဝံတစ်ကောင်၊ သစ်ကုလားအုတ်တစ်ကောင်နဲ့ ရှဥ့်တစ်ကောင်တို့ဟာ အုန်းပင်ဘေးမှာ ဖြတ်သန်းသွားကြတယ်။
      သူတို့ဟာ အုန်းပင်ပေါ်က  ငှက်ပျောသီးကို ဘယ်သူအရင်ဆုံး ရနိုင်မလဲဆိုတာသိဖို့ ပြိုင်ပွဲပြုလုပ်ကြရန် ဆုံးဖြတ်လိုက်တယ်။
ဘယ်သူနိုင်မယ်လို့ သင်ထင်ပါသလဲ။
သင့်အဖြေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်နေပါလိမ့်မယ်။
ဒါကြောင့် ဂရုတစိုက် စဉ်းစားစေချင်ပါတယ်။
စက္ကန့်သုံးဆယ်အတွင်း အဖြေရအောင် စဉ်းစားကြည့်ပါ။
ကဲ…အဖြေရပြီမို့လား။
အောက်က ဝေဖန်ဖြေရှင်းချက်ကို ဆင်းကြည့်လိုက်ပါ။



သင့်အဖြေက…
ခြင်္သေ့ဆိုရင် သင်ဟာ စဉ်းစားဥာဏ်မရှိတဲ့သူ
ချန်ပန်ဇီဆိုရင် သင်ဟာ မိုက်မဲလွန်းသူ
သစ်ကုလားအုတ်ဆိုရင် သင်ဟာ အလွန်ကို မိုက်မဲသူ
ရှဥ့်ဆိုရင် သင်ဟာ မျှော်လင့်ချက်မရှိလောက်တဲ့ ငတုံးငအ ပါတဲ့။


အုန်းပင်တစ်ပင်မှာ ငှက်ပျောသီး မရှိပါဘူး။
သင်ဟာ စိတ်ဖိစီးပြီး အလွန်အမင်း စဉ်းစားလိုက်တယ်ဆိုတာ သိသာပါတယ်။


မူရင်း အင်္ဂလိပ်စာ

The Banana Test !

There is a very, very tall coconut tree and there are 4 animals, a Lion, a Chimpanzee, a Giraffe, and a Squirrel, who pass by.
They decide to compete to see who is the fastest to get a banana off the tree.
Who do you guess will win?
Your answer will reflect your personality.
So think carefully…
Try and answer within 30 seconds !!!
Got your answer?
Now scroll down to see the analysis...
















If your answer is:
Lion = you’re dull.
Chimpanzee = you’re a moron.
Giraffe = you’re a complete idiot.
Squirrel = you’re just hopelessly stupid.

——————————————-
A COCONUT TREE DOESN’T HAVE BANANAS.
Obviously you’re stressed and overworked.
You should take some time off and relax!
Try again next year.!
Author unknown

2 comments:

tunwailin said...

တကယ်ကောင်းတဲ့ ဥာဏ်စမ်းပုံပြင်ပါပဲ ကိုနေလင်းအောင်ရေ .. ကျွန်တော် အဲဒီလိုပုံပြင်တွေကို အနည်းငယ်ဖတ်ဖူးပါတယ်.. ကျွန်တော့် အထင် အဲဒီလိုပုံပြင်တွေက လူတွေရဲ့ စေ့စပ်သေချာမှူ နဲ့ အာရုံစူးစိုက်မှူ တို့ကို တိုးတက်စေမယ်လို့ ယူဆပါတယ်.. ဒါကြောင့် ဒီလို ဥာဏ်စမ်း ပုစ္ဆာ ၊ ပုံပြင်များကို မြန်မာစာပေ ထဲကရော နိုင်ငံခြားစာပေများထဲကပါ တတ်နိုင်သလောက် ရှာဖွေပြီး ကျွန်တော်အပါအဝင် အများသူငါ လည်းဖတ်နိုင်အောင် ပညာရနိုင်အောင် များများ တင်ပေးစေချင်ပါတယ်.. တကယ်တော့ ကျွန်တော် မြန်မာစာပေ တွင်သာမက နိုင်ငံခြားစာပေ တွေကိုလည်းကြိုက်ပါတယ် .. ဒါပေမယ့် နိုင်ငံခြားစာပေတွေဖတ်ရသည်မှာ ကျွန်တော့် အဖို့ စိတ်သွားတိုင်းကိုယ်မပါသလို..ဖြစ်နေပါတယ်...စိတ်ကဖတ်ချင်နေသလောက်.. ဘာသာကောင်းကောင်းမပြန်တတ် ခြင်းဖြစ်ပါတယ်..ကျွန်တော့်ရဲ့ ညံ့ဖျင်းမှူပါ..ဒီပြင့် ကျွန်တော့် လိုပဲ စိတ်သွားတိုင်းကိုယ်မပါတဲ့ တခြားညီအစ်အကိုတွေလဲ ရှိကောင်းရှိနိုင်ပါတယ်..ဒါကြောင့် အကိုတို့လို ဘာသာပြန်နိုင်ပြီး .. လူထုရှေ့မှောက် ချပြနိုင်မဲ့ သူကို ကျေးဇူးအရမ်းတင်ပါတယ်..ကိုယ်မလုပ်နိုင်သေးတာကိုလုပ်နိုင်လို့လဲ လေးစားပါတယ်..ကျွန်တော့် လည်း( အဓိကအားဖြင့် အင်္ဂလိပ်စာ ) ဆက်ကြိုးစားရင်း အကိုတို့လိုလူမျိုးတွေကို အမြဲအားပေးနေပါတယ်...

Unknown said...

thank
very good

ပြောချင်ရာများ ပြောခဲ့ဖို့...