Tuesday, May 1, 2012

ကောင်လေးနှင့် ကောင်မလေး


"မိန်းကလေးတွေ ချစ်တဲ့အခါ ယောက်ျားလေးကို ကမ္ဘာကြီးလောက် အားကိုးအထင်ကြီးတတ်ပါတယ်"
နေလင်းအောင်
ကောင်လေးက ကောင်မလေးကိုပြောတယ်။
"မင်းကိုယ့်ကိုချစ်လား"တဲ့။
ကောင်မလေးကပြန်ပြောတယ်-
"ရှင့်ကို ကမ္ဘာကြီးလောက် ချစ်ပါတယ်"တဲ့။
"ဒါဆို ကမ္ဘာကြီးကြားအောင် ပြောပြလေ"လို့ ကောင်လေးက ပြောပြန်တယ်။
ကောင်မလေးက ကောင်လေးနားကပ်ကာ တိုးတိုးလေး ပြောဆိုလိုက်တယ်
"ရှင့်ကို ချစ်ပါတယ်"
ကောင်လေးစိတ်ဆိုးသွားတယ်
ကမ္ဘာကြီးကြားအောင် ပြောခိုင်းနေတာကို ကောင်မလေးက သူ့နားကပ်ပြီး သူတစ်ယောက်တည်း ကြားအောင်သာ ပြောဆိုတဲ့အတွက်ကြောင့်ပါ။
"မင်းကိုယ့်ကို တစ်ကယ်မချစ်လို့လာ" လို့ ကောင်လေးက အတွန့်တက်ပြန်တယ်။
ဒီအခါ ကောင်မလေးက ပြန်ပြောပြန်တယ်။
"ရှင်ဟာ ကျွန်မရဲ့ ကမ္ဘာကြီးပဲလေ" တဲ့။

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...