Wednesday, December 4, 2013

ပညာနှင့် ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်စွမ်း


(The Light of English Magazine, December, 2013)
တစ်ခါတုန်းက လမ်းဘေးမှာ အသားညှပ်ပေါင်မုန့်တွေ ရောင်းချနေတဲ့ လူတစ်ဦးရှိခဲ့တယ်။ သူဟာ စာမတတ်တဲ့အတွက်ကြောင့် ဘယ်တုန်းကမှ သတင်းစာ မဖတ်ခဲ့ပါဘူး။ သူဟာ နားထိုင်းတဲ့အတွက်ကြောင့် ရေဒီယိုလည်း နားထောင်ခြင်း မရှိခဲ့ပါဘူး။ သူဟာ မျက်စိမှုန်တဲ့အတွက်ကြောင့် ရုပ်မြင်သံကြားလည်း ကြည့်ရူ့ခဲ့ခြင်း မရှိပါဘူး။ 
ဒါပေမယ့် သူဟာ အသားညှပ်ပေါင်မုန့်တွေကို စိတ်အားထက်သန်စွာ ရောင်းချခဲ့တယ်။ သူ့ရဲ့ ရောင်းအားနဲ့ အကျိုးအမြတ်ဟာ မြင့်တက်လာခဲ့တယ်။ သူဟာ အသားတွေပိုမှာရင်း ပိုကြီးပြီး ပိုကောင်းတဲ့ မီးဖိုတစ်ခုကိုလည်း ဝယ်ယူခဲ့ပါတယ်။ 
သူ့ရဲ့စီးပွားရေး တိုးတက်လာနေစဉ် မကြာသေးမီက ဘွဲ့ရခဲ့တဲ့ သူ့သားဟာ ဖခင်ဖြစ်သူထံ လာရောက်ပူးပေါင်းပါတယ်။ အဲဒီနောက် ထူးခြားမှုတစ်ခု ဖြစ်ပွားခဲ့တယ်။ သားဖြစ်သူက မေးလိုက်ပါတယ်။ “ဖေဖေ…ကျွန်တော်တို့ တွေ့ကြုံလာရမယ့် စီးပွားရေးကျဆင်းမှုကို သတိမပြုမိဘူး မဟုတ်လား”ဖခင်ဖြစ်သူက ပြန်ပြောလိုက်ပါတယ်။ “သတိမပြုမိဘူး။ ဖေဖေကို ပြောပြပါလားကွ။” သားဖြစ်သူက ပြောပြပါတယ်။ “နိုင်ငံတကာ အခြေအနေတွေဟာ ဆိုးရွားနေပါတယ်။ ပြည်တွင်းအခြေအနေက ပိုပြီးတောင် ဆိုးသေးတယ်။ ကျရောက်လာမယ့် အခက်အခဲတွေအတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်။” 
သူ့သားဟာ ကောလိပ်တစ်ခုမှ ဘွဲ့ရလာခဲ့သည့်အပြင် သတင်းစာလည်းဖတ်၊ ရေဒီယိုလည်း နားထောင်တဲ့အတွက်ကြောင့် အများကြီး သိလိမ့်မယ်။  သားရဲ့အကြံပေးမှုကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူးလို့ ဖခင်ဖြစ်သူက တွေးလိုက်မိပါတယ်။ ဒါကြောင့် နောက်တစ်နေ့မှာ ဖခင်ဖြစ်သူဟာ အသားတွေနဲ့ပေါင်မုန့်မှာယူမှု လျှော့ချလိုက်ပြီး ဆိုင်းဘုတ်တစ်ခုလည်း ချိတ်ထားလိုက်တယ်။ ပြီးတော့ သူဟာ အလုပ်မှာလည်း စိတ်အားထက်သန်မှု မရှိတော့ပါဘူး။  
မကြာမီ သူ့ရဲ့အသားညှပ်ပေါင်မုန့်ဆိုင်မှာ လာဝယ်တဲ့လူတွေ နည်းနည်းလာတော့တယ်။ ပြီးတော့ ရောင်းချရမှုလည်း အလျင်အမြန် လျော့ကျလာခဲ့တယ်။ ဖခင်က သားဖြစ်သူကို ပြောလိုက်ပါတယ်။ “သားရေ…သားပြောတာ မှန်သားပဲ။ ဖေဖေတို့ ရောင်းအားကျနေပြီ။ ကြိုတင်ပြီး သတိပေးခဲ့တဲ့အတွက် သားကို ကျေးဇူးတင်ပါတယ်။”

ပုံပြင်ရဲ့ သင်ခန်းစာ

(၁) ကျွန်တော်တို့ဟာ အကြိမ်ပေါင်းများစွာပင် ကောင်းကောင်းမွန်မွန် အကဲဖြတ်နိုင်၊ ဥာဏ်မသုံးနိုင်ဘဲ တွေဝေနေတတ်ကြတယ်။

(၂) လူတစ်ယောက်ဟာ အသိဥာဏ် မြင့်မားနိုင်ပေမယ့် ညံ့ဖျင်းတဲ့ အကဲဖြတ်မှု ပြုလုပ်မိတတ်ပါတယ်။

(၃) သင့်ရဲ့ အကြံပေးသူတွေကို ဂရုတစိုက်ရွေးချယ်ပြီး ကိုယ်တိုင် ချင့်ချိန် အကဲဖြတ်လိုက်ပါ။

(၄) လူတစ်ယောက်မှာ (5 Cs )ရှိမယ်ဆိုရင် ပညာတတ်သည့်ဖြစ်စေ၊ ပညာမတတ်သည့်ဖြစ်စေ အောင်မြင်နိုင်ပါတယ်။ ဒါတွေကတော့ (Character) အရည်အချင်း၊ (Commitment) တာဝန်ယူခြင်း၊ (Conviction) ခိုင်မာတဲ့ ခံယူချက်၊ (Courtesy )စိတ်စေတနာနဲ့ (Courage) ရဲရင့်ခြင်းတို့ပါပဲ။
 

(၅) ဝမ်းနည်းဖွယ်ကောင်းတာကတော့ ကျရှုံးမှု တွေ့ကြုံနေရတဲ့လူတွေအတွက် လက်ကိုင်တောင်ဝှေးအဖြစ် အသုံးပြုနိုင်တဲ့ စွယ်စုံကျမ်းတွေ အများကြီးရှိနေတယ်ဆိုတာ မသိရှိခြင်းပါပဲ။
  
Educational and Good Judgment
Written by Krishna Khanna
There is a story about a man who sold hot dogs by the roadside. He was illiterate, so he never read newspapers. He was hard of hearing, so he never listened to the radio. His eyes were weak, so he never watched television.

But enthusiastically, he sold lots of hot dogs. His sales and profit went up. He ordered more meat and got himself a bigger and a better stove.

As his business was growing, the son, who had recently graduated from college, joined his father. Then something strange happened. The son asked, "Dad, aren't you aware of the great recession that is coming our way?"

The father replied, "No, but tell me about it." The son said, "The international situation is terrible. The domestic is even worse. We should be prepared for the coming bad time."

The man thought that since his son had been to college, read the papers, and listened to the radio, he ought to know and his advice should not be taken lightly. So the next day, the father cut down his order for the meat and buns, took down the sign and was no longer enthusiastic.

Very soon, fewer and fewer people bothered to stop at his hot dog stand. And his sales started coming down rapidly. The father said to his son, "Son, you were right. We are in the middle of a recession. I am glad you warned me ahead of time."

What is the moral of the story?

1. Many times we confuse intelligence with good judgment.

2. A person may have high intelligence but poor judgment.

3. Choose your advisers carefully and use your judgment.

4. A person can and will be successful with or without formal education if they have the 5 Cs: Character, Commitment, Conviction, Courtesy, Courage

5. The tragedy is that there are many walking encyclopedias who are living failures.
နေလင်းအောင်
http://naylinaung1.blogspot.com/







Tuesday, December 3, 2013

ဘဏ်စာအုပ်ထဲက အောက်မေ့ဖွယ်ရာ





(Global English Magazine,Dwcember 2013)
ဒီနေ့ သူမ သူ့ကို လက်ထပ်ခဲ့ပါတယ်။ မင်္ဂလာပွဲ ပြီးဆုံးတဲ့အခါ သူမအမေက ဒေါ်လာတစ်ထောင်ပါတဲ့ ဘဏ်စာအုပ် အသစ်စက်စက်တစ်အုပ်ကို ပေးခဲ့ပါတယ်။
အမေက သူမကို ပြောတယ်။ “ချစ်သမီးရေ…ဒီဘဏ်စာအုပ်လေး ယူထားပါ။ ဒီစာအုပ်ကို လက်ထပ်မှုဘဝရဲ့ မှတ်တမ်းတစ်ခုအဖြစ် သိမ်းထားပါ။ ဘဝသစ်မှာ တစ်ခုခု ဖြစ်ပျက်တဲ့အခါ၊ အမှတ်တရတွေ တွေ့ကြုံရတဲ့အခါ ဘဏ်စာအုပ်ထဲ ငွေအချို့ထည့်လိုက်ပါ။ ငွေတွေရဲ့ဘေးမှာ ဘာကြောင့်စုရတယ်ဆိုတာ ရေးမှတ်ထားပါ။ အဖြစ်အပျက်က ပိုပြီး အမှတ်ရဖွယ် ဖြစ်နေမယ်ဆိုရင် ငွေပိုပြီး ထည့်ဝင်နိုင်ပါတယ်။ ဒီနေ့ သမီးအတွက် ပထမဆုံးအဖြစ် အမေကိုယ်တိုင် ထည့်ဝင်ပေးထားတယ်။ ကျန်တာတွေတော့ သမီးယောက်ျားနဲ့ တိုင်ပင်ဆောင်ရွက်လိုက်ပါ။ နှစ်တွေကုန်ဆုံးသွားလို့ ဘဏ်စာအုပ်ကို ပြန်ကြည့်မိတဲ့အခါ သမီးတို့နှစ်ယောက် ဘယ်လောက်တောင် ပျော်ရွှင်ခဲ့ရတယ်ဆိုတာ သိလာလိမ့်မယ်”
သူမက အိမ်ရောက်တဲ့အခါ ယောက်ျားဖြစ်သူကို ပြန်ပြောပြခဲ့ပါတယ်။ ဒါဟာ အတော်ကောင်းတဲ့ စိတ်ကူးတစ်ခုပဲလို့ သူတို့နှစ်ဦးလုံး တွေးမိသလို နောက်ထပ်ထည့်ဝင်ဖို့ မစောင့်နိုင်တော့လောက်အောင် ဖြစ်နေခဲ့ရပါတယ်။ အချိန်အတန် ကြာတဲ့အခါ ဘဏ်စာအုပ်ထဲမှာ အောက်ပါအတိုင်း ဖြစ်လာပါတယ်။
-ဖေဖော်ဝါရီလ (၇)ရက်: (၁၀၀) ဒေါ်လာ….လက်ထပ်ပြီးနောက် ခင်ပွန်းရဲ့ ပထမဆုံး မွေးနေ့ပွဲ
-မတ်လ (၁)ရက်:         (၃၀၀) ဒေါ်လာ…ဇနီးရဲ့ လစာ တိုးမှု
-မတ်လ (၂၀)ရက်:       (၂၀၀) ဒေါ်လာ…ဘာလီသို့ ပျော်ပွဲစားခရီး
-ဧပြီလ (၁၅)ရက်:      (၂၀၀၀)ဒေါ်လာ…ဇနီး ကိုယ်ဝန်ရှိ
-ဇွန်လ (၁)ရက်:        (၁၀၀၀)ဒေါ်လာ…ခင်ပွန်း ရာထူးတိုး
အစရှိသည်ဖြင့်…
ဒါပေမယ့် နှစ်တွေကုန်ဆုံးလာတဲ့အခါ သူတို့ဟာ အသေးအဖွဲ့လေးတွေနဲ့ပတ်သက်ပြီး စကားများ ရန်ဖြစ်လာရတယ်။ သူတို့ စကားအများကြီး မပြောဖြစ်ကြတော့ပါဘူး။ လောကကြီးမှာရှိတဲ့ မနှစ်မြို့ဖွယ်အကောင်းဆုံးသူကို လက်ထပ်ထားခဲ့မိတယ်ဆိုပြီး သူတို့နှစ်ယောက်လုံး နောင်တရလာကြတယ်။ သူတို့မှာ မေတ္တာတရားတွေ မရှိကြတော့ပါဘူး။
တစ်နေ့မှာတော့ ဇနီးဖြစ်သူက သူမမိခင်ကို ပြောလိုက်ပါတယ်။ “မေမေ…ကျွန်မတို့ အတူမနေနိုင်တော့ဘူး။ ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ကြပြီ။ ဒီလိုလူမျိုးကို ဘယ်လိုလုပ်ပြီး လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့မိတယ်ဆိုတာ စဉ်းစားလို့ကို မရဘူး”
သူမအမေက ပြန်ပြောပါတယ်။ “ဒါက အသေးအဖွဲ့ပါ။ သမီးသာ သည်းမခံနိုင်တော့ဘူးဆိုရင် သမီးဆန္ဒအတိုင်း လုပ်လိုက်ပါ။ ဒါပေမယ့် သမီးဆန္ဒအတိုင်း မပြုလုပ်မီ တစ်ခုတော့ ပြုလုပ်စေချင်ပါတယ်။ လက်ထပ်တဲ့နေ့က သမီးကို မေမေပေးလိုက်တဲ့ ငွေစုဘဏ်စာအုပ်ကို သတိရသေးလား။ အရင်ဆုံး အဲဒီငွေအားလုံး ထုတ်သုံးလိုက်ပါ။ ဒီလောက်ဆိုးရွားတဲ့ လက်ထပ်မှုက အမှတ်တရတွေ တစ်ခုမှ သမီးဆီမှာ မရှိသင့်တော့ပါဘူး။
သမီးက မိခင်ရဲ့စကားကို သဘောတူလိုက်ပါတယ်။ သူမက ဘဏ်ဆီသွားပြီး ဘဏ်အကောင့်ကို ပယ်ဖျက်ဖို့ လူတန်းထဲ စောင့်နေလိုက်ပါတယ်။ သူမစောင့်နေစဉ် ငွေစုစာအုပ်ထဲက မှတ်တမ်းတွေကို ကြည့်လိုက်မိပါတယ်။ သူမ အကြိမ်ကြိမ် အခါခါ ဖတ်ကြည့်လိုက်မိတယ်။ အဲဒီနောက် အတိတ်တစ်ချိန်က ပျော်ရွှင်ဖွယ်အမှတ်တရအားလုံး သူမ စိတ်ထဲ ပြန်ရောက်လာခဲ့ပါတယ်။ သူမမျက်လုံးမှာ မျက်ရည်တွေနဲ့ ပြည့်လျံလာခဲ့ပါတယ်။ သူမ ဘဏ်ကထွက်ပြီး အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်တဲ့အချိန်မှာ ခင်ပွန်းဖြစ်သူကို ဘဏ်စာအုပ်ပေးလိုက်ပြီး မကွာရှင်းမီ ငွေတွေထုတ်သုံးလိုက်ဖို့ ပြောလိုက်ပါတယ်။
နောက်တစ်နေ့မှာ ခင်ပွန်းဖြစ်သူက ဘဏ်ဆီသွားပြီး ဘဏ်အကောင့်ကို ပယ်ဖျက်ပစ်ဖို့ လူတန်းထဲ စောင့်နေလိုက်ပါတယ်။ သူစောင့်နေစဉ် ငွေစုစာအုပ်ထဲက မှတ်တမ်းကို ကြည့်လိုက်မိပါတယ်။ သူဟာ အကြိမ်ကြိမ်အခါခါ ဖတ်ကြည့်လိုက်မိတယ်။ အဲဒီနောက် အတိတ်တစ်ချိန်က ပျော်ရွှင်ဖွယ်အမှတ်တရာအားလုံး သူ့စိတ်ထဲ ပြန်ရောက်လာခဲ့ပါတယ်။ သူ့မျက်လုံးမှာ မျက်ရည်တွေနဲ့ ပြည့်လျံလာခဲ့ပါတယ်။ သူဟာ ဘဏ်ကနေထွက်ခွာပြီး အိမ်ပြန်လာခဲ့တယ်။
သူဟာ ဘဏ်စာအုပ်ကို ဇနီးဖြစ်သူထံ ပြန်ပေးလိုက်ပါတယ်။ နောက်ထပ် ဒေါ်လာ (၅၀၀၀) ထည့်ဝင်မှုကို သူမ တွေ့မြင်လိုက်ပါတယ်။ ငွေရဲ့ဘေးမှာက “ဒီနှစ်တွေအတွင်းမှာ မင်းကို ဘယ်လောက်တောင် ချစ်ခဲ့တယ်ဆိုတာ ကိုယ် သိမြင်လာတဲ့ နေ့ဖြစ်တယ်”ဆိုတဲ့ မှတ်တမ်းစာလေး ရေးထားပါတယ်။
ငွေစုစာအုပ်ကို လုံခြုံရာနေရာ ပြန်ထားပြီးနောက် သူတို့နှစ်ဦးဟာ သိုင်းဖက်ရင်း ငိုလိုက်မိကြတော့တယ်။
နေလင်းအောင်
www.naylinaung1.blogspot.com

Passbook of Memories

She married him today.At the end of the wedding party, her mother gave her a newly opened bank savings passbook, with $1000 deposited in it.
She told her, “My dear daughter, take this passbook. Keep it as a record of your married life. Whenever something happy and memorable happens in your new life, put some money in. Write down what it’s about next to the amount. The more memorable the event is, the more money you can put in. I’ve done the first one for you today. Do the others with your husband. When you look back after years, you will know how much happiness you’ve both shared.’
She shared this with him after getting home. Both of them thought it was a great idea and couldn’t wait to make the next deposit! This is what the passbook looked like after a while:
- 7 Feb: $100, his first birthday celebration after marriage
- 1 Mar: $300, she gets a salary raise
- 20 Mar: $200, vacation to Bali
- 15 Apr: $2000, She’s pregnant!
- 1 Jun: $1000, He gets the big promotion
and so on…
However, as the years went by, they began fighting and arguing over trivial things. They didn’t talk much. They regretted that they had married the most nasty person in the world…There was no more love.
One day she talked to her Mother. ‘Mom, we can’t stand it anymore. We have decided to divorce. I can’t imagine how I decided to marry this guy!’
Her mother replied, ‘Sure, that’s no big deal. Just do whatever you want, if you really can’t stand it. But before that, do one thing. Remember the savings passbook I gave you on your wedding day? Take out all money and spend it first. You shouldn’t keep any record of such a poor marriage.’
She agreed with her. So she went to the bank, and was waiting in the queue to cancel the account. While she was waiting, she took a look at the passbook record. She looked, and looked, and looked. Then the memory of all the previous joyful moments came back to her. Her eyes were filled with tears. She left and went home.
When she got home, she handed the passbook to him and asked him to spend the money before getting divorced.
So the next day, he went to the bank, and was waiting in the queue to cancel the account. While he was waiting, he took a look at the passbook record. He looked, and looked, and looked. Then the memory of all the previous joyful moments came back to him. His eyes were filled with tears. He left and went home.
He gave the passbook back to her. She found a new deposit of $5000. And a line next to the record: ‘This is the day I realized how much I’ve loved you throughout all these years. How much happiness you’ve brought me.’
They hugged and cried, putting the passbook back into the safe.
–Written by ANONYMOUS









Monday, November 4, 2013

ချစ်သူ့အတွက် ဆိုလျှင်




(English for All Magazine,November, 2013)
အမျိုးသမီးတစ်ဦးဟာ နှစ်နှစ်ကာကာ ချစ်နေရတဲ့ ချစ်သူနဲ့ မတွေ့ဆုံရတာ အချိန်အတော်ကြာခဲ့ပြီမို့ အလွန်အမင်း လွမ်းဆွတ်နေရပါတယ်။ သူမမှာ ချစ်ခင်ရတဲ့ ဆရာမတစ်ဦးလည်းရှိပြီး၊ ဆရာမနဲ့ နောက်တစ်ကြိမ်တွေ့ဆုံကာ သင်ခန်းစာအသစ် ပို့ချပေးမဲ့ အချိန်ကို စောင့်မျှော်နေမိပါတယ်။
ဆရာမနဲ့ တွေ့ဆုံရမည့်နေ့ ရောက်တဲ့အခါ  ပျော်စရာတစ်ခုခု တွေ့ဆုံရဖို့ မျှော်လင့်လျှက် သူမဟာ ဆရာမဆီသွားပြီး စိတ်အားထက်သန်စွာ နှုတ်ဆက်စကား ပြောဆိုလိုက်တယ်။ ဆရာမက သူမကို ကြိုဆိုပြီး လတ်ဆတ်မှည့်ဝင်းနေတဲ့ စတော်ဘယ်ရီသီး ခြင်းတစ်ခြင်းကို ပေးကမ်းလိုက်ပါတယ်။ အဲဒီနောက် ဆရာမက “ဟိုတောင်ကြီး တွေ့မြင်ရလား”လို့ မေးလိုက်ပါတယ်။
အမျိုးသမီးလေးက အနီးအနားမှာ တောင်ကြီးတစ်တောင်ကို တွေ့တော့ တွေ့မြင်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဆရာမက “ဒီစတော်ဘယ်ရီသီး ခြင်းတောင်းကို ယူပြီး အဲဒီတောင်ပေါ် တက်သွားပါ”  လို့ပြောဆိုပြီး ထွက်ခွာသွားပါတယ်။
အမျိုးသမီးလေးက ဆရာမရဲ့စကားကို မကန့်ကွက်ရဲသလို စောဒကလည်း မတက်ရဲပါဘူး။ ဆရာမကလည်း ထွက်သွားခဲ့ပြီပဲလေ။ သူမဟာ စိတ်မပါတပါဖြင့် ခြင်းတောင်းကို မယူပြီး တောင်အမြင့်ကြီးဆီ စတင်လျှောက်လှမ်းပါတော့တယ်။ သူမဟာ ခက်ခဲကြမ်းတမ်းတဲ့ လမ်းလေးအတိုင်း ဖြေးဖြေးမှန်မှန်တက်ရင်း “ ဒီတာဝန်က ဘာအကြောင်းအရာလဲ။ သူမ ဘာဖြစ်လို့ ဒါကို လုပ်ကိုင်နေရတာလဲ။ သင်ခန်းစာက ဘာလဲ။ ဆရာမ အသင်များ မှားသွားသလား” စသည်ဖြင့် တွေးလိုက်မိပါတယ်။ သူမဟာ မကြာခဏ ခလုတ်တိုက်လဲမိပြီး၊ ကျောပေါ်က နေကလည်း ပူလောင်လွန်းတယ်လို့ ညည်းတွားရင်း စတော်ဘယ်ရီခြင်းဟာ ပိုပြီးလေးလံလာတယ်လို့ ခံစားမိလိုက်ပါတယ်။ သူမရဲ့ ရုန်းကန်လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းအားပေးနိုင်မဲ့ အရာ တစ်ခုခုကို မတွေ့မြင်နိုင်ခဲ့ပါဘူး။
အနောက်ဘက်မှာ နေ၀င်ခါနီးတော့ သူမဟာ တောင်ထိပ်ထိ တက်ရောက်နိုင်ခဲ့ပြီး လှပတဲ့ ပန်းတွေနဲ့ ပြည့်နေတဲ့ ကွင်းပြင်ကြီးထဲ ရောက်လာခဲ့ပါတယ်။ သူမ တောင်ပေါ်တက်ရောက်နိုင်ခဲ့ပြီပဲလေ။ ဒါ့အပြင် စတော်ဘယ်ရီခြင်းဟာလည်း အထိအခိုက် အပျက်အစီး မရှိခဲ့ပါဘူး။ လက်ရာမြောက်အောင် ပြုလုပ်ထားတဲ့ သစ်သီးအားလုံးနဲ့ လမ်းခရီးကို ဘေးမသီ ရန်မခ ရောက်နိုင်ခဲ့ပါတယ်။
အမျိုးသမီးလေးက ကွင်းပြင်ကြီးထဲ လှမ်းကြည့်လိုက်တော့ သူမဆီ လျှောက်လှမ်းလာတဲ့ ချစ်သူကို တွေ့မြင်လိုက်ပါတယ်။ သူဟာ ချစ်ရည်ရွှမ်းသော အကြည့်တွေ၊ နှစ်လိုဖွယ်ကောင်းသော အပြုံးတွေဖြင့်  သူမကို စိုက်ကြည့်နေခဲ့ပါတယ်။
ပုံပြင်ပြောသူက ပုံပြင်ကို အဆုံးသတ်လိုက်ချိန်မှာ အမျိုးသမီးလေးရဲ့ အတွေးအချို့ကို ပြောပြရင်း ကျွန်တော်တို့ကို သင်ကြားပြသပေးပါတယ်။ “ချစ်သူ့အတွက် စတော်ဘယ်ရီသီးတွေ သယ်ဆောင်သွားရတာလို့ ကြိုတင်ပြီး သိခဲ့မယ်ဆိုရင်၊ ဒီခရီးလမ်းဟာ ချစ်သူ့ဆီသွားရာ ခရီးလမ်းပဲလို့ ကြိုတင်ပြီး သိခဲ့မယ်ဆိုရင် ဇဝေဇ၀ါ ဖြစ်မိမှာ မဟုတ်သလို အလွန်းအမင်း အားအင်ကုန်ခမ်းပြီး ညည်းညူ မိမှာလည်း မဟုတ်ပါဘူး။ တက်ရောက်နေတဲ့ တောင်ရဲ့ အလှအပကိုလည်း သတိမပြုဘဲ နေမိမှာမဟုတ်ပါဘူး။”
နေလင်းအောင်
www.naylinaung1.blogspot.com 

 

In Love With Her Beloved 
 by Unknown

A young woman, deeply in love with her beloved, had not seen him for some time, and was missing him greatly. She also had a teacher whom she loved, and looked forward to the day when they would meet again and she would receive her next teaching.

The day came, and she went eagerly to greet the teacher, hoping also perhaps for a blessing. The teacher welcomed the woman, and handed her a huge basket of freshly picked, perfectly ripened strawberries. Then the teacher said, "Do you see that mountain?"

The woman said yes, she saw the huge rocky peak nearby. The teacher said, "Carry this basket of strawberries up that mountain." And turned away.

The woman couldn't protest, or even question. The teacher was gone. Reluctantly, she hefted the basket into her arms and turned her steps to the high mountain. Slowly she wound her way up the difficult path, wondering what this assignment was about, why she had to do this, what was the teaching, maybe she had come to the wrong teacher, and so on and on. Grousing and grumbling, stumbling now and again, feeling the sun burn hot on her back, the basket of strawberries growing heavy and cumbersome, she nevertheless found something inside that kept her struggling upward.

Finally, as the sun was moving deep into the west, she came to the top of the mountain, and found herself standing in a beautiful, peaceful, flower-filled meadow. She had made it! Furthermore, the basket of strawberries was intact. All the exquisite fruit had made the journey without harm.

The woman looked across the meadow, and saw her beloved moving toward her, gazing at her with eyes of profound love and a smile of sweet welcome.

When the storyteller came to the end of the tale, he added to the teaching by telling us some of the woman's thoughts: "If I had only known that the strawberries were for the Beloved, that the journey was toward my Beloved, I would not have been so fussy or puzzled or grown so weary, or complained so much, or failed to notice the beauty of the mountain I was climbing."


       

Friday, October 25, 2013

ဘဝရဲ့ ဥတုများ


ဘဝတစ်ချိန်ချိန်မှာ ခက်ခဲကြမ်းတမ်းတတ်တယ်။

ဘဝတစ်ချိန်ချိန်မှာ အဆင်ပြေချောမွေ့တတ်တယ်။

ခက်ခဲသည့်ဖြစ်စေ၊ ချောမွေ့သည့်ဖြစ်စေ…
သူတို့ဟာ ဘဝရဲ့ ဥတုများသာဖြစ်တယ်။

ဒီရာသီဥတုတွေကို သင်ဘယ်လို ကိုင်တွယ်စီမံသလဲဆိုတဲ့ အချက်ပေါ်မူတည်ပြီး

ခက်ခဲမှု၊ ချောမွေ့မှုဆိုတာ ဖြစ်ပေါ်လာရတာပါ။


Life at any time can become difficult.

 Life at any time can become easy.

Good or bad, they are just seasons of life.

It all depends upon,

how you take on life, and adjust to these seasons.


နေလင်းအောင်
 
(The Best English Magazine, November 2013 တွင် ဖော်ပြပါရှိပြီး)

တစ်ခါက လူတစ်ဦးမှာ သားလေးဦးရှိခဲ့တယ်။ သူဟာ သားတွေကို အရာရာတိုင်း အလျှင်အမြန် ဆုံးဖြတ်ချက်မချဖို့ သင်ခန်းစာ ပေးချင်ခဲ့တယ်။ ဒါကြောင့် အလွန်ဝေးကွာတဲ့ နေရာတစ်နေရာရှိ သစ်တော်သီးပင်ကို သွားရောက်ကြည့်ရူ့ဖို့ သားတွေကို တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ စေလွှတ်လိုက်ပါတယ်။
ပထမမြောက်သားက ဆောင်းရာသီ၊ ဒုတိယသားက နွေဦးရာသီ၊ တတိယသားက နွေရာသီ၊ အငယ်ဆုံးသားက သစ်သီးကြွေချိန်မှာ သွားခဲ့ကြတယ်။
သားတွေအားလုံး သွားပြီးလို့ ပြန်ရောက်တဲ့အခါ ဖခင်ဖြစ်သူက သူတို့အားလုံးကို ခေါ်လိုက်ပြီး မြင်ခဲ့ရသမျှကို ပြန်ပြောပြစေပါတယ်။
ပထမမြောက်သားက သစ်ပင်ဟာ အလွန်အရုပ်ဆိုးပြီး ကွေ့ကောက်တွန့်လိမ် နေပါတယ်တဲ့။ ဒုတိယသားက “မဟုတ်ဘူး”လို့ ပြန်ပြောရင်း သစ်ပင်ကြီးဟာ အစိမ်းရောင်အဖူးတွေ၊ ကောင်းမွန်တဲ့ လက္ခဏာတွေနဲ့ ပြည့်နက်နေပါတယ်တဲ့။
တတိယသားက သဘောမတူဘဲ သစ်ပင်ကြီးဟာ အလွန်အရသာရှိမဲ့ သစ်သီးတွေနဲ့ လှပနေတဲ့အတွက်ကြောင့် သူမြင်ခဲ့ဖူးသမျှ စွဲမက်ဖွယ်အကောင်းဆုံး အရာတစ်ခုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
အငယ်ဆုံးသားက သူတို့အားလုံးရဲ့အဆိုကို လုံးဝသဘောမတူဘဲ သစ်ပင်ကြီးဟာ သစ်သီးတွေ ရင့်မှည့်ကြွေကျနေပြီး အပင်ပေါက်လေးတွေ အပြည့်အဝနဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနေပါတယ်တဲ့။
ဖခင်ဖြစ်သူက သားအားလုံး မှန်ကန်ကြောင်း ရှင်းပြပါတယ်။ အကြောင်းရင်းက သူ့သားတွေကို သစ်ပင်တစ်ပင်ရဲ့ဘဝနဲ့ပတ်သက်ပြီး မတူညီကွဲပြားတဲ့ ရာသီတစ်ခုစီမှာ သွားရောက်ကြည့်ရူ့ဖို့ စေလွှတ်လိုက်တဲ့အတွက်ကြောင့်ပါတဲ့။
သူက သားတွေကို ပြောပါသေးတယ်။
သစ်ပင်တစ်ပင်၊ ဒါမှမဟုတ် လူတစ်ဦးကို မတူညီတဲ့ ရာသီတစ်ခုကိုကြည့်ပြီး ဆုံးဖြတ်ချက် မချပါနှင့်။ သူတို့ရဲ့ ဖြစ်တည်မှုအနှစ်သာရ ဆိုလိုတာကတော့ သူတို့ဘဝမှာ ဖြစ်ပေါ်လာတဲ့ ကျေနပ်မှု၊ ပျော်ရွှင်မှု၊ မေတ္တာတရားဆိုတဲ့ အရာတွေကို ရာသီအားလုံးကုန်ဆုံးတဲ့ အဆုံးသတ်အချိန်ကာလမှသာ ဆုံးဖြတ်ချက် ချနိုင်တာပါတဲ့။
ဆောင်းရာသီမှာ ရောက်သွားတဲ့အခါ နွေဦးရာသီရဲ့ အလားအလာကောင်းတွေ၊ နွေရာသီရဲ့ အလှအပတွေ၊ ဆောင်းဦးရာသီရဲ့ ဖြည့်ဆည်းပေးမှုတွေကို တွေ့မြင်ရမည်မဟုတ်ပါ။
သင်ခန်းစာ
ရာသီတစ်ခုရဲ့ နာကျင်ခံစားမှုတွေက ကျန်ရာသီတွေရဲ့ ပျော်ရွှင်မှုကို မဖျက်စီးပါစေနှင့်။ ဘဝမှာလည်း ခက်ခဲကြမ်းတမ်းခဲ့တဲ့ ကာလတွေကို သည်းခံကြိုးစားလိုက်ပါ။ ပိုကောင်းတဲ့ကာလတွေ အနှေးနှင့်အမြန် ရောက်လာမယ်ဆိုတာ အသေအချာပါပဲ။
နေလင်းအောင်


 The Seasons of Life


Author Unknown

There was a man who had four sons. He wanted his sons to learn not to judge things too quickly. So he sent them each on a quest, in turn, to go and look at a pear tree that was a great distance away.

The first son went in the winter, the second in the spring, the third in summer, and the youngest son in the fall. When they had all gone and come back, he called them together to describe what they had seen.

The first son said that the tree was ugly, bent, and twisted. The second son said, "no - it was covered with green buds and full of promise". The third son disagreed; he said it was laden with blossoms that smelled so sweet and looked so beautiful, it was the most graceful thing he had ever seen. The last son disagreed with all of them; he said it was ripe and drooping with fruit, full of life and fulfillment.

The man then explained to his sons that they were all right, because they had each seen but only one season in the tree's life.

He told them that you cannot judge a tree, or a person, by only one season, and that the essence of who they are and the pleasure, joy, and love that come from that life can only be measured at the end, when all the seasons are up.

If you give up when it's winter, you will miss the promise of your spring, the beauty of your summer, fulfillment of your fall.

Moral: Don't let the pain of one season destroy the joy of all the rest.
Don't judge life by one difficult season.
Persevere through the difficult patches and better times are sure to come some time or later.
























Thursday, October 24, 2013

ကမ္ဘာ့အတိုဆုံး ချစ်ပုံပြင်




*****************

တစ်ခါတုန်းက ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို လက်ထပ်နိုင်မလားလို့ မေးလိုက်ပါတယ်။
ကောင်မလေးက လုံးဝပဲ လို့ ငြင်းဆိုလိုက်တယ်။
အဲဒီအချိန်ကစပြီး ကောင်ကလေးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ခဲ့ရတယ်။
သူဟာ ဆိုင်ကယ်စီးပြီး ငါးမျှားထွက်တယ်။ အမဲလိုက်ထွက်တယ်။ ဂေါက်သီးရိုက်တယ်။ ဘီယာနဲ့စကော့ဝီစကီ သောက်တယ်။
ဘဏ်ထဲမှာလည်း ငွေတွေ စုမိဆောင်းမိဖြစ်လာတယ်။
သူဟာ လေလည်ချင်တဲ့အချိန်တိုင်း ဗိုလ်ထိုင်အိမ်သာပေါ်ထိုင်ပြီး စိတ်တိုင်းကျ လေလည်လိုက်ပါတယ်တဲ့။

ပြီးပါပြီ။

နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; World's shortest Fairy Tale by Unknown Author

ပြောချင်ရာများ ပြောခဲ့ဖို့...