Saturday, June 30, 2012

ဘဝဆိုတာ ကော်ဖီတစ်ခွက်



 Live simply. Love generously. Care deeply. Speak kindly.
ရိုးရိုးသားသား နေထိုင်ပါ။  သဘောထားကြီးကြီး ချစ်ခင်ပါ။ လှိုက်လှိုက်လှဲလှဲ ဂရုစိုက်ပါ။ ကြင်ကြင်နာနာ ပြောဆိုပါ။ 
နေလင်းအောင်
               
                 အလုပ်အကိုင်အခြေတကျဖြစ်နေသော တပည့်ဟောင်းတစ်စုသည် သူတို့၏
တက္ကသိုလ်ပါမောက္ခဆရာတစ်ဦးထံ အတူတကွ အလည်သွားကြ၏။ စကားစမြည်ပြောဆိုကြရာ မကြာမီပင် ဘဝရှင်သန်မှုနှင့် အလုပ်ခွင်အတွင်း တွေ့ကြုံနေရသော စိတ်ဖိစီးမှုများကို ညည်းညူပြောဆိုကြ၏်။
              တပည့်များကို ကော်ဖီဖြင့်ဧည့်ခံရန် ပါမောက္ခဆရာကြီးက မီးဖိုခန်းထဲဝင်သွားပြီး ကော်ဖီအိုးကြီးတစ်လုံးနှင့်အတူ ခွက်အမျိုးမျိုးကို သယ်ဆောင်လာခဲ့၏်။ ကြွေခွက်၊ ပလတ်စတစ်ခွက်၊ ဖန်ခွက်၊ သလင်းခွက်စသည်ဖြင့် ခွက်မျိုးစုံ၏။ အချို့ခွက်များက ရိုးရှင်း၏။ အချို့ကမှု အလွန်လှပကြ၏။ ဆရာကြီးက သူ၏တပည့်များကို ကိုယ်တိုင် ကော်ဖီထည့်သောက်စေသည်။
              ကျောင်းသားအားလုံး လက်ထဲတွင် ကော်ဖီခွက်ကိုယ်စီဖြင့် ရှိသောအခါ ပါမောက္ခကြီးက ဤသို့ပြောဆိုသည်။
               ”တပည့်တို့ သတိထားမိမယ်ဆိုရင် တပည့်တို့က လှပပြီး ဈေးကြီးပုံပေါ်တဲ့ ကော်ဖီခွက်အားလုံးကို ကောက်ယူကြပြီး ရိုးရှင်းပြီး ဈေးနည်းပုံပေါ်တဲ့ ခွက်တွေကိုတော့ ချန်ထားကြတယ်။ မိမိအတွက်ဆိုရင် အကောင်းဆုံးကိုပဲ ရယူချင်တယ်ဆိုတာ သဘာဝဆိုပေမဲ့ ဒါဟာ ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းပဲ....
              ခွက်ဟာ ကော်ဖီရဲ့ အရသာကို ပြောင်းမပေးနိုင်ကြောင်း ယုံကြည်ထားပါ။ အချို့ခွက်တွေက ဈေးကြီးလိမ့်မယ်။ အချို့ခွက်တွေကတော့ ငါတို့ ဘာသောက်နေသလဲဆိုတာ မသိရအောင် ဖုံးကွယ်နေလိမ့်မယ်။ တပည့်တိုအားလုံး တကယ်အလိုရှိတာက ကော်ဖီပါ။ ခွက်မဟုတ်ပါဘူး။ ဒါပေမဲ့ တပည့်တို့ဟာ အကောင်းဆုံးခွက်တွေကိုပဲ အလိုရှိနေကြတယ်။ ပြီးတော့ တစ်ယောက်ချင်းစီရဲ့ ခွက်တွေကိုလည်း လေ့လာအကဲခတ်နေကြတယ်။
               ကဲ.... ဘဝဆိုတာ ကော်ဖီပဲလို့ စဉ်းစားကြည့်လိုက်ပါ။ လူ့အဖွဲ့အစည်းမှာ အလုပ်အကိုင်၊ ငွေနှင့် ရာထူးအဆင့်အတန်းဆိုတာ ခွက်တွေပေါ့ကွာ။ ဒါတွေဟာ ဘဝကို ဆုပ်ကိုင်ထည့်သွင်းထားတဲ့ ကိရိယာတွေပါ။ ပြီးတော့ ငါတို့မှာရှိတဲ့ ခွက်အမျိုးအစားတွေက ငါတို့ရှင်သန်နေထိုင်တဲ့ ဘဝရဲ့ အရည်အသွေးကို အဓိပ္ပါယ်မသတ်မှတ်နိုင်၊ ပြောင်းလည်းမပြောင်းနိုင်ပါဘူး။
           တစ်ခါတစ်ရံ ခွက်ကိုသာ အာရုံစိုက်နေခြင်းဖြင့် ကော်ဖီကို အရသာခံစားဖို့ မေ့လျော့နေတတ်တယ်။ ခွက်တွေကို အာရုံမစိုက်ဘဲ ကော်ဖီကိုသာ နှစ်သက်လက်ခံလိုက်ပါ။ အပျော်ရွှင်ဆုံးလူတွေမှာ အကောင်းဆုံးအရာတွေ ရှိမနေပါ။ သူတို့က အရာရာကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေကြတာပါ။”


နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Life is like a cup of coffee by Unknown
www.naylinaung1.blogspot.com
 

Life is Like a Cup of Coffee

Spiritual Story by Unknown

A group of alumni, highly established in their careers, got together to visit their old university professor. Conversation soon turned into complaints about stress in work and life.

Offering his guests coffee, the professor went to the kitchen and returned with a large pot of coffee and an assortment of cups - porcelain, plastic, glass, crystal, some plain looking, some expensive, some exquisite - telling them to help themselves to the coffee.

When all the students had a cup of coffee in hand, the professor said: "If you noticed, all the nice looking expensive cups have been taken up, leaving behind the plain and cheap ones. While it is normal for you to want only the best for yourselves, that is the source of your problems and stress.

Be assured that the cup itself adds no quality to the coffee. In most cases it is just more expensive and in some cases even hides what we drink. What all of you really wanted was coffee, not the cup, but you consciously went for the best cups... And then you began eyeing each other's cups.

Now consider this: Life is the coffee; the jobs, money and position in society are the cups. They are just tools to hold and contain Life, and the type of cup we have does not define, nor change the quality of life we live.

Sometimes, by concentrating only on the cup, we fail to enjoy the coffee. Savor the coffee, not the cups! The happiest people don't have the best of everything. They just make the best of everything.

Tuesday, June 26, 2012

ရည်မှန်းချက်အောင်မြင်ဖို့ ခြေလှမ်းခုနှစ်လှမ်း


 အနာဂတ်ဆိုတာ တကယ်တော့ သင့်ကိုယ်တိုင် ဖန်တီးရမဲ့အရာ…
သင်လိုချင်တဲ့ ဘဝမျိုးပိုင်ဆိုင်ရရှိဖို့ အဆင်သင့်ဖြစ်ပြီလား။
အောက်မှာဖော်ပြထားတာကတော့ လိုချင်တဲ့ ဘဝမျိုးရရှိဖို့ သင်ပြုလုပ်ရမဲ့ ခြေလှမ်းခုနှစ်လှမ်းပါ။

(၁)စိတ်ကူးကြည့်ပါ
        ကျွန်တော်တို့ အများစု တွေးထင်မိတာ ရှိပါတယ်။ ကျွန်တော်တို့ဟာ ဆွဲဆောင်မှုရှိမယ်၊ စမတ်ကျမယ်၊ ရိုးသားဖြောင့်မတ်မယ်၊ ဒါမှမဟုတ် အလုပ်ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ဘဝဟာ လိုချင်တဲ့အတိုင်း ပဉ္စလက်ဆန်ဆန် ပြောင်းလဲသွားလိမ့်မယ်။ ဒါပေမဲ့ သင်ဖြစ်ချင်တဲ့ဘဝဟာ ဘယ်လိုဘဝမျိုးဆိုလဲတာ ပြတ်ပြတ်သားသား စဉ်းစားမထားခဲ့ဘူးဆိုရင်တော့ လိုချင်တဲ့ဘဝကို ဖန်တီးနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် တစ်နှစ်၊ ငါးနှစ်၊ ဆယ်နှစ်အတွင်း သင်ရောက်ချင်တဲ့ ရည်မှန်းချက်နေရာမျိုး စဉ်းစားထားပြီး စာရွက်ထဲ ရေးချထားလိုက်ပါ။

Wednesday, June 20, 2012

မေတ္တာလက်ဆောင်



            နေလင်းအောင်
            တစ်ခါတုန်းက မျက်မမြင် မိန်းကလေးငယ်တစ်ဦးဟာ မိမိကိုယ်ကို မျက်မမြင်ဖြစ်နေတဲ့အတွက် မကျေမနပ် ဖြစ်နေခဲ့တယ်။ သူမက လူတိုင်းကို ရန်လိုမုန်တီးနေခဲ့တယ်။ သူမချစ်သူ ကောင်ကလေးကလွဲလို့ပေါ့။ ချစ်သူ ကောင်ကလေးကတော့ လိုအပ်သည့်အခါတိုင်း သူမဘေးမှာ ရှိနေပေးခဲ့တယ်။ လောကကြီးကို မြင်ရမယ်ဆိုရင် သူ့ကို လက်ထပ်ယူပါမယ်လို့ သူမက ပြောခဲ့တယ်။      

နိုင်ငံရပ်ခြားဟာသများ(၁၃)


မေ့တတ်ပုံ

မစ္စဂျုန်း။ ။သင်္ဘောဝန်ထမ်းရေ…ကျွန်မ တစ်ခုခု မေ့နေတယ်ဆိုတာ သေချာတယ်။
ဒါပေမဲ့ ဘာမေ့နေသလဲဆိုတာတော့ ကျွန်မမသိဘူး။
သင်္ဘောဝန်ထမ်း။ ။ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်ရော ရှိရဲ့လားဗျ။
မစ္စဂျုန်း။ ။ဟုတ်ကဲ့ ကျွန်မမှာရှိပါတယ်။ ပြီးတော့ သင်္ဘောလက်မှတ်လည်း
ရှိပါတယ်။ မေ့နေတယ်ဆိုတာ နောက်ထပ် ဘာများဖြစ်နိုင်မလဲ။
သင်္ဘောဝန်ထမ်း။ ။ခင်ဗျားရဲ့ ခရီးဆောင်အိတ်အားလုံးရော ရှိတယ်မဟုတ်လား။
မစ္စဂျုန်း။ ။ရှိတယ်လို့တော့ ထင်တာပဲ။ စစ်ကြည့်လိုက်ဦးမယ်နော်။
တစ်…နှစ်…သုံး…လေး…ငါး…။ ဟုတ်တယ် …အိတ်တွေအားလုံး ရှိပါတယ်။
သင်္ဘောဝန်ထမ်း။ ။ဒါဆိုရင်တော့ ခင်ဗျားလိုအပ်နေတယ်ထင်တဲ့ အရာအားလုံး
ခင်ဗျားမှာ ရှိတယ်ထင်တာပဲ။
မစ္စဂျုန်း။ ။မဖြစ်နိုင်ပါဘူးရှင်။ တစ်ခုခုတော့ လိုနေသလိုပဲ။ ဒါပေမဲ့
ဘာလဲဆိုတာတော့ ကျွန်မ စဉ်းစားလို့မရသေးဘူး။
သင်္ဘောဝန်ထမ်း။ ။လောလောဆယ် ဒီအတွက် မပူပါနဲ့ဗျာ။ သင်္ဘောက ခုပဲထွက်တော့မယ်။
ဒါနဲ့ခင်ဗျားယောက်ျားကရော။
မစ္စဂျုန်း။ ။ဟုတ်ပါရဲ့။ ကျွန်မ ခုမှပဲသိတော့တယ်။ ကျွန်မ မေ့နေတယ်ဆိုတာ
ကျွန်မ ယောက်ျားပဲလေ။
 
                                           မပြရင် ရတာပဲ
တစ်နေ့က နကျယ်ကောင်တစ်ကောင် အိမ်ထဲဝင်လာသည်ကိုတွေ့တော့ ကျွန်မက
ယောက်ျားကို လှမ်းပြောလိုက်ပါသည်။


သူငယ်ချင်းဆိုတဲ့ဘူးကလေး




သူငယ်ချင်းဆိုတဲ့ဘူးကလေး
ခိုင်မာတောင့်တင်းသေချာဖို့ရာ
တည်ရှိရာအောက်ခြေပြင်မှာ
ရိုသေလေးစားမှုဆိုတဲ့ အလွှာလေး
အရင်ဆုံးခင်းလိုက်ပါ။
ဘေးအနားတွေတွေ့ဆုံရာ                                                                                                
 ထောင့်ချိုးတွေတိုင်းမှာ                                                                                         လိမ်ညာလှည့်စားခြင်းကင်းတဲ့
ခိုင်မာယုံကြည်ခြင်းကျောက်ဆူးတွေ
အများအပြားနဲ့တပ်ဆင်ပါ။


Sunday, June 17, 2012

ဖခင်တစ်ဦးရဲ့မေတ္တာ (အဖေများနေ့အတွက် အမှတ်တရ)



ကျွန်တော် အဖေများနေ့ မေ့နေသလို မြန်မာပြည်မှာရှိတဲ့ လူအများစုကလည်း မေ့နေမယ်ထင်ပါတယ်။ အမေများနေ့တုန်းက မိခင်နဲ့ပတ်သက်တဲ့ စာမူတွေ အများကြီးတွေ့ခဲ့ပေမဲ့ အဖေများနေ့မှာတော့ ကျွန်တော်ဝင်ရောက်နေတဲ့ ဆိုရှယ်ဆိုဒ်များမှာ သိပ်မတွေ့ရပါဘူး။ ဒါနဲ့ ကျွန်တော် ဖခင်များနေ့နဲ့ပတ်သက်ပြီး အဖေ့မေတ္တာကိုဖော်ကျူးတဲ့ အကောင်းဆုံးစာမူ ပြန်ဆိုဖော်ပြချင်မိပါတယ်။ အင်တာနက်မှာ ရှာဖွေကြည့်ရာ  စာမူကောင်း မတွေ့ရတဲ့အတွက် နဂိုရှိပြီးသား ဖခင်မေတ္တာကို ဖော်ညွန်းနိုင်တဲ့ စာမူတစ်ပုဒ်ကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အဖေများနေ့ကို သတ်မှတ်ပေးထားမှု မရှိပါ။ သင့်တော်တဲ့အချိန် ကျင်းပသင့်လို့ထင်မြင်မိပါတယ်။ အခြားနိုင်ငံတွေမှာ ကျင်းပတဲ့ အဖေများနေ့ကို ဖော်ပြလိုက်ပါတယ်။
အမေရိကန် ၊ဗြိတိန်နဲ့ ကနေဒါတို့မှာတော့ အဖေများနေ့ဟာ ၁၉၆၆ ခုနှစ်မှာ အမျိုးသားနေ့ ပြုလုပ်ပြီးနောက် ဇွန်န်လ (၃) ရက် တနင်္ဂနွေနေ့မှာ စတင်ကျင်းပခဲ့ပါတယ်။  သြစတေးလျနဲ့ နယူးဇီလန်တို့မှာတော့ စက်တင်ဘာလရဲ့ ပထမဆုံး တနင်္ဂနွေနေ့မှာ ကျင်းပပါတယ်။ အခြားတိုင်းပြည်တွေကတော့ အဖေများနေ့ကို တစ်နှစ်ပတ်လုံး ကျင်းပပါတယ်။
နှစ်
အမေရိကန် ၊ဗြိတိန်နဲ့ ကနေဒါတို့မှာကျင်းပတဲ့ အဖေများနေ့
သြစတေးလျနဲ့ နယူးဇီလန်တို့မှာကျင်းပတဲ့ အဖေများနေ့
2010
June 20
September 5
2011
June 19
September 4
2012
June 17
September 2
2013
June 16
September 1
2014
June 15
September 7
2015
June 21
September 6
2016
June 19
September 4




ဖခင်တစ်ဦးရဲ့မေတ္တာ
 ဖခင်ဆိုတာ ဘယ်နေရာ၊ ဘယ်အချိန်ရောက်ရောက် သားသမီးရဲ့ အကျိုးတရားကိုသာ ရှေ့ရူကြည့်ပေးတတ်သူပါ။

နေလင်းအောင်
လယ်သမားတစ်ဦးဟာ အလွန်အိုမင်းလာတဲ့အတွက် လယ်မလုပ်နိုင်တော့ပါ။ ဒါကြောင့် သူဟာ အိမ်ရှေ့ဆင်ဝင်မှာထိုင်ရင်း တစ်နေ့လုံး အချိန်ဖြုန်းရပါတယ်။ သားဖြစ်သူကတော့ လယ်ကို ဆက်လက်လုပ်ကိုင်ရင်း အခါအခွင့်သင့်တိုင်း ဖခင်ကို ရှာဖွေကြည့်ရူ့ရာ ဆင်ဝင်မှာ ထိုင်နေကြောင်း တွေ့ရပါတယ်။ သားဖြစ်သူက တွေးနေမိတယ်။

တွေးတော ဆင်ခြင်စရာ ဘဝသင်ခန်းစာများ



နေလင်းအောင်
သင်ခန်းစာ (၁)
ဂျူနီယာ မန်နေဂျာ၊ စီနီယာ မန်နေဂျာနှင့် သူဌေးတို့သုံးဦးသည် အစည်းအဝေးတစ်ခုသို့သွားနေကြသည်။ပန်းခြံတစ်ခုကို ဖြတ်သန်းစဉ် အံ့ဖွယ်အာနိသင်များရှိသော မီးအိမ်တစ်လုံးကို တွေ့ရသည်။ မီးအိမ်ကို ပွတ်သပ်လိုက်သောအခါတွင် မီးအိမ်စောင့်နတ်ပေါ်လာသည်။
“ပုံမှန်အတိုင်းဆိုရင် လူတစ်ယောက်ကို ဆန္ဒသုံးမျိုးခွင့်ပြုတယ်။ ဒါပေမဲ့ ခင်ဗျားတို့က သုံးယောက်ဖြစ်နေတဲ့အတွက် တစ်ယောက်ကို ဆန္ဒတစ်ခုစီ ခွင့်ပြုမယ်” ဟု မီးအိမ်စောင့်နတ်က ပြောသည်။ စိတ်အားထက်သန်နေသော စီနီယာ မန်နေဂျာက ပထမဆုံး ဆန္ဒပြုပါသည်။
“ ဘရာမက်ကျွန်းဒေသကို အလွန်လျင်မြန်တဲ့ လှေတစ်စင်းနဲ့သွားပြီး မပူမပင် နေချင်ပါတယ်”
“ရစေ” ဟု မီးအိမ်စောင့်နတ်က ပြောလိုက်သောအခါ သူအလိုရှိသည့် အရာများ ရောက်ရှိလာပါသည်။
ထို့နောက် ဂျူနီယာ မန်နေဂျာက အော်ပြောပြန်သည်။
“ဖလော်ရီဒါဒေသမှာ လှပတဲ့ အမျိုးသမီးတွေနဲ့ အစာကောင်းတွေစားပြီး ကော့တေးအရက် အများကြီးသောက်ချင်ပါတယ်”
“ရစေ” ဟု မီးအိမ်စောင့်နတ်က ပြောလိုက်သောအခါ သူအလိုရှိသည့် အရာများ ရောက်ရှိလာပါသည်။
သူဌေးဖြစ်သူကတော့ တည်ငြိမ်စွာဖြင့် ပြောလာပါသည်။
“ဒီ အရူးနှစ်ယောက်ကို နေ့လည်စာစားပြီး (၁၂) နာရီ ၊ (၃၅) မိနစ်မှာ ရုံခန်းကို ပြန်ရောက်စေချင်ပါတယ်”
တွေးတောဆင်ခြင်စရာ ဘဝသင်ခန်းစာ
သူဌေးဖြစ်သူကိုပဲ အရင်ဆုံး စကားပြောခွင့် ပေးပါ။

သင်ခန်းစာ (၂)
အုပ်ချုပ်သူ ဒါရိုက်တာတစ်ယောက်သည် စက္ကူဖြတ်စက်ရှေ့တွင် စာရွက်တစ်ရွက်ကိုင်ရင်း အမူဆောင် အရာရှိငယ်တစ်ဦးအား ပြောလိုက်သည်။
“ဒီသက်သေခံစာရွက်က အလွန်အရေးကြီးတယ် ။ အတွင်းရေးမှုးက ဒါကို ဖြတ်ပေးဖို့ မေ့ကျန်နေခဲ့တယ်။ ခင်ဗျား ဖြတ်ပေးနိုင်မလား”

      ချမ်းသာတဲ့ ကုန်သယ်တစ်ဦးမှာ ဇနီးလေးဦးရှိခဲ့ပါတယ်။ သူဟာ စတုတ္ထမြောက်ဇနီးကို အချစ်ခင်ဆုံးဖြစ်ပြီး အကောင်းဆုံးအဝတ်အစားတွေ ဆင်ပေးကာ အကောင်းဆုံးအစားအစာတွေနဲ့ ကျွေးမွေးပြုစုပါတယ်။ သူဟာ သူမကို အထူးဂရုစိုက်ပြီး အကောင်းဆုံးအရာတွေကို လိုလေသေးမရှိ ပေးကမ်းပါတယ်။
        ကုန်သည်ကြီးက တတိယမြောက်ဇနီးကိုလည်း အလွန်ချစ်ပါတယ်။ သူမနဲ့ပတ်သက် ရင် အမြဲဂုဏ်ယူလေ့ရှိပြီး သူငယ်ချင်းမိတ်ဆွေတွေကို ကြွားဝါလေ့ရှိတယ်။ ဒါပေမဲ့ အခြားယောက်ျားတွေနဲ့ ထွက်ပြေးသွားမှာကိုတော့ ကုန်သည်ကြီး အထူးစိုးရိမ်နေမိတယ်။
   

Sunday, June 10, 2012

ကြေးမုံပြင်

လောကကြီးက သင်၏ကြေးမုံပြင်...
နေလင်းအောင်

 The Best English Magazine ၂၀၁၁ စက်တင်ဘာလတွင် ဖော်ပြပါရှိပြီး
                                                                                                         
           အခြားသူများမှာ သင်တွေ့မြင်ရတဲ့ ထူးကဲကောင်းမွန်မှုတွေဟာ သင့်ရဲ့ ကောင်းမွန်မှုလည်း ဖြစ်ပါတယ်။ အခြားသူများမှာ တွေ့မြင်နေရတဲ့ အပြစ်အနာတွေဟာ သင့်ရဲ့ အပြစ်အနာအဆာ လည်းဖြစ်ပါတယ်။ တကယ်တော့ တစ်စုံတစ်ရာ သဘောမပေါက်ခင် အဲ့ဒီအကြောင်း သိနေရပါမယ်။
        အခြားသူများမှာ သင်မြင်နေရတဲ့ဖြစ်နိုင်ခြေတွေဟာ သင်ရဲ့ဖြစ်နိုင်ခြေလည်း ဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ မြင်တွေ့ရတဲ့ အလှအပတွေဟာ သင့်ရဲ့ အလှအပလည်းဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်က လောကကြီးဆိုတာ သင်ဘယ်လိုလူစားလဲဆိုတာ ပြသနေတဲ့ ကြေးမုံပြင်တစ်ချပ်၊ ရောင်ပြန်ဟပ်မှုတစ်မျိုးပါ။


အကောင်းမြင်သဘောထား



Never listen to other people tendencies to be negative or pessimistic.... because they take your most wonderful dreams and wishes away from you- the ones you have in your heart!
အခြားသူတွေရဲ့ အဆိုးမြင်သဘောထားတွေကို ဘယ်တော့မှ နားမယောင်ပါနဲ့။ အကြောင်းကတော့ သူတို့ဟာ သင့်နှလုံးသားမှာရှိနေတဲ့ အံ့ဖွယ်ကောင်းမွန်တဲ့ သင့်စိတ်ကူးအိပ်မက်တွေ၊ စိတ်ဆန္ဒတွေကို ယူဆောင်သွားတတ်တဲ့အတွက်ကြောင့်ပါ။
 နေလင်းအောင်


တစ်ခါက အလွန်သေးငယ်တဲ့ ဖားတစ်အုပ်ဟာ အပြေးပြိုင်ပွဲကျင်းပဖို့ စီစဉ်နေကြတယ်။ ပန်းတိုင်ကတော့ အလွန်မြင့်မားတဲ့ မျှော်စင်ထိပ်ရောက်ရှိဖို့ပါ။ များပြားတဲ့ ပရိသတ်က ပြိုင်ပွဲကို ကြည့်ရူ့အားပေးရန် မျှော်စင်နား စုရုံးရောက်ရှိလာပါတယ်။
အပြေးပြိုင်ပွဲ စတင်ပါပြီ။ ပွဲကြည့်ပရိသတ် ဖားတွေဟာ ရိုးရိုးသားသား ပြောမယ်ဆိုရင်တော့ ဘယ်ဖားမှ မျှော်စင်ထိပ် ရောက်လိမ့်မယ်လို့ ယုံကြည်မထားကြပါဘူး။
“မျှော်စင်ထိပ် ဘယ်သူမှ ရောက်မှာမဟုတ်ပါဘူးကွာ။ အောင်မြင်ဖို့ အခွင့်အရေး တစ်ခုတောင်မရှိဘူး။ မျှော်စင်ကလည်း အလွန်မြင့်လွန်းတယ်လေ” စသည့်စကားသံများကိုပဲ ကြားနေရပါလိမ့်မယ်။

Sunday, June 3, 2012

စွန့် လွှတ်ခြင်း

 The fastest way to lose love is to hold on too tight, the best way to keep love is to give it -- WINGS! 
 မေတ္တာတရားဆုံးရှုံးဖို့ အမြန်ဆုံးနည်းလမ်းကတော့ တင်းကြပ်စွာဆုပ်ကိုင်ထားခြင်းပါ။
 မေတ္တာတရားတည်မြဲဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပျံသန်းထွက်ခွာဖို့ အတောင်ပံတွေ ပေးလိုက်ခြင်းပါပဲ။
နေလင်းအောင်


  “ဤစာမူသည် The Best English Magazine ၂၀၁၂ ဇန္နဝါရီလထုတ်တွင် ဖော်ပြပါရှိပြီး”

           တစ်ခါက မေတ္တာငတ်နေတဲ့ အထီးကျန် မိန်းကလေးငယ် တစ်ဦးရှိခဲ့တယ်။ တစ်နေ့မှာတော့ တောအုပ်ထဲလမ်းလျောက်စဉ်
အစာရေစာငတ်ပြတ်နေတဲ့ တေးဆိုငှက်နှစ်ကောင်ကို တွေ့ခဲ့တယ်။ သူမက ငှက်နှစ်ကောင်ကို အိမ်ယူလာပြီး သေးငယ်တဲ့ လှောင်ချိုင့်အိမ်လေးထဲ ထည့်လိုက်ပါတယ်။ မေတ္တာအပြည့်နဲ့ ပြုစုပျိုးထောင်ပေးတဲ့အတွက် ငှက်နှစ်ကောင်ဟာ အားကောင်းသန်မာစွာ ကြီးထွားလာခဲ့တယ်။ နေ့စဉ်နံနက်တိုင်း ငှက်နှစ်ကောင်က သာယာတဲ့သီချင်းသံနဲ့ နှုတ်ဆက်လေ့ရှိတယ်။ မိန်းကလေးကတော့ တေးဆိုငှက်တွေကို အလွန်ချစ်မြတ်နိုးခဲ့တယ်။ သူတို့ရဲ့ သီးချင်းသံတွေ ထာဝရတည်မြဲနေဖို့ အလိုရှိနေခဲ့တယ်။
          တစ်နေ့မှာတော့ မိန်းကလေးက လှောင်ချိုင့်အိမ်တံခါးကို ဖွင့်လိုက်မိတယ်။ ငှက်နှစ်ကောင်အနက် ပိုကြီးပြီး အားကောင်းတဲ့ ငှက်ဟာ လှောင်ချိုင့် အပြင်ထွက်ကာ ပျံသန်းလိုက်တယ်။ ငှက်ကလေး သူမအပေါ် ဝဲလှည့်ပျံသန်းနေစဉ် အလွန်စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေခဲ့တယ်။ငှက်ကလေး အဝေးကို ပျံသန်းထွက်ခွာပြီး နောက်တစ်ကြိမ် မတွေ့ရတော့မှာကို စိုးရိမ်ပုပန်နေတဲ့အတွက် ငှက်ကလေးနီးလာတဲ့အခါ အလောတကြီး ဖမ်းလိုက်တယ်။ ငှက်ကလေးကို ဖမ်းမိတဲ့အခါ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်တယ်။ ငှက်ကလေးကို အောင်မြင်စွာ ဖမ်းဆီးနိုင်တဲ့အတွက် သူမ အလွန်ပျော်ရွှင်နေခဲ့တယ်။ အဲဒီအချိန်မှာ ငှက်ကလေး မေ့မြောသွားတာကို ခံစားလိုက်ရတယ်။ သူမရဲ့ လက်ကိုဖြည်ပြီး အထိတ်တလန့်ကြည့်လိုက်တဲ့အခါ ငှက်ကလေးသေသွားကြောင်း တွေ့ရပါတယ်။ သူမရဲ့ မဆင်မခြင် တင်းကြပ်စွာဆုပ်ကိုင်ထားမှုကြောင့် ငှက်ကလေးသေသွားခဲ့ရတယ်။
          အခြားငှက်လေးကလည်း လှောင့်ချိုင့်အိမ်တံခါးနားမှာ ဒယီးဒယိုင် လျှောက်လှမ်းနေတာကို သူမတွေ့လိုက်တယ်။ ကြည်လင်ပြီး အပြာ ရောင်သန်းနေတဲ့ ကောင်းကင်ပြင်ထဲ ပျံသန်းထွက်ခွါလိုတဲ့ ငှက်ကလေးရဲ့ လွတ်မြောက်လိုမှု ဆန္ဒကို သူမ ခံစားလိုက်မိတယ်။ ငှက်ကလေးကို လှောင်ချိုင့်အိမ်တံခါးမှ ဆွဲထုတ်ကာ လေထုထဲသို့ ညင်ညင်သာသာ ပစ်လွှတ်လိုက်တယ်။ ငှက်ကလေးကတော့ သူမအပေါ်မှာ သုံးကြိမ်တိုင်အောင် ဝဲလှည့်ပျံသန်းတယ်။
        ငှက်ကလေးရဲ့ ပျော်ရွှင်မှုကို မိန်းကလေးက ဝမ်းပန်းတသာ စောင့်ကြည့်နေခဲ့တယ်။ သူမရဲ့ဆုံးရှုံးမှုနှင့် ပတ်သက်ပြီး နှလုံးသားမှာ ဝမ်းနည်းပူဆွေးမှု လုံးဝမရှိတော့။ ငှက်ကလေးကို ပို၍ ပျော်ရွှင်ဖို့ပဲ ဆန္ဒရှိတော့တယ်။ ငှက်ကလေးက သူမအနား ရုတ်တရက် ပျံသန်းလာပြီး သူမပုခုံးပေါ် ညင်သာစွာ နားလိုက်တယ်။ ငှက်ကလေး သီချင်းဆိုတဲ့အခါ သူ မကြား ခဲ့သမျှ အကောင်းဆုံးသံစဉ် ဖြစ်နေတော့တယ်။
           မေတ္တာတရားဆုံးရှုံးဖို့ အမြန်ဆုံးနည်းလမ်းကတော့ တင်းကြပ်စွာဆုပ်ကိုင်ထားခြင်းပါ။
           မေတ္တာတရားတည်မြဲဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပျံသန်းထွက်ခွာဖို့ အတောင်ပံတွေ      တပ်ဆင်ပေးလိုက်ခြင်းပါ။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
  Ref; Letting go by Dee Edgett, Source Unknown
ကျွန်တော်ရေးသားထားသည့် စာမူများ ဖတ်ရူ့လိုပါက www.nla2012.blogspot.comသို့ လာရောက်လည်ပတ်နိုင်ပါသည်။


မူရင်းအင်္ဂလိပ်စာ

                                                                      Letting Go
                                         Author: Dee Edgett

There was once a lonely girl who longed desperately for love. One day while she was walking in the woods she found two starving song birds. She took them home and put them in a small glided cage. She nurtured them with love and the birds grew strong. Every morning they greeted her with a marvellous song. The girl felt great love for the birds. She wanted their singing to last forever.
One day the girl left the door to the cage open. The larger and stronger of the two birds flew from the cage. The girl watched anxiously as he circled high above her. She was so frightened that he would fly away and she would never see him again that as he flew close, she grasped at him wildly. She caught him in her fist. She clutched him tightly within her hand. Her heart gladened at her sucess in capturing him. Suddenly she felt the bird go limp. She opened her hand stared in horror at the dead bird. Her desperate clutching love had killed him.
She noticed the other bird teteering on the edge of the cage. She could feel his great need for freedom. His need to soar into the clear, blue sky. She lifted him from the cage and tossed him softly into the air. The bird circled once, twice, three times.
The girl watched delighted at the bird's enjoyment. Her heart was no longer concerned with her loss. She wanted the bird to be happy. Suddenly the bird flew closer and landed softly on her shoulder. It sang the sweetest melody, she had ever heard.
The fastest way to lose love is to hold on too tight, the best way to keep love is to give it -- WINGS!

ပညာရှိတို့၏ စကားများ

နေလင်းအောင်

1.Remember that time is money.( Benjamin franklin)
အချိန်ဟာ ငွေကြေးဖြစ်ကြောင်း သတိရပါ။
2.I have not thoughts enough to think.(John Ford)
ကျွန်တော့်မှာ ဆင်ခြင်စဉ်းစားနိုင်လောက်အောင် တွေးခေါ်မှုမရှိသေးပါ။
3.We do not what we out ; what we out not, we do.(Arnold)
ကျွန်တော်တို့ဟာ မလုပ်သင့်တာတွေလုပ်ကြပြီး လုပ်သင့်တာတွေတော့ အလုပ်ကြပါဘူး။
4.A man must make his opportunity, as oft as find it.(Bacon)
လူတစ်ယောက်ဟာ အခွင့်အရေးရောက်လာတဲ့အချိန်မှာ ရအောင်ယူတတ်ရပါမယ်။
5.A fool sees not the same tree that a wise man sees.(Blake)
ပညာရှိတစ်ယောက် မြင်နေရတဲ့အပင်ကို လူမိုက်တစ်ယောက်က မမြင်ရပါဘူး
6.All is flux, nothing is stationary.(Heraclitus)
အရာအားလုံးပြောင်းလဲနေတယ်။ဘယ်အရာမှတည်မြဲခြင်းမရှိပါ။
7.Reading is to the mind while exercise is to the body.(Richard Steele)
လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်အတွက်ဖြစ်သလို စာဖတ်ခြင်းကလည်း စိတ်အတွက်ဖြစ်ပါတယ်။
8.The volume of nature is the book of knowledge.(Oliver Gold Smith)
သဘာဝတရားဟာ အသိပညာပေးတဲ့ စာအုပ်ကြီးပါ။
9.All men are liable to error.(J.Locke)
လူတိုင်း အမှားနှင့် မကင်းနိုင်ပါ။
နေလင်းအောင် ဘာသာပြန်ဆိုသည်။

Saturday, June 2, 2012

သူငယ်ချင်းဆိုတာ...

နေလင်းအောင်


သူငယ်ချင်းဆိုတာ…
မင်းကိုချစ်ခင်နှစ်သက်တဲ့သူ
ကောင်လေးတစ်ယောက်လည်းဖြစ်နိုင်တယ်
ကောင်မလေးတစ်ယောက်လည်းဖြစ်နိုင်တယ်။
ကြောင်လေးတစ်ကောင်…
ခွေးလေးတစ်ကောင်…
ကြွက်ဖြူလေးတစ်ကောင်လည်း ဖြစ်နိုင်တယ်။
သစ်တစ်ပင်ဆိုတာကလည်း အသွင်မတူတဲ့ သူငယ်ချင်းတစ်မျိုး
မင်းကိုစကားမဆိုပေမဲ့
မင်းကိုချစ်ခင်နှစ်သက်တယ်ဆိုတာတော့ မင်းသိတယ်။
ဘာကြောင့်လည်းဆိုရင်
မင်းကို ပန်းသီးတွေပေးတယ်…
သစ်တော်သီးတွေ…
ချယ်ရီသီးတွေ…
တစ်ခါတစ်ရံ ဒန်းစီးဖို့ နေရာလေးပေးလို့ပေါ့။
ချောင်းငယ်လေးတစ်စင်းဟာလည်း
ထူးထူးခြားခြားနည်းလမ်းတွေနဲ့
သူငယ်ချင်းတစ်ယောက်ဖြစ်နိုင်တယ်။
တစ်ဝုန်းဝုန်းအသံတွေနဲ့ တသွင်သွင် စကားဆိုနေတယ်။
မင်းမှာ စကားဆိုချင်စိတ်ကင်းမဲ့နေတဲ့အခါ
မင်းခြေချောင်းတွေကို အေးမြစေနိုင်သလို
သူနံဘေးမှာ  အေးအေးချမ်းချမ်း ထိုင်ခွင့်ပြုလေရဲ့။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; A Friend is Something Who Love You by Unknown

မျက်မမြင်လူများနှင့် ဆင်အကြောင်း

နေလင်းအောင်

  တစ်စုံတစ်ခုကို ရူမြင်ကြည့်ရူတဲ့အခါ ဘယ်တော့မှ နည်းလမ်းတစ်ခုတည်း
မရှိနိုင်ပါ။ ကြည့်ရူ့သူအပေါ်မူတည်ပြီး ရူထောင့်အမျိုးမျိုး၊ အဓိပ္ပါယ်အမျိုးမျိုး၊ နားလည်မှုအမျိုးမျိုး ရှိတတ်ကြပါတယ်။
          မျက်မမြင်များနှင့် ဆင်ပုံပြင်မှာ မူကွဲအမျိုးမျိုး ရှိပါတယ်။ ဒီပုံပြင်ဟာ ယဉ်ကျေးမှုအမျိုးမျိုး အထူးသဖြင့် တရုတ်၊ အာဖရိကနှင့် အိန္ဒိယတို့မှာ ပေါ်ပေါက်ခဲ့တဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်ပြီး
နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိခဲ့ပေပြီ။ ပုံပြင်အချို့မှာမျက်မမြင်သုံးယောက်၊ အချို့ကတော့ ငါးယောက်သို့မဟုတ် ခြောက်ယောက်အဖြစ် ပုံဖော်ကြပါတယ်။ ဒါပေမဲ့ ပြောကြားချင်တဲ့ သတင်းစကားကတော့ အတူတူပါပဲ။ အောက်ဖော်ပြပါ ပုံပြင်ကတော့ မျက်မမြင်ခြောက်ယောက်နဲ့ ဆင်အကြောင်းပါ။
           ဆင်ကိုမမြင်ဘူးတဲ့ မျက်မမြင်ခြောက်ယောက်က ဆင်ဟာ အလွန်ထူးဆန်းတဲ့
သတ္တဝါဆိုတာ ကြားရတဲ့အခါ ဘယ်လိုပုံသဏ္ဌန် ရှိတယ်ဆိုတာ ဆွေးနွေးကြပါတယ်။ ဒါကြောင့် မျက်မမြင်ခြောက်ယောက်က ဆင်ဟာ ဘယ်လိုပုံစံရှိတယ်ဆိုတာသိဖို့ ဆင်တစ်ကောင်ကို ရှာဖွေရန် သဘောတူကြပါတယ်။
           သိပ်မရှာလိုက်ရဘဲ အနီးအနားမှာရှိတဲ့ ဈေးတစ်ဈေးမှာ ဆင်တစ်ကောင်ကို သူတို့
တွေ့ရပါတယ်။ ပထမမြောက်မျက်မမြင်က ဆင်ဆီရောက်လာကာ ဘေးဘက်နံရံပြားကို စမ်းလိုက်မိတယ်။ သူဟာ သူငယ်ချင်းများကို " ငါ့အတွက်တော့ ဆင်ဟာနံရံတစ်ခုနဲ့ တူတယ်" လို့ ပြောလိုက်ပါတယ်။
          ဒုတိယမျက်မမြင်ကလည်း ဆင်ဆီရောက်လာကာ နှာမောင်းကို စမ်းလိုက်မိပါတယ်။
"မဟုတ်သေးဘူးကွ။ ဒါဟာ လုံးဝန်းပြီး ချွန်ထက်တယ်။ ဆင်ဆိုတာ လှန်နဲ့တူလိမ့်မယ်"
          တတိယမြောက်မျက်မမြင်ကလည်း စူးစမ်းလိုစိတ်ဖြစ်ပေါ်ကာ ဆင်ဆီရောက်လာပြီး
နှာမောင်းကို စမ်းလိုက်မိပါတယ်။ "ဟုတ်ပြီ... မင်းတို့နှစ်ယောက်ပြောတာ ငါသဘောမတူဘူး။ ငါကတော့ တွန့်လိမ်ကွေ့ကောက်နေတဲ့ အရာတစ်ခုကို စမ်းမိတယ်။ ဆင်ဆိုတာက မြွေနဲ့တူတယ်ဆိုတာ သေချာပါတယ်ကွာ"
          ဒီအချိန်မှာ စတုတ္ထမျက်မမြင်က တကယ့်ကို ဇဝေဇဝါ ဖြစ်သွားပါတယ်။ သူလည်း
ဆင်ဆီရောက်လာကာ ခြေထောက်ကို စမ်းလိုက်မိပါတယ်။ " မင်းတို့အားလုံးပြောနေတာ
လုံးဝအဓိပ္ပါယ်မရှိဘူး။ အကြောင်းကတော့ ဆင်ဆိုတာ သစ်ပင်တစ်ပင်နဲ့ တူတာ ရှင်းနေလို့ပဲ" လို့ သူကပြောလိုက်တယ်။
         ပဉ္စမမြောက်မျက်မမြင်လည်း စိတ်ရှုပ်သွားကာ ရှေ့သို့ထွက်လာပြီး ဆင်ရဲ့နားကို ဆုပ်ကိုင်လိုက်မိတယ်။ "မင်းတို့အားလုံး အရူးတွေပဲ။ ဆင်ဆိုတာ ယပ်တောင်လိုပါကွာ"
         ဒီအချိန်မှာ ဆဌမမြောက်မျက်မမြင်က ဆင်ဆီချည်းကပ်ကာ
အမြီးကိုစမ်းလိုက်မိတော့ သဘောမတူဘဲ ဝင်ပြောပြန်တယ်။ "မင်းတို့အားလုံး ပြောတာ
တစ်ခုမှမမှန်ဘူး။ ဆင်ဆိုတာ ကြိုးတစ်ချောင်းလိုပဲ"
          ဒီလိုနဲ့ မျက်မမြင်ခြောက်ယောက်က ဆင်ဟာ ဘယ်လိုပုံသဏ္ဌန်ရှိတယ်ဆိုတာ
ကိုယ်ပိုင်အတွေ့အကြုံပေါ်မူတည်ပြီး ဆက်လက်ငြင်းခုံကြပါတယ်။ ဒီငြင်းခုံမှုနဲ့ပတ်သက်ပြီး သူတို့အားလုံး ဘယ်တော့မှ မဖြေရှင်းနိုင်တော့ပါဘူး။ တစ်ဦးစီက မိမိစိတ်ကူးနဲ့ ဆုံးဖြတ်ချက်ချကြတယ်။ မည်သူမှ ဆင်တစ်ကောင်လုံးကို စမ်းမကြည့်သလို တစ်ဦးစီရဲ့ ရူထောင့်ကိုလည်း နားလည်ပေးမှုမရှိကြ။ မျက်မမြင်တစ်ယောက်စီက ဆင်ကို အမျိုးမျိုး
ရူမြင်ကြပြီး သူတို့ရူမြင်တဲ့ အပိုင်းတစ်ခုစီက မှန်ကောင်းမှန်နိုင်ပေမဲ့ တစ်ခုလုံးအနေနဲ့တော့ မှန်ကန်မှုမရှိပါ။
        တစ်စုံတစ်ခုကို ရူမြင်ကြည့်ရူတဲ့အခါ ဘယ်တော့မှ နည်းလမ်းတစ်ခုတည်း
မရှိနိုင်ပါ။ ကြည့်ရူ့သူအပေါ်မူတည်ပြီး ရူထောင့်အမျိုးမျိုး၊ အဓိပ္ပါယ်အမျိုးမျိုး၊ နားလည်မှုအမျိုးမျိုး ရှိတတ်ကြပါတယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; The Blind Men and the Elephant by Unknown

နိုင်ငံရပ်ခြား ဟာသများ(၄)




                                              ဖခင်မှန်းမသိတော့

               လူတစ်ဦးသည် နိုင်ငံခြားသို့ လေးနှစ်ခန့် အလုပ်သွားလုပ်ပြီးနောက်
သူ့ဇနီးနှင့် သားဖြစ်သူထံ ပြန်ရောက်လာပါသည်။ သားဖြစ်သူက သူ၏ဖခင်ကို
မမှတ်မိချေ။ သူ့အသက်မှာ လေးနှစ်ရှိနေပေပြီ။
             ဖခင်ဖြစ်သူက သူ့ဇနီးကို ကြင်ကြင်နာနာ ပြုံးပြပါသည်။ ထို့အချိန်တွင်
သားဖြစ်သူက သူ့မိခင်ထံသွားကာ တိုးတိုးလေး ပြောလိုက်ပါသည်။
            "မေမေ…ဒီလူကြီးကြည့်ရတာ မရိုးသားဘူး။ သတိထားနော်"
                                          အိမ်ထောင်ပြုတယ်ဆိုတာ
               သူငယ်ချင်းနှစ်ယောက် လမ်းမှာ တွေ့ဆုံကြသည်။ တစ်ယောက်က အခြားတစ်ယောက်ကိုမေးသည်။
               "အိမ်ထောင်ပြုရတာ ဘယ်လိုနေလဲကွ"
               "သိပ်ကောင်းတာပေါ့။ ဆယ့်ခြောက်နှစ်သားဘဝ ပြန်ရောက်သွားသလိုပဲ"
               "ဟုတ်ရဲ့လား"
               "ဟုတ်တာပေါ့။ ဆေးလိပ်သောက်ရင် အိမ်သာထဲသောက်ရတယ်။ အရက်ကိုလည်း
ခိုးကြောင်ခိုးဝှက် သောက်ရတယ်"
                                             ဒါပဲစဉ်းစားနေတာ
                  အသက်ကြီးကြီး လင်မယားစုံတွဲသည် နယူးယောက်မြို့သို့ ပထမဆုံးအကြိမ်
အလည်ရောက်လာကြသည်။ အဘွားကြီးထက် အဘိုးကြီးက မြင်သမျှကို
စိတ်ဝင်တစားကြည့်ပါသည်။ နောက်ဆုံးမှာတော့ အဘွားကြီးက
                "ယောက်ျားရေ…ရှင်ကောင်မလေးတွေကိုကြည့်တဲ့အကြည့်က အတော်ကို
ရှက်ဖို့ကောင်းပါတယ်။ လူတွေကတော့ ရှင့်ကို ပေါင်မမြင်ဖူးဘူးလို့
ထင်နေတော့မှာပဲ" ဟု ရေရွတ်လိုက်သည်။
                "ဟုတ်တယ်ကွ" ဟု အဘိုးကြီးက ပြုံးစိစိပြန်ပြောလိုက်သည်။
"ငါလည်း ဒါကိုပဲ စဉ်းစားနေတာပါ"
                                           အမိန့်နာခံတတ်ပုံ
                     ငယ်ရွယ်သော အရာရှိတစ်ဦးသည် ကျော်ကြားသော တပ်ရင်းတစ်ခုသို့
ရောက်ရှိသွားပါသည်။ အုပ်ချုပ်ရေးအရာရှိကြီးက သူ့ကို
ညွှန်ကြားချက်များပေးနေသည်။
                     "မင်း နှုတ်ခမ်းမွေး ထားရမယ်" ဟု သူက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
                      "ဟုတ်ကဲ့ပါဆရာ"
                     "ဒါပေမဲ့ ဟိုမှာရှိတဲ့ စစ်သားငါးယောက်လို ဖြစ်ကတတ်ဆန်းတော့ မရဘူးနော်။
ပုံမှန်နှုတ်ခမ်းမွေးပဲ ထားရမယ်"
                    "ဟုတ်ကဲ့ပါ ဆရာ"
                    သူတို့နှစ်ဦးလုံး ခဏတာမျှ တိတ်ဆိတ်သွားကြသည်။ ထို့နောက်တွင် အရာရှိငယ်က
ရိုရိုကျိုးကျိုး ပြန်မေးလိုက်ပါသည်။
                    "ဆရာရေ… အရောင်အတိအကျများ လိုဦးမလား"တဲ့။

နေလင်းအောင်
www.naylinaung1.blogspot.com
 

နိုင်ငံရပ်ခြားဟာသများ(၃)



   အတွေးမှား                   
ကိုလူချော  

တစ်ခါက ညားခါစ ဇနီးမောင်နှံနှစ်ဦးသည် သင်္ဘောပျက်သဖြင့် ကျွန်းတစ်ကျွန်းပေါ် ရောက်ရှိသွားသည်။ ဇနီးဖြစ်သူက သူမခင်ပွန်းကို အားကိုးတကြီးကြည့်ကာ မေးလိုက်သည်။
“ကျွန်မတို့ ဒီလိုထိုင်ပြီး အချိန်ဖြုန်းနေလို့ မဖြစ်သေးဘူး။ ဘာလုပ်ကြမလဲ ”
“ဟုတ်သားပဲ။ ငါ့မှာ စိတ်ကူးတစ်ခုရပြီကွ”
ဇနီးက ပျော်ရွှင်သွားပြီးနောက် သူ့ကိုမေးသည်။
“ဆိုစမ်းပါဦးရှင်”
“ဒီနေရာက မကြာမီ နေပူလာလိမ့်မယ်။ ငါတို့ ဟိုနားရွှေ့ပြီး ထိုင်ကြရအောင်နော်”
ဈေးကြီးတာဆိုလို့
ဟယ်ရီအမည်ရှိ ကောင်ကလေးသည် သူ့ကောင်မလေး မွေးနေ့အတွက် ဘာဝယ်ပေးရမည်ဆိုသည်ကို ဝေခွဲမရဖြစ်နေသည်။
“အို... ကျွန်မကို ဈေးကြီးတဲ့ တစ်နေရာရာ ခေါ်သွားပေါ့” ဟု သူ့ရည်းစားက ပြောသည်။
ထို့ကြောင့် သူသည် သူ့ရည်းစားအား ဓာတ်ဆီဆိုင်သို့ ပို့ဆောင်ပေးလိုက်သည်။
အလွယ်လေး
အတွေ့အကြုံ နုသေးသော ရဲအရာရှိနှစ်ဦးသည် လမ်းထဲတွင် လက်ပစ်ဗုံး သုံးလုံးတွေ့ရာ စခန်းသို့ ယူဆောင်သွားရန်ဆုံးဖြတ်လိုက်သည်။
“တစ်လုံးပေါက်သွားရင် ဘယ်လိုလုပ်မလဲ” ဟု အရာရှိငယ်က မေးသည်။
အခြားအရာရှိက စိတ်အေးလက်အေးဖြင့် “ ကိစ္စမရှိပါဘူးကွာ။ နှစ်လုံးပဲ တွေ့တယ်လို့ ပြောလိုက်မယ်လေ” ဟု ပြန်ပြောလိုက်သည်။
အထင်
လူတစ်ယောက်သည် ဗေဒင်ဆရာမထံသွားကာ ဖန်လုံးရှေ့တွင် ထိုင်ချလိုက်ပါသည်။
“ခင်ဗျားက ကလေးနှစ်ယောက် အဖေဆိုတာ ကျွန်တော် မြင်နေရတယ်” ဟု ဗေဒင်ဆရာက ပြောသည်။
“ဒါ ခင်ဗျားအထင်ပဲလေ။ ကျွန်တော်က ကလေးသုံးယောက် အဖေပါ” ဟု ထိုသူက ပြန်ပြောသည်။ ထိုအခါ ဗေဒင်ဆရာက ပြုံးလျက် ပြန်ပြောပါသည်။
“ဒါကလည်း ခင်ဗျားအထင်ပဲကိုး”
ကိုလူချော ဘာသာပြန်ဆိုသည်။

ပြောချင်ရာများ ပြောခဲ့ဖို့...