Tuesday, May 1, 2012

နိင်ငံရပ်ခြား ဟာသများ(၂)

မမြင်ဘူးလား 

ကိုလူချော
မနေ့က အဘွားဖြစ်သူ ဖုန်းတစ်လုံးဝယ်ကြောင်း ဂျွန်ကြားသိရသည်။ ထို့ကြောင့်
အဘွားဆီ ဖုန်းဆက်ကြည့်ရန် သူဆုံးဖြတ်လိုက်သည်။
ဂျွန်။ ။ဟယ်လို...အဘွားလား။
အဘွား။ ။ဘယ်သူလဲ။
ဂျွန်။ ။ကျွန်တော် ဂျွန်ပါ။ အဘွား နေကောင်းတယ်မို့လား။
အဘွား။ ။......
ဂျွန်။ ။ဟယ်လို...အဘွား နေကောင်းတယ်မို့လား။
အဘွား။ ။အဘွား မြေးကို ခေါင်းငြိမ့်ပြလိုက်တယ်လေ။

                                                                     ထပ်တူကျတဲ့ အဖြေ
လူပျိုကြီးတစ်ယောက်သည် သူ့အတွက် သတို့သမီးရှာပေးရန် ကွန်ပျူတာကို
စေခိုင်းလိုက်သည်။ "သေးသေးသွယ်သွယ်နဲ့ ချစ်စရာကောင်းတဲ့
အဖော်တစ်ယောက်လိုချင်တယ်။ သူမက ရေပြင်အားကစားတွေကို နှစ်သက်ပြီး၊
အဖွဲ့လိုက် ဆောင်ရွက်မှုကိုလည်း လုပ်ကိုင်နိုင်ရပါမယ်"
ကွန်ပျူတာမှ အဖြေထွက်ပေါ်လာပါသည်။
"ပင်ဂွန်းငှက်ကို လက်ထပ်လိုက်ပါ"

                                                                     မယုံရင်စမ်းကြည့်
လူနှစ်ယောက် အရက်ဆိုင်တစ်ဆိုင်တွင် ရှိနေကြသည်။ တစ်ယောက်က
အခြားတစ်ယောက်ကို ပြောလိုက်သည်။
"ဘီယာမှာ မဟော်မုန်းဓာတ်ပါတာ သိလားကွ"
"မသိပါဘူးကွာ။ တကယ်ရော ဟုတ်လို့လား"
ပထမလူက "သိပ်ဟုတ်တာပေါ့။ မင်း အများကြီး သောက်ကြည့်ပါလား။
အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောပြီး ကားမောင်းလည်း ကြမ်းတမ်းလာလိမ့်မယ်" ဟု
ပြောလိုက်ပါသည်။

                                                                     ပိုများစေချင်ရင်
နိုင်ငံရေးသမား။ ။ဒီမှာဟောပြောဖို့ ကျွန်တော့်ကို ဖိတ်ထားတယ်။
ကြည့်ပါဦးကွာ။ လူထုပရိသတ် တစ်သောင်းကျော်တောင် ရှိနေတယ်။
အတိုက်အခံသမား။ ။မှန်တာပေါ့ဗျာ။ ခင်ဗျား ကြိုးဆွဲပြမယ်လို့
ဖိတ်ကြည့်ပါလား။ ပရိသတ်ငါးသောင်းလောက် ဖြစ်သွားလိမ့်မယ်။

ကိုလူချော

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...