Tuesday, May 1, 2012

နောက်ကျိနေသောရေ

နေလင်းအောင်

                   တစ်ခါက မြတ်စွာဘုရားသည် အနီးအနားရှိရေကန်မှ ရေသွားရောက်ခပ်ယူရန် တပည့်သာဝကတစ်ပါးကို စေခိုင်းပါသည်။ တပည့်သာဝကသည် ချက်ချင်းပင် ရေကန်သို့ ထွက်ခွါသွားပါသည်။ ရေကန်သို့ ရောက်သည်အခါ လူတစ်ယောက်သည် ရေကန်ထဲဆင်း၍ အဝတ်လျှော်ဖွက်နေသည်ကို တွေ့မြင်ရပါသည်။တပည့်သာဝက ရပ်တန့် စဉ်းစားနေစဉ်မှာပင် နွားလှည်းတစ်စီးသည် ရေကန်ထဲဖြတ်သွားရာ ရေတွေနောက်ကျိသွားကြောင်း တွေ့မြင်ရပါသည်။ တပည့်သာဝကသည် မြတ်စွာဘုရားအတွက် ရေခပ်ယူခြင်းမပြုဘဲ ဘုရားရှင်အား ရေမသန့်ကြောင်း ရှင်းပြပါသည်။
                   အသိဉာဏ် အမြော်အမြင်နှင့်ပြည့်စုံသော မြတ်စွာဘုရားသည် ခဏကြာပြီးနောက် ထိုတပည့် သာဝကကိုပင် ယခင်ရေကန်မှ ရေသွားရောက်ယူဆောင်ရန် စေခိုင်းပြန်သည်။ ယခုတစ်ချိန်တွင်မူ တပည့်သာဝကသည် ရေကန်ထဲရှိရေမှာ ကြည်လင်နေပြီး မြတ်စွာဘုရားသောက်သုံးရန် သင့်တော်ကြောင်းတွေ့ရသည်။ မြတ်စွာဘုရားအား ရေဆက်ကပ် လှူဒါန်းသောအခါ ဘုရားရှင်က ဤသို့ မိန့်ကြားတော်မူသည်။
                 " လူတစ်ယောက် ဒုက္ခဝေဒနာတွေ ခံစားနေရတဲ့အခါ အချိန်အနည်းငယ်ပေးပြီး
ဒီဒုက္ခဝေဒနာတွေ အနည်ကျသွားအောင် ပြုလုပ်လိုက်ပါ။ သို့မှသာ ဒုက္ခဝေဒနာတွေ အနည်ကျပြီး ငြိမ်းချမ်းမူ ပြန်လည်းရရှိပါလိမ့်မယ်"

တင့်ဇော်အောင် ဘာသာပြန်ဆိုသည်။

Ref; In Trouble Water by Prira Devi R

Labels: ဘာသာရေး

 

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...