Tuesday, July 10, 2012

IQ Test (2) ရေချိုးကန်ဖြင့်စမ်းသပ်ခြင်း





နေလင်းအောင်
        လူတစ်ဦးဟာ စိတ္တဇ ဆေးရုံတစ်ခုသို့သွားစဉ် ဒါရိုက်တာဖြစ်သူကို မေးလိုက်ပါတယ်။
        “လူတစ်ဦးကို ဆေးရုံတင်သင့်၊မတင်သင့် ဆုံးဖြတ်ဖို့ ဘယ်လိုစံနှုန်းကို အသုံးပြုပါသလဲ”
        “ကျွန်တော်တို့ဟာ ရေးချိုးကန်ကို ရေဖြည့်လိုက်တယ်။ ပြီးတော့ လူနာကို လက်ဖက်ရည်ဇွန်းတစ်ချောင်း၊ လက်ဖက်ရည်ခွက်တစ်လုံးနဲ့ ရေပုံးတစ်ပုံး ပေးပြီး ရေကန်ထဲက ရေကုန်အောင်လုပ်ဖို့ ခိုင်းလိုက်တယ်”လို့ ဒါရိုက်တာက ပြောတယ်။
         “ဟာ…ကျွန်တော် သဘောပေါက်ပြီ။ စိတ်ပုံမှန်ဖြစ်နေတဲ့ လူတစ်ဦးဆိုရင် ရေပုံးကိုပဲ ရွေးမှာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုရင် ရေပုံးဟာ လက်ဖက်ရည်ဇွန်း၊ လက်ဖက်ရည်ခွက်တို့ထက် ပိုကြီးတယ်လေ”
         ဒီအခါ ဒါရိုက်တာက ပြန်ဖြေလိုက်ပါတယ်။
         ဒါရိုက်တာရဲ့ အဖြေကိုမကြည့်ခင် စာဖတ်သူများက မိမိအတွေးအမြင်နဲ့ဆုံးဖြတ်ပေးစေချင်ပါတယ်။ (၁၅ ) စက္ကန့်အတွင်း အဖြေရှာကြည့်ပေးပါ။ ရပြီဆိုရင် အောက်ကအဖြေကို ကြည့်လိုက်ပါ။



ဒါရိုက်တာ ပြန်ပြောလိုက်တာကတော့ “စိတ်ပုံမှန်ဖြစ်တဲ့ လူတစ်ဦးဆိုရင် ရေပလက်ခေါင်းကိုဖွင့်ပြီး ရေကုန်အောင် လုပ်လိုက်မှာပေါ့”တဲ့။
စာဖတ်သူတို့ အဖြေမှန်ပါသလား။ မမှန်ဘူးဆိုရင်တော့ တံတားလေး သွားသင့်ပါပြီ။ ဟီးးး

The Bathtub Test!
During a visit to the mental asylum, a visitor asked the Director what the criterion was which defined whether or not a patient should be institutionalized.
"Well," said the Director, "we fill up a bathtub, then we offer a teaspoon, a teacup and a bucket to the patient and ask him or her to empty the bathtub."
"Oh, I understand," said the visitor. "A normal person would use the bucket because it's bigger than the spoon or the teacup."
"No." said the Director, "A normal person would pull the plug.
Do you want a bed near the window?"
Author Unknown

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...