Tuesday, May 1, 2012

မျိုးကောင်းမျိုးသန့်ဖြန့်ဝေပါ


 

        နေလင်းအောင်

          တစ်ခါတုန်းက လယ်သမားတစ်ဦးသည် ဆုတံဆိပ် ရနိုင်လောက်သော ကောက်ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းခဲ့သည်။ နှစ်စဉ်နှစ်တိုင်း သူသည် နိုင်ငံတော်အဆင့် ကောက်ပဲသီးနှံ ပြပွဲများတွင် ပါဝင်ပြသကာ ဆုတံဆိပ်များ ဆွက်ခူးရရှိလေ့ရှိသည်။
         တစ်နှစ်တွင် သတင်းထောက်တစ်ဦးသည် ထိုလယ်သမားနှင့် တွေ့ဆုံမေးမြန်းရာ သူ၏ စိုက်ပျိုးပြုစုပုံနှင့် ပက်သတ်ပြီး စိတ်ဝင်စားဖွယ်ကောင်းသော အချက်တစ်ချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ လယ်သမားသည် သူ၏ ကောက်ပဲသီးနှံ မျိုးစေ့များကို အနီးအနားရှိ အခင်းရှင်များထံ မျှဝေပေးလေ့ရှိကြောင်း သိလာပါသည်။
         "ခင်ဗျား အခင်းနားမှာရှိတဲ့လူတွေကို အကောင်းဆုံးမျိုးစေ့တွေ ဘာကြောင့်များ ဖြန့်ဝေပေးရတာလဲ။ သူတို့လည်း နှစ်စဉ်နှစ်တိုင်း ကောက်ပဲသီးနှံပြပွဲမှာ ခင်ဗျားနဲ့အတူ ပါဝင်ယှဉ်ပြိုင်နေတယ်မဟုတ်လား" ဟု သတင်းထောက်က မေးသည်။
          "ဆရာ ဘာကြောင့်လဲဆိုတာကို မသိဘူးလားဗျ။ ရင့်မှည့်နေတဲ့ ကောက်ပဲသီးနှံခင်းက ဝတ်မှုံတွေဟာ လေကြောင့် တစ်ခင်းမှတစ်ခင်း ဝတ်မှုံကူးလေ့ရှိတယ်။ ကျွန်တော့် အနီးအနားမှာရှိတဲ့ အခင်းရှင်တွေက အရည်အသွေးမကောင်းတဲ့ သီးနှံမျိုးစေ့တွေ စိုက်ပျိုးမယ်ဆိုရင် ဝတ်မှုံကူးခြင်းကြောင့် ကျွန်တော့်အခင်းက ကောက်ပဲသီးနှံတွေလည်း တဖြည်းဖြည်းနဲ့ အရည်အသွေး ကျဆင်းလာလိမ့်မယ်။ ကျွန်တော်ဟာ ကောင်းမွန်ပြည့်စုံတဲ့ ကောက်ပဲသီးနှံတွေ စိုက်ပျိုးချင်တယ်ဆိုရင်တော့ အနီးအနားမှာရှိတဲ့ အခင်းရှင်တွေကို ကောင်းမွန်တဲ့မျိုးစေ့တွေ ဖြန့်ဝေပေးရမှာပေါ့ဗျာ"
                                                 စဉ်းစားဆင်ခြင်စရာ
           မိမိတစ်ဦးတည်းဖြင့် ကောင်းမွန်တဲ့ ကောက်ပဲသီးနှံတွေ စိုက်ပျိုးလို့မရပါ။ အနီးအနားမှာရှိတဲ့ အခင်းရှင်တွေကလည်း ကောင်းမွန်တဲ့မျိုးစေ့တွေ စိုက်ပျိုးမှသာ ဝတ်မှုံကူးခြင်းကြောင့် သင့်ရဲ့သီးနှံအရည်အသွေး တိုးတက်လာပါလိမ့်မယ်။ ဒါကြောင့် ပထမအဆင့်အနေဖြင့် မျိုးကောင်းမျိုးသန့်တွေ ဖြန့်ဝေပေးလိုက်ပါ။ သင်လည်း ကောင်းမွန်တဲ့ ကောက်ပဲသီးနှံတွေ ရရှိပါလိမ့်မယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။

Ref;Growing Good Corn

Author; Unknown

*      Labels: ဘာသာပြန်ရသ

*      nla2012.blogspot.com

1 comment:

Unknown said...

How to Play Casino: Easy Guide to playing slots on
Casino games poormansguidetocasinogambling.com are 바카라 사이트 played by 토토 4 players, the average https://jancasino.com/review/merit-casino/ time they take turns is titanium earrings around 14:20. The house is divided into three distinct categories: the house

ပြောချင်ရာများ ပြောခဲ့ဖို့...