သင်
တစ်နေရာရာ သွားချင်တယ်ဆိုရင် ဘယ်နေရာသွားချင်တယ်ဆိုတာနဲ့ အဲဒီနေရာရောက်အောင် ဘယ်လိုသွားရမယ်ဆိုတာ
သိထားရပါမယ်။ အဲဒီနောက် ဘယ်တော့ဆို ဘယ်တော့မှ အရှုံးမပေးလိုက်ပါနှင့်။
ဘဝရဲ့ လျှို့ဝှက်ချက်ဆိုတာ သင် ဖြစ်ပျက်ကြုံတွေ့နေရတဲ့
အရာတွေ မဟုတ်ပါ။ ကြုံတွေ့လာတဲ့ အရာရာတိုင်းကို သင် ဘယ်လို တုံ့ပြန်ဆောင်ရွက်တယ်ဆိုတာသာ
ဖြစ်ပါတယ်။
အခြားသူများရဲ့ ပြဿနာကို ကူညီဖြေရှင်းပေးဖို့
ကြိုးစားပါ။ သင်ရဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် ပို၍လွယ်ကူကြောင်း တွေ့ရပါလိမ့်မယ်။
“မဖြစ်နိုင်ဘူး”ဆိုတဲ့ စကားကို ထပ်ကာတလဲလဲ မပြောဆိုပါနှင့်။ ဒီစကားကို အမှိုက်ခြင်းထဲ
ပစ်ထည့်လိုက်ပါ။
မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိခြင်းက အောင်မြင်မှုအတွက်
အရေးအပါဆုံး လျှို့ဝှက်ချက်တစ်ခုပါ။ ဒါကြောင့် မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိပါစေ။
အခက်အခဲတွေကို ကြံ့ကြံ့ခံရပ်တည်ပြီး တစ်ခုခုကို
ကြိုးစားလုပ်ဆောင်ခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းဖို့ကြိုးစားကြည့်ပါ။ ဒါဆိုရင် အခက်အခဲဆိုတာ
သင်ထင်ထားတာရဲ့ တစ်ဝက်လောက်ပင် ခက်ခဲကြမ်းတမ်းမှုမရှိကြောင်း တွေ့လာပါလိမ့်မယ်။
ပျော်ရွှင်မှုဆိုတာ မျှဝေခံစားခြင်းဖြင့် တိုးပွားလာစေပါတယ်။
သင်တစ်ယောက်တည်းအတွက်သာ ဖက်တွယ်ထားမယ်ဆိုရင်တော့ ပျောက်ကွယ်သွားပါလိမ့်မယ်။ ပျော်ရွှင်မှုဆိုတာ
မျှဝေခံစားခြင်းအားဖြင့် သင် ထင်ထားတာထက်ပိုပြီး တိုးပွားလာပါလိမ့်မယ်။
ပြဿနာတွေနဲ့ပတ်သက်တဲ့ သင့်ရဲ့သဘောထားက ပြဿနာဆိုတာထက်
ပိုပြီး အရေးကြီးပါတယ်။ ဒါကြောင့် အမြဲတမ်း အကောင်းမြင်စိတ်ဓာတ် မွေးမြူပါ။
စွန့်လွှတ်ခြင်းအားဖြင့် ဘဝကို ဖြတ်သန်းပါ။
သင့်မှာရှိသမျှ အရာအားလုံး ဘဝကို ပေးအပ်လိုက်ပါ။ ဒါဆိုရင် ဘဝကလည်း သူ့မှာရှိသမျှ အရာအားလုံး
သင့်ကိုပြန်ပြီး ပေးပါလိမ့်မယ်။
နေလင်းအောင်
Ref; Think
Positive by Norman Vincent Peale
The Best English
Magazine (September, 2013)
Think Positive
If you want to
get somewhere, you have to know where you want to go and how to get there.
Then never,
never, never give up.
The secret of
life isn’t what happens to you, but what you do with what happens to you.
Help other
people to cope with their problems and your own will be easier to cope with.
Never use the
word impossible seriously again. Toss it into the verbal wastebasket.
Self-trust is
the first secret of success. So believe in and trust yourself.
Stand up to your
obstacles and do something about them. You will find that they haven’t half the
strength you think they have.
Joy increases as
you give it, and diminishes as you try to keep it for yourself. In giving it,
you will accumulate a deposit of joy greater than you ever believed possible.
How you think
about a problem is more important than the problem itself-so always think
positively.
Go at life with
abandon; give it all you’ve got. And life will give all it has to you.
No comments:
Post a Comment