Tuesday, May 1, 2012

နိုင်ငံရပ်ခြားဟာသများ(၇)


သူခိုးကိုယ်တိုင်
 "ရဲဌာနကပါလားခင်ဗျာ"
ရဲဌာနချုပ်သို့ ဆက်လာသောဖုန်းသံသည် ကြောက်ကြောက်လန့်လန့်နှင့် တုန်တုန်ရီရီ ဖြစ်နေပုံရှိသည်။
"ဟုတ်ကဲ့...ရဲဌာနကပါ"
"အို... ကျေးဇူးပါပဲ။ အဘွားကြီးတစ်ယောက်ရဲ့ အိပ်ခန်းထဲမှာ ပိတ်မိနေတဲ့ သူခိုးတစ်ယောက်အကြောင်း သတင်းပေးချင်လို့ပါ။ ကျေးဇူးပြုပြီး မြန်မြန်လာပါခင်ဗျာ"
"ဒါဆို အခုဖုန်းဆက်တာ ဘယ်သူလဲဟင်"
" သူခိုးကိုယ်တိုင်ပါခင်ဗျာ"
ကြိုသင်ထားတာ
ကျွန်မ၏ စန္ဒယား သင်တန်းသူတစ်ယောက်သည် သူမသူငယ်ချင်း မင်္ဂလာဆောင်တွင်တီးနိုင်ရန် ပါချေဘယ်လ် ဂီတသံစုံကို (Pachelbel's Canon) သင်ပေးရန်ပြောသည်။ သို့ရာတွင် တစ်လကြာ လေ့ကျင့်ခဲ့သော်လည်း အနည်းငယ်မျှသာ တိုးတက်လာသဖြင့် သူမကို မင်္ဂလာဆောင်ရောက်သည့်အခါ တစ်ပိုင်းတစ်စကိုပင် တီးနိုင်လိမ့်မည်မဟုတ်ကြောင်း သတိပေးရသည်။ သူမက ပြန်ပြောပါသည်။
"အို...စိတ်မပူပါနဲ့ရှင်။ ကျွန်မသူငယ်ချင်းရဲ့ ကောင်လေးကလည်း အခုချိန်ထိ သူငယ်ချင်းကို ချစ်ခွင့်မပန်ရသေးပါဘူးရှင်"
မှတ်မိတယ်ဆိုလို့
"ရှင့် ခေါင်းထဲမှာ ဘောလုံးအကြောင်းကလွဲရင် ဘာမှမရှိပါလား"ဟု ဇနီးဖြစ်သူက သူမယောက်ျားကို ပြောသည်။"ကျွန်မတို့ လက်ထပ်ခဲ့တဲ့နေ့တောင် ရှင်မေ့နေမှာ သေချာပါတယ်"
"တစ်ကယ်တော့ ကိုယ်မမေ့ပါဘူးကွာ" ဟု ခင်ပွန်းက ပြန်ပြောသည်။ "ကိုယ်တို့ လက်ထပ်တဲ့နေ့က  အင်္ဂလန်က အီတလီကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်တဲ့နေလေကွာ"
ကြွားမိမှား
ကျွန်တော့်အဒေါ်က သူ့မမွေးနေ့ ဖိတ်သည့်အတွက် မသွားခင် ဆံပင်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ မွေးနေ့ပွဲ ရောက်သည့်အခါ ညီဝမ်းကွဲ တစ်ယောက်နှင့်တွေ့ရာ
"ငါနဲ့ ပတ်သက်ပြီး ထူးခြားတာ တစ်ခုခုများ သတိထားမိသလား"ဟု ကျွန်တော်က ဆံပင်ကို သပ်ရင်း ဂုဏ်ယူဝင့်ကြွားစွာ မေးလိုက်သည်။
သူက ဟက်ကနဲရယ်ရင်း ပြန်ပြောလိုက်သည်။
"အေးကွ။ တစ်ခုတော့ သတိထားမိတယ်။ မင်းအင်္ကျီလက်မောင်းအောက်က အပေါက်တစ်ပေါက်ပေါ့"
nla2012.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...