Tuesday, May 1, 2012

ခွန်အားဗလကြီးသူ

နေလင်းအောင်

တစ်ခါက မြတ်စွာဘုရားသည် ဓားပြလူဆိုးကြီး အင်္ဂုလိမာလ၏ အသက်အန္တရာယ် ချိန်းခြောက်မူကို ရင်ဆိုင်ရသည်။

"ငါ့ကိုယ်တော်မြတ်ရဲ့ ပျံလွန်တော်မူခါနီး ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးစေချင်ပါတယ်။ ဒီသစ်ပင်က သစ်ကိုင်းတစ်ကိုင်းကို ဖြတ်လိုက်ပါ" ဟု မြတ်စွာဘုရားက မိန့်တော်မူသည်။

 ဓားပြလူဆိုးကြီးက ချက်ချင်းပင် ဓားချက်တစ်ချက်တည်းဖြင့် သစ်ကိုင်းကိုဖြတ်ကာ "ယခု တပည့်တော် ဘာများပြုလုပ်ရမလဲ"ဟု လျောက်ထားမေးမြန်းသည်။
           "နဂိုအတိုင်းပြန်ဖြစ်အောင် ဆက်လိုက်ပါ" ဟု ဘုရားရှင်က မိန့်ကြားတော်မူသည်။ ဓားပြလူဆိုးကြီးက "နဂိုအတိုင်းပြန်ဖြစ်အောင် လုပ်နိုင်မယ်လို့ထင်နေရင်တော့ အရှင်ဘုရားဟာ ရူးနေတာပဲဖြစ်ရမယ်" ဟု လျောက်ထားလိုက်သည်။
                 ထို့အခါ မြတ်စွာဘုရားက ဤသို့ မိန့်ကြားတော်မူသည်။
               "မှားနေတယ် ဒကာတော်။ ဒကာတော်ကသာ ရူးနေတာပါ။ အကြောင်းကတော့ သင်ဟာ ဒဏ်ရာအနာတရဖြစ်အောင် လုပ်နိုင်တဲ့အတွက် မိမိကိုယ်ကို ခွန်အားဗလကြီးတယ်လို့ ထင်နေတဲ့အတွက်ကြောင့်ပါ။ ဒီလိုအလုပ်မျိုးဆိုတာက ကလေးငယ်တွေသာ ပြုလုပ်တတ်တာပါ။ တစ်ကယ့်အစစ်အမှန်ခွန်အားဗလကြီးသူဆိုတာ ဒဏ်ရာအနာတရဖြစ်အောင် ပြုလုပ်သူမဟုတ်ဘဲ ဒဏ်ရာအနာတရမှ သက်သာရာရအောင် ပြုလုပ်ပေးတတ်သူမျိုးပါ"

နေလင်းအောင် ဘာသာပြန်ဆိုသည်။

Ref; Buddha Threatened By Death

By Anthony de Mello

Labels: ဘာသာရေး

 nla2012.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...