Tuesday, May 1, 2012

ပေးကမ်းစွန့်ကြဲပါရစေ

ဘယ်အချိန်ထိ ရှင်သန်နေထိုင်ရမယ်ဆိုတာ မသိရပါ

ရှင်သန်နေစဉ်အတွင်း ပေးကမ်းစွန့်ကြဲခွင့်ပြုတော်မူပါ

လိုအပ်နေသူတွေကို စိတ်သက်သာရာ ရစေဖို့

အပြုံးဖြစ်စေ...

နှုတ်ဆက်မှုဖြစ်စေ...

ကြင်နာတဲ့စကားဖြစ်စေ...

လုပ်ဆောင်မူဖြစ်စေ...

တစ်ခုခုပေါ့။

 တတ်နိုင်သမျှ လုပ်ကိုင်ခွင့်ပြုတော်မူပါ

 ရဲဘော်ရဲဘက်တွေရဲ့ ဒုက္ခဝေဒနာတွေ သက်သာရာရစေဖို့

 ကိုယ့်ရဲ့ဂုဏ်သိက္ခာ မကျန်လျင်နေပါစေတော့

 တတ်နိုင်သမျှ လုပ်ပေးချင်မိတယ်

 မောပန်းနွမ်းနယ်နေတဲ့ နှလုံးသားတစ်ခုကို မြှင့်တင်ပေးဖို့ပေါ့။

 အများပြည်သူတွေရဲ့ မနှစ်မြို့ဖွယ် အကြည့်တွေကို 

အပြုံးတွေအဖြစ် ပြောင်းပေးချင်မိတယ်။

 သို့မှသာ...

 ရှင်သန်နေထိုင်ရတာ အချည်းနှီးမဖြစ်တော့မှာ

 ဘယ်လောက်ကြာကြာ ရှင်သန်နေထိုင်ရမယ်ဆိုတာ မပူပန်တော့ပါ

 ပေးကမ်းစွန့်ကြဲ နေနိုင်မယ်ဆိုရင်ပေါ့.....။

နေလင်းအောင် ဘာသာပြန်ဆိုသည်။

 Ref;

Labels: ကဗျာ

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...