Saturday, September 29, 2012

နိုင်ငံရပ်ခြားဟာသများ(၁၆)



သဘောပေါက်
စာမေးပွဲဖြေပြီးနောက် ဖခင်က သားကိုပြောသည်။
“ဖေဖေ့ကို သားရဲ့ အရည်အချင်းမှတ်တမ်းကတ်ပြား ပြပါဦးကွ”
“သား သူငယ်ချင်းတစ်ယောက် ခဏ ငှားသွားပါတယ်။ သူ့အဖေကို သားရဲ့ကတ်ပြားညာပြပြီး ခြောက်လှန့်ဦးမယ်တဲ့ဗျ”
မေ့တတ်ပုံများ
သောမတ်(စ်) အက်ဒီဆင်သည် အန်ဂျေအော်ရိန်းတွင် ရထားတစ်စင်းပေါ်မှဆင်းပြီး ပလက်ဖောင်းအတိုင်း လျှောက်လာခဲ့သည်။ တီထွင်သူပညာရှင်ကြီးရဲ့ မေ့တတ်ပုံကိုသိသော ဘူတာရုံအုပ်က မေးသည်။
“မစ္စတာ အယ်ဒီဆင်…ခင်ဗျား တစ်ခုခု ကျန်နေသေးသလား”
အယ်ဒီဆင်က ခရီးဆောင်အိတ်များကို အမြန်ရေရင်း ပြန်ဖြေလိုက်သည်။
“မကျန်ပါဘူးဗျာ။ အားလုံးပါပါတယ်”
ထိုသို့ပြောရင်း သူသည် ရထားပေါ်သို့ အမှတ်တမဲ့ ကြည့်လိုက်မိသည်။ ထို့နောက် ခရီးဆောင်အိတ်ကိုချရင်း စီးလာခဲ့သောရထားဆီသို့ ပြန်ပြေးသွားပါသည်။ သူ့ကို အလျင်စလိုဖြစ်အောင် သတိပေးလိုက်သောအရာမှာ ပျားရည်စမ်းခရီးမှ သူနှင့်အတူပြန်ပါလာသော သတို့သမီး၏မျက်နှာကို ပြတင်းပေါက်တွင် တွေ့လိုက်ရသောကြောင့်ပင်…။
စောင်းမပြောနဲ့
ကျွန်မ အလုပ်လုပ်နေသော စားသောက်ဆိုင်က မန်နေဂျာမှာ ပျော်ပျော်နေတတ်သဖြင့် လူချစ်လူခင်ပေါများသည်။ သို့ရာတွင် သူ့ရှေ့၌ သူ့အရပ်နှင့်ပတ်သက်ပြီး မည်သူမှ မပြောရဲကြချေ။ အကြောင်းမှာ သူသည် အလွန်အမင်း အရပ်ပုသောကြောင့်ပင်။ တစ်နေ့တွင် သူသည် ဆိုင်တံခါးကို ဒေါနှင့်မောနှင့်ဖွင့်ကာ ပြောလိုက်ပါသည်။
“ငါ ခါးပိုက်နှိုက်ခံရတယ်”
ကျွန်မနှင့် အပေါင်းအဖော် စားပွဲထိုးကောင်မလေးများမှာ မှင်သက်သွားကြသည်။ ထို့နောက် စားပွဲထိုးတစ်ယောက်၏ ပြောစကားကြောင့် မန်နေဂျာမှာ ပို၍ ဒေါသထွက်သွားတော့သည်။
“ဘယ်သူကများ ဒီလောက်တောင် ခါးကုန်းနိုင်ပါလိမ့်နော်”တဲ့။
တန်စေရမယ်
သွားဆေးခန်း တစ်ခုတွင်ဖြစ်သည်။
“သွားနှုတ်ခ ဘယ်လောက်ယူသလဲ”
“နှစ်ဒေါ်လာပါဆရာ”
“ဟာ..တစ်မိနှစ်တည်းနဲ့ များလိုက်တာဗျာ”
“ကောင်းပြီလေ…ခင်ဗျား ဘယ်လောက်ကြာကြာ နှုတ်ချင်သလဲ။ ခင်ဗျား ကျေနပ်အောင် အချိန်ဆွဲ နှုတ်ပေးပါမယ်ဗျာ”
နေလင်းအောင် 
www.naylinaung1.blogspot.com

Tuesday, September 25, 2012

ကမ္ဘာ့အရောင်အသွေးအစုံဆုံး မြို့ငါးမြို့

နေလင်းအောင်
ကမ္ဘာကြီးသည် သဘာဝအလှတရားများဖြင့် ပြည့်နေသည့်အပြင် လူတို့ဖန်တီးသော အံ့သြဖွယ် နေရာများဖြင့်လည်း ပြည့်နေသည်။ အောက်တွင် ဖော်ပြထားသည်မှာ ကမ္ဘာ့အရောင်အသွေးအစုံဆုံး မြို့ငါးမြို့အကြောင်း ဖြစ်သည်။
 (၁) ရီရိုမက်ဂျီရို၊ အီတလီ (Riomaggiore, Italy)
လှပသော ရီရိုမက်ဂျီရိုမြို့သည် အီတလီနိုင်ငံ လီဂူရီးယား (Liguria) ဒေသတွင် တည်ရှိသည်။ ဤမြို့သည် (၁၃)ရာစုခေတ် သမိုင်းဝင်အဆောက်အအုံများကြောင့် အလွန်လူကြိုက်များလျှက်ရှိသည်။ ဗာရာ (the Vara Valley) တောင်ကြားဒေသ နေထိုင်သူများသည် စပျစ်ပင်နှင့် သံလွင်ပင်များစိုက်ပျိုးရန် ဤတောင်စောင်းဒေသတွင် အခြေချနေထိုင်ခဲ့ကြသည်။
 (၂)နီဟေဗ်န်၊ ဒိန်းမတ် (Nyhavn, Denmark)
နီဟေဗ်န်သည် ဒိန်းမတ်နိုင်ငံ ကိုဗင်ဟေဂင် (Copenhagen )မြို့တော်တွင် တင်ရှိပြီး တူးမြောင်းဘေးရှိ ဖျော်ဖြေရာ ဒေသတစ်ခုဖြစ်သည်။ ဤမြို့ကို (၁၇)ရာစုက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ (၁၇)နှင့် (၁၈)ရာစုခေတ်၏ အရောင်အသွေးစုံသော နေအိမ်နှင့် အရက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များ ရှိသေးသည့်အပြင် တူးမြောင်းတစ်လျှောက်တွင်လည်း သစ်သားသင်္ဘောအချို့ ရှိနေပါသည်။
 (၃) ဂွာနာဂျာတို၊ မက္ကဆီကို (Guanajuato, Mexico)
မက္ကဆီကိုနိုင်ငံ မြောက်အလယ်ပိုင်းဒေသရှိ ဂွာနာဂျာတိုသည် (၃၀၆၀၈) စကွဲယားစတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ၄င်းသည် စပိန်ကိုလိုနီခေတ်၏ ဗိသုကာလက်ရာများဖြင့် ခမ်းညားတောက်ပနေသော မြို့ကလေးဖြစ်သည့်အပြင် သတ္တုလုပ်ငန်း၊ မော်တော်ကားလုပ်ငန်း၊ သားရေထည်လုပ်ငန်း၊ အစားအစာ ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းစသည့် စက်မှုလုပ်ငန်းများစွာ တည်ရှိရာ မြို့လည်းဖြစ်သည်။ ဤမြို့ကို အရောင်အသွေးစုံအောင် ပြုလုပ်ပေးသည့် အချက်တစ်ခုမှာ အဆောက်အအုံများ တည်ဆောက်ရာတွင် အသုံးပြုသည့် ပန်းရောင်နှင့် အစိမ်းရောင်ရှိ အနည်ကျ သဲကျောက်များပင်ဖြစ်သည်။ ၄င်းကျောက်များကြောင့် လှပပြီး အရောင်အသွေးစုံသော သွင်ပြင်လက္ခဏာ ဖြစ်ပေါ်စေခြင်းဖြစ်သည်။
 (၄) ဂျော့ဒ်ပါ၊အိန္ဒိယ (Jodhpur, India)
လူသန်းပေါင်းများစွာ နေထိုင်ရာ အိန္ဒိယနိုင်ငံသည် ရင်သပ်ရူမောဖွယ် သဘာဝအလှတရားများအပြင် အိန္ဒိယနိုင်ငံသားတို့ တည်ဆောက်ထားသည့် လှပသော မြို့ကြီးများဖြင့်လည်း ပြည့်နှက်နေသည်။ ဂျော့ဒ်ပါမြို့သည် ရာဂျတ်စ်သန်( Rajasthan) ပြည်နယ်တွင် တည်ရှိသည်။ တစ်နှစ်ပတ်လုံး လွှမ်းမိုးနေသည့် တောက်ပပြီး နေသာသော ရာသီဥတုကြောင့်လည်း နေမြို့တော် "Sun City"  အဖြစ် လူသိများသည်။ အခြားနစ်ခ်နိမ်း (nickname )တစ်ခုမှာ အပြာရောင် "Blue City" မြို့တော်ဖြစ်ပြီး အပြာရောင်သုတ်ထားသည့် မရေမတွက်နိုင်သော အဆောက်အအုံများကြောင့် ခေါ်ဆိုရခြင်းဖြစ်သည်။ ဤအပြာရောင် အဆောက်အအုံများကြောင့် ဂျော့ဒ်ပါမြို့ကို အလွန်ဝေးကွာသည့် နေရာကပင် ရှင်းလင်းပြတ်သားစွာ တွေ့မြင်ရခြင်းဖြစ်သည်။
 (၅) ဗာလ်ပါရေ့စို၊ ချီလီ (Valparaiso, Chile)
အံ့သြဖွယ် အရောင်အသွေးစုံဖြင့် လှပနေသော ဗာလ်ပါရေ့စိုမြို့သည် ချီလီနိုင်ငံတွင် တည်ရှိပြီး၊ နိုင်ငံ၏ အရေးအပါဆုံး သင်္ဘောဆိပ်ကမ်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဤမြို့ကလေးသည် တောက်ပနေသော အဆောက်အအုံများ၊ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးများနှင့် ကျောက်စရစ်ခင်း လမ်းကလေးများဖြင့် ပြည့်နေသည်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။

        Ref; Top 5 Most Colourful Cities of the World by Rehan




Top 5 Most Colourful Cities Of The World

by Rehan

World is full of natural wonders, as well as wonderful places made by men. There is a big number of colourful, populated and exciting cities, which you would be interested in visiting. Here's a list of  Top 5 colourful cities of the world.

1. Riomaggiore, Italy

The beautiful city of Riomaggiore is situated in the Liguria region of Italy. This city is widely popular because of it's interesting history ranging back to the early 13th century. The inhabitants of the Vara Valley settled here in the ridges to safely raise grapevines and olive-trees.

2. Nyhavn, Denmark

Situated in Copenhagen, Denmark, Nyhavn is a waterfront, canal and entertainment district. This city dates back to the 17th century. It also has some brightly coloured 17th and early 18th century townhouses and bars, cafes and restaurants, along with a few wooden ships in the canal.

3. Guanajuato, Mexico

Located in North-Central Mexico, Guanajuato covers an area of 30,608 km². It is a small city distinguished by a wealth of Spanish colonial architecture, and also a home to several industries of metals, automobiles, leather goods and processed food. The thing that makes this city one of the most colourful one is the pink and green sandstone used for the construction of buildings, giving them a beautiful and colourful look.

4. Jodhpur, India

India, the country home to over a billion people has got a number of eye-catching natural wonders as well as beautiful cities made by the Indians. The city of Jodhpur is situated in the Indian state of Rajasthan and is also called as the "Sun City" because of the bright, sunny weather which influences over this city throughout the year. Another nickname this city has is "Blue City" because of the innumerable number of blue-painted houses. These blue houses, make Jodhpur distinguishable even from a great distance.

5. Valparaiso, Chile

This wonderfully colourful city is based in Chile, and is one of the most important seaports of the country. This little city is crowded with vibrant buildings, crumbling mansions and cobbled pathways.
သုတ

Friday, September 21, 2012

သင့်သဘောထားကို ပြောင်းလဲလိုက်ပါ


နေလင်းအောင်
ဒီဖြစ်ရပ်ကတော့ စစ်ပွဲအတွင်းက ခင်ပွန်းဖြစ်သူနဲ့အတူ မိုဂျေးသဲကန္တာရအတွင်း တပ်စခန်းတစ်ခုမှာ သွားရောက်နေထိုင်ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးအကြောင်းပါ။ တကယ်တော့ အဲဒီနေရာကို သူမ မနှစ်မြို့ပါဘူး။ အဲဒီဒေသရဲ့ အပူချိန်ဟာ အရိပ်ထဲမှာပင် (၁၂၅)ဒီဂရီအထိ ရှိနေပြီး သည်းမခံနိုင်သလောက်ပါပဲ။ လေဟာ အဆက်မပြတ် တိုက်ခတ်နေတယ်။ ဘယ်နေရာပဲကြည့်ကြည့် သဲပြင်ချည်းပါပဲ။
နောက်ဆုံးမှာတော့ သူမဟာ စိတ်ပျက်စွာဖြင့် အဲဒီသဲကန္တာရထဲမှာ မနေနိုင်တော့ကြောင်းနဲ့ မကြာမီ ပြန်လာတော့မည်ဖြစ်ကြောင်း အိုဟိုင်းအိုးမှာရှိတဲ့ မိဘတွေဆီ စာရေးအကြောင်းကြားလိုက်ပါတယ်။
ချက်ချင်းဆိုသလိုပင်…သူမဖခင်ဆီကနေ စာနှစ်ကြောင်းတည်းပါတဲ့ ပြန်စာတစ်စောင် လေကြောင်းလိုင်းကနေ အမြန်ရောက်လာခဲ့တယ်။
“လူနှစ်ဦး ထောင်ထဲကနေ အပြင်ကို ကြည့်နေကြတယ်။ တစ်ဦးက ရွံ့တွေကို မြင်နေရပေမယ့် အခြားတစ်ဦးကတော့ ကြယ်တွေကို မြင်နေရတယ်”တဲ့။
သမီးဖြစ်သူဟာ သူမရဲ့ ဥာဏ်ပညာနဲ့ရော၊ သူမနှလုံးသားနဲ့ပါ အလေးအနက်ထား စဉ်းစားကြည့်လိုက်တယ်။ သူမ ရောက်နေရာအရပ်မှာ သည်းခံနေကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
သူမဟာ ဒေသခံတွေနဲ့ မိတ်ဆွေဖွဲ့တယ်။ အဲဒီနိုင်ငံကို ချစ်ခင်တတ်ဖို့ သင်ယူလေ့လာတယ်။ နောက်ဆုံးမှာတော့ သူမဟာ အဲဒီအကြောင်းကို စာအုပ်တစ်အုပ် ရေးသားခဲ့တယ်။
သဲကန္တာရကတော့ ပြောင်းလဲမသွားပါဘူး။ သူမရဲ့ စိတ်သဘောထားကသာ ပြောင်းလဲသွားတာပါ။ သူမဖခင် ပြောကြားခဲ့တဲ့ စကားတွေကို သူမနှလုံးသားက အလေးအနက်ထား လိုက်နာခဲ့တဲ့အတွက်ကြောင့် သူမအတွက် သာယာလှပတဲ့ လောကသစ်တစ်ခုက စောင့်ကြိုနေပါတော့တယ်။
စဉ်းစားဆင်ခြင်စရာ
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ ကိုယ့်နေခဲ့တဲ့နေရာထက် လက်ရှိရောက်နေတဲ့နေရာဟာ သာလွန်ဆိုးရွားကြောင်း သိလာတဲ့အခါ ညည်းညူမိတတ်ကြပါတယ်။ အဲဒီနေရာမျိုးမှာ တစ်စက္ကန့်လေးတောင်မှ မနေချင်တော့ဘဲ ချက်ချင်းပြန်ပြေးချင်စိတ်မျိုး ပေါက်လာတတ်ပါတယ်။
        ဒါပေမယ့် ကိုယ်ဖြစ်ချင်သလို လက်ရှိရောက်နေတဲ့နေရာကို ပြောင်းလဲလိုက်လို့မှ မရတာ။ ကိုယ့်ဆွေမျိုး၊ ကိုယ့်မိတ်ဆွေတွေ အားလုံးကိုလှမ်းခေါ်ပြီး၊ ကိုယ့်ဒေသအခြေအနေမျိုးစတဲ့ ကိုယ့်ဖြစ်ချင်တာတွေ ဖြစ်လို့မရပါဘူး။ အဲဒီအခါ မိဘဆွေမျိုးတွေကိုလွမ်းလို့၊ မိတ်ဆွေသူငယ်ချင်းတွေကို သတိရလို့၊ဒေသရဲ့ ရာသီဥတုအခြေအနေမှာ မနေနိုင်ဘူးစတဲ့ စိတ်ခံစားချက်မျိုး ပေါ်ပေါက်လာတတ်ပါတယ်။
        ဒီတော့ ကျွန်တော်တို့ဟာ တစ်ခုခုကိုတော့ ပြောင်းလဲဖို့လိုလာပါတယ်။ လောကကြီးကို ပြောင်းလဲမလား။ ဒါမှမဟုတ် ကိုယ်တိုင်ပဲ ပြောင်းလဲမလား။ လောကကြီးကို ပြောင်းလဲဖို့ထက် ကိုယ်တိုင်ပြောင်းလဲဖို့က ပိုပြီးလွယ်ကူပါတယ်။
        ဒီဖြစ်ရပ်ထဲက အမျိုးသမီးလို ကျွန်တော်တို့လည်း လက်ရှိရောက်နေရာအရပ်ဟာ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ၊ မိတ်ဆွေသူငယ်ချင်းဖွဲ့မယ်၊ ဒေသဓလေ့ထုံးစံတွေ သင်ယူမယ်၊ တမူထူးခြားတဲ့ ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတတ်တဲ့ စိတ်ထားမျိုးရှိအောင် လုပ်မယ်ဆိုရင်တော့ နေပျော်စရာဘဝမျိုး ပိုင်ဆိုင်လာပါလိမ့်မယ်။
        သင်ဟာ ထောင်ထဲကလူနှစ်ဦးလို ကောင်းကင်ကို မော့ကြည့်ပြီး ကြယ်ကိုမြင်တတ်တဲ့လူလား။ ဒါမှမဟုတ် မြေပြင်ကိုငုံ့ကြည့်ပြီး ရွံ့ပြင်ကို မြင်တတ်တဲ့လူလားဆိုတာကိုတော့ စဉ်းစားကြည့်စေချင်ပါတယ်။

        နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.com
Ref: A Change of Attitude by Unknown

အချိန်ပေးပါ


                               
ရယ်မောဖို့ရန် အချိန်ပေးပါ
ဒါဟာ စိတ်ဝိဥာည်ရဲ့ ဂီတသံသာ…။
စဉ်းစားဖို့ရန် အချိန်ပေးပါ
ဒါဟာ စွမ်းအားတို့ရဲ့ ရင်းမြစ်ပါ…။
ကစားဖို့ရန် အချိန်ပေးပါ
ဒါဟာ ထာဝရနုပျိုခြင်းရဲ့ ရင်းမြစ်ပါ…။
စာဖတ်ဖို့ရန် အချိန်ပေးပါ
ဒါဟာ အသိဥာဏ်ပညာရဲ့ အခြေခံအုတ်မြစ်ပါ…။
ဘုရားကန်တော့ဖို့ရန် အချိန်ပေးပါ
ဒါဟာ ကမ္ဘာ့လောကမှာရှိတဲ့ အကြီးမြတ်ဆုံး စွမ်းအားပါ…။
ချစ်တတ်ဖို့နဲ့ အချစ်ခံဖို့ အချိန်ပေးပါ
ဒါဟာ ဘုရားသခင်ကပေးထားတဲ့ အထူးအခွင့်အရေးပါ…။
ရင်းနှီးခင်မင်ဖို့ရန် အချိန်ပေးပါ
ဒါဟာ ပျော်ရွှင်ခြင်းအတွက် ခရီးလမ်းပါ…။
ပေးကမ်းဖို့ရန် အချိန်ပေးပါ
တစ်နေ့တာဆိုတာ တစ်ကိုယ်ကောင်းဆန်ချိန်မရလောက်အောင် တိုတောင်းလွန်းလို့ပါ…။
အလုပ်အတွက် အချိန်ပေးပါ
ဒါဟာ အောင်မြင်မှုရဲ့ တန်ဖိုးပါ…။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.com
Ref: Take Time by Unknown

ပြောချင်ရာများ ပြောခဲ့ဖို့...