Wednesday, August 21, 2013

နှလုံးသားထဲက ချစ်မေတ္တာ




(Global English Magazine, 2013 November)
စာသင်ကျောင်းတစ်ကျောင်းရဲ့ အခန်းတစ်ခန်းထဲမှာ ကလေးပေါင်းများစွာ ရှိနေကြပါတယ်။ ကလေးတစ်ယောက်က “ဆရာမ… ချစ်မေတ္တာဆိုတာ ဘာလဲ”လို့ မေးလာပါတယ်။
ဆရာမက လေးနက်တဲ့ ဒီမေးခွန်းရဲ့ အဖြေကို ပေးဖို့ထိုက်တန်တဲ့ တစ်စုံတစ်ခုကို စဉ်းစားလိုက်မိပါတယ်။ အားလပ်ချိန် ရောက်ပြီး ဖြစ်တဲ့အတွက်ကြောင့် ကလေးတွေကို ကျောင်းရှေ့ ဥယျာဉ်ထဲသွားကာ မေတ္တာစိတ်ဖြစ်ပေါ်လာအောင် နိုးဆွပေးနိုင်တဲ့ တစ်စုံတစ်ခု ယူဆောင်လာခဲ့ဖို့ စေခိုင်းလိုက်ပါတယ်။
ကလေးတွေဟာ (ဆရာမပြောတဲ့အတိုင်း တစ်ခုခု ယူဆောင်နိုင်ဖို့ စာသင်ခန်းထဲက) ပြေးထွက်သွားကြပါတယ်။ ကလေးတွေ ပြန်ရောက်လာတဲ့အခါ ဆရာမက “တပည့်တို့ ယူဆောင်လာတဲ့ အရာတွေကို တစ်ဦးချင်း ပြသပါ”လို့ ပြောလိုက်ပါတယ်။
ပထမမြောက် ကျောင်းသားက “ကျွန်တော်က ဒီပန်းပွင့်လေး ယူဆောင်လာတယ်။ လှတယ်မဟုတ်လား”လို့ ပြောဆိုလိုက်တယ်။
ဒုတိယမြောက်ကျောင်းသားက “ကျွန်တော်ကတော့ ဒီလိပ်ပြာလေး ယူဆောင်လာတယ်။ လိပ်ပြာတောင်ပံလေးရဲ့ အရောင်အဆင်းကို ကြည့်လိုက်ပါ။ ကျွန်တော့်ရဲ့ စုဆောင်းပစ္စည်းစာရင်းထဲမှာ ဒီလိပ်ပြာလေးကိုလည်း ထည့်ထားရမယ်”လို့ ပြောလိုက်ပါတယ်။
တတိယမြောက် ကျောင်းသားက “ ကျွန်တော်ကတော့ အသိုက်က ပြုတ်ကျလာတဲ့ ခိုလေးကို ယူဆောင်လာတယ်။ သူငယ်ချင်းတို့ရေ… ခိုလေးက ချစ်စရာ ကောင်းတယ်မဟုတ်လား”လို့ ပြောဆိုလိုက်ပါတယ်။
ဒီလိုနဲ့ ကျောင်းသားတစ်ဦးစီဟာ ပန်းခြံထဲက သူတို့ ယူဆောင်လာတဲ့ ပစ္စည်းတွေကို စားပွဲပေါ် တင်ပြကြပါတယ်။
အားလုံး တင်ပြပြီးတဲ့အချိန်မှာ ကျောင်းသူလေးတစ်ယောက်ဟာ ဘာမှ ယူဆောင်မလာဘဲ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့တာကို ဆရာမက သတိပြုမိလိုက်ပါတယ်။ ကျောင်းသူလေးဟာ ဘာမှ ယူဆောင်မလာခဲ့ရတဲ့အတွက် ရှက်ရွံ့သလို ဖြစ်နေရပါတယ်။ ဆရာမက သူမဘက်လှည့်ပြီး “ကဲ… သမီးကရော ဘယ်လိုလဲ။ တစ်ခုခု ယူမလာဘူးလား”လို့ မေးလိုက်ပါတယ်။
ကျောင်းသူလေးက ရှက်ရွံ့စွာနဲ့ ဖြေလိုက်ပါတယ်။
“သမီးကို ခွင့်လွတ်ပါ ဆရာမရယ်။ သမီး ပန်းပွင့်လေးတစ်ပွင့်ကို တွေ့မြင်တော့ ပန်းရနံ့ကို ခံစားလိုက်ရတယ်။ အဲဒီပန်းပွင့်လေးကို ဆွတ်ခူးဖို့ တွေးလိုက်မိပါတယ်။ ဒါပေမယ့် ပန်းရနံ့တွေ ကြာရှည်သင်းပျံ့တာကိုပဲ လိုချင်တဲ့အတွက် မခူးဘဲ ထားခဲ့တယ်။ သမီး နူးညံ့လှပပြီး အရောင်အသွေးစုံတဲ့ လိပ်ပြာလေးတစ်ကောင်ကိုလည်း တွေ့မြင်ခဲ့တယ်။ လိပ်ပြာလေးဟာ အလွန်ပျော်ရွှင်နေတဲ့အတွက်ကြောင့် သူ့ကို ဖမ်းဆုပ်ထားရဲလောက်အောင် သမီးမှာ သတ္တိမရှိပါဘူး။ သမီး သစ်ရွက်တွေကြားမှာ ကျနေတဲ့ ခိုလေးတစ်ကောင်ကိုလည်း တွေ့မြင်ခဲ့ပါတယ်။ ဒါပေမယ့် သစ်ပင်ပေါ် တက်လိုက်တဲ့အခါ ဝမ်းနည်းနေတဲ့ ငှက်မိခင်ကိုတွေ့တော့ အသိုက်ထဲပဲ ပြန်ထားခဲ့တယ်။  ဒါကြောင့် ဆရာမရေ… သမီး ပန်းရနံ့ရယ်၊ လိပ်ပြာလေးရဲ့ လွတ်လပ်မှုရယ်၊ ငှက်မိခင်ရဲ့ မျက်လုံးထဲမှာ တွေ့မြင်ရတဲ့ ကျေးဇူးတရားရယ် ဒါတွေကိုပဲ ယူဆောင်လာခဲ့ပါတယ်။ ဆရာမကို သမီး ယူဆောင်လာခဲ့တဲ့အရာတွေ ဘယ်လို ပြရမလဲ မသိဘူး”
ဆရာမက အဲဒီကျောင်းသူလေးကို ချီးကျူးစကား ပြောဆိုလိုက်ပြီးနောက် အဆင့်တစ် ပေးလိုက်ပါတယ်။ အဲဒီကျောင်းသူလေးဟာ “ကျွန်တော်တို့ နှလုံးသားထဲမှာ မေတ္တာထားနိုင်တယ်”ဆိုတဲ့ သဘောတရားကို နားလည်သဘောပေါက်ခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်တယ်လို့ ဆရာမက စဉ်းစားမိခဲ့လို့ပါပဲ။  

အချစ်ဆိုတာ ရယူဖို့၊ ဆွဲနုတ်ဖို့၊ အကျပ်ကိုင်ဖို့၊ အနိုင်ရဖို့၊ ဆုံးရှုံးဖို့ မဟုတ်ဘူး။
အချစ်ဆိုတာ နှလုံးသားထဲမှာ သယ်ဆောင်ထားတဲ့ သတိရခြင်း၊ ပျော်ရွှင်ခြင်းပဲဖြစ်တယ်။
 ချစ်တတ်ခြင်းဆိုတာ လွတ်လပ်ခြင်းနဲ့ လွတ်လပ်စွာ နေခွင့်ပြုလိုက်ခြင်းပါပဲ။
နေလင်းအောင်


Ref; We Can Only Bring Love In the Heart by Unknown Author

We Can Only Bring Love In the Heart
Unknown Author
(Original text in Spanish, translation.)
In one of the schoolrooms of a school there were several children.  One f them asked:
—Teacher, what is love?
The teacher felt that the little one deserved an answer that would be up to the intelligent question she had formulated.  Since they were already in recess time, she asked her students that they went around the school patio and brought with them what more awaken in them the feeling of love.

The children rushed out and, when returned, the teacher told them:
—I want each one of you to show me what you bring with you.
The first student answered:
—I brought this flower, isn't it pretty?
When his turn came, the second student said:
—I brought this butterfly.  See the color of her wings; I am going to place it in my collection.
The third student added:
—I brought this little pigeon that fell from the nest, brother: isn't it funny?

And so on the little ones, one by one, were placing on the table what they had picked up from the patio.
After finished the exposition, the teacher noticed that one of the girls had brought nothing, and remained quite all the time.  She was feeling ashamed because she had not brought anything.  The teacher turned to her and asked her:
—Very well, and you? Have you gotten anything?
The little one, timidly, answered:
—Excuse me, teacher. I saw a flower and felt its perfume; I thought to pull it up but preferred to leave it so it would give off its aroma for more time. I saw the butterfly, soft, colorful, but it looked so happy that I did not have the courage to imprison it.   I also saw the little fallen pigeon among the leaves, but ... when climbing the tree, I noticed the sad look of his mother and preferred to return it to the nest.  Therefore, teacher, I bring with me the flower perfume, the sensation of freedom of the butterfly and the gratitude I observed in the eyes of the birdie's mother.  How can I show you what I brought?

The teacher thanked the student and gave her the highest grade, considering that she had been the only one who was able to perceive that we "can only bring love in the heart."

You know, this was sent to me by someone who taught me that love is not: To Take, To Pull Up, To Force, to Win or To Lose.

Love is carried in the soul,... it is Remembering, ... it is Enjoying.  To Love is... to be Free and ... to let be Free.

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...