Tuesday, May 1, 2012

ဟာသ နိုင်ငံရပ်ခြားဟာသများ(၈)

နေလင်းအောင်
                       ဝါသနာ
ကျွန်မယောက်ျားက ကျွန်မ ကမ္မဋ္ဌာန်းထိုင်သည်ကို စိတ်ဝင်စားကြောင်းပြောရာ စိတ်လှုပ်ရှားသွားမိသည်။ "ရှင့် မျက်လုံးတွေ ပိတ်ထားစရာမလိုဘူး။ မျက်လုံးတွေဖွင့်ပြီး တစ်ခုခုကို အာရုံစိုက်ထားနိုင်တယ်။ ရှင့်ရှေ့မှာရှိတဲ့ ဖယောင်းတိုင်တစ်တိုင် အစက်တစ်စက်လိုဟာမျိုးပေါ့"ဟု ကျွန်မက ရှင်းပြသည်။ ကျွန်မယောက်ျားက ခေါင်းညိတ်ပြီးနောက် တွေးတွေးဆဆ ပြောလာပါသည်။
"တီဗွီဆိုရင် ရော ရနိုင်မလား"
အတူတူ ပဲ
တယ်လီဖုန်းဘီလ်စာရင်း အများကြီးကုန်ကျနေသဖြင့် အိမ်ထောင်ဦးစီးက စနေနေ့နံနက် ထမင်းစားပြီးနောက်တွင် အစီးအဝေးခေါ်လိုက်သည်။
အဖေ။       ။ပုဂ္ဂိုလ်တို့ ဒါဟာ လက်မခံနိုင်စရာဘဲ ။ မင်းတို့ရဲ့ ဖုန်းအသုံးပြုမှုကို ကန့်သတ်ရလိမ့်မယ်။ ငါဆိုရင် ဒီဖုန်းကို မသုံးဘူး။ ရုံးကဖုန်းကိုဘဲ သုံးနေတာပါ။
အမေ။      ။ ဒီကလည်း အတူတူပါပဲ။ အိမ်ကဖုန်းကို ဘယ်တော့မှ မသုံးဖြစ်ဘူး။ ကျွန်မအလုပ်က ဖုန်းကိုဘဲ သုံးနေရတာ။
သား။        ။သားလည်း အတူတူပဲ။ အိမ်ကဖုန်းကို ဘယ်တော့မှ မသုံးဖြစ်ဘူး။ သားရဲ့ ကုမ္ပဏီက မိုဘိုင်းဖုန်းကိုပဲ သုံးနေရတာ။
အိမ်ဖော်။     ။ဒါဆိုရင် ဘာပြဿနာများရှိလို့လဲ။ ကျွန်မတို့အားလုံး ကိုယ့်အလုပ်ကဖုန်းကို သုံးနေကြတာချင်း အတူတူပဲလေ။
ဆိုးရဲရင်ဆိုးကြည့်
ဆေးစပ်သမားသည် အလုပ်ခွင်သို့ ရောက်လာသောအခါ နံရံကိုမှီပြီး အထိတ်တလန့်ဖြစ်နေသော လူတစ်ဦးကို တွေ့ရသည်။
" ဘာဖြစ်လို့လဲ" ဟု ဆေးစပ်သမားက စာရေးကို မေးသည်။
"သူက ချောင်းဆိုးပျောက်ဆေးလိုချင်တယ်။ ကျွန်တော် ရှာမတွေ့လို့ ဝမ်းနုတ်ပျောက်ဆေးပေးလိုက်တယ်"
"ဝမ်းနုတ်ဆေးက ချောင်းဆိုးမပျောက်ဘူးကွ" ဟု ဆိုင်ပိုင်ရှင်က အော်ဟစ်လိုက်သည်။
"ပျောက်မှာ သေချာပါတယ်။ သူ့ကို ကြည့်ပါလား။ ချောင်းဆိုးရမှာတောင် ကြောက်နေပြီလေ"
ဘယ်လိုစစ်ရပါ့
သမီးက အမေကိုပြောသည်။
"အိပ်ရင် ဟောက်တတ်တဲ့ ယောက်ျားကို သမီးဘယ်တော့မှ လက်မထပ်ဘူး"
"မှန်တာပေါ့ သမီးရယ်။ ဒါပေမဲ့ ခင်ပွန်းလောင်းကို သမီး ဘယ်လိုများ စစ်ဆေးမှာလဲ"

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...