Friday, October 25, 2013

ဘဝရဲ့ ဥတုများ


ဘဝတစ်ချိန်ချိန်မှာ ခက်ခဲကြမ်းတမ်းတတ်တယ်။

ဘဝတစ်ချိန်ချိန်မှာ အဆင်ပြေချောမွေ့တတ်တယ်။

ခက်ခဲသည့်ဖြစ်စေ၊ ချောမွေ့သည့်ဖြစ်စေ…
သူတို့ဟာ ဘဝရဲ့ ဥတုများသာဖြစ်တယ်။

ဒီရာသီဥတုတွေကို သင်ဘယ်လို ကိုင်တွယ်စီမံသလဲဆိုတဲ့ အချက်ပေါ်မူတည်ပြီး

ခက်ခဲမှု၊ ချောမွေ့မှုဆိုတာ ဖြစ်ပေါ်လာရတာပါ။


Life at any time can become difficult.

 Life at any time can become easy.

Good or bad, they are just seasons of life.

It all depends upon,

how you take on life, and adjust to these seasons.


နေလင်းအောင်
 
(The Best English Magazine, November 2013 တွင် ဖော်ပြပါရှိပြီး)

တစ်ခါက လူတစ်ဦးမှာ သားလေးဦးရှိခဲ့တယ်။ သူဟာ သားတွေကို အရာရာတိုင်း အလျှင်အမြန် ဆုံးဖြတ်ချက်မချဖို့ သင်ခန်းစာ ပေးချင်ခဲ့တယ်။ ဒါကြောင့် အလွန်ဝေးကွာတဲ့ နေရာတစ်နေရာရှိ သစ်တော်သီးပင်ကို သွားရောက်ကြည့်ရူ့ဖို့ သားတွေကို တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ စေလွှတ်လိုက်ပါတယ်။
ပထမမြောက်သားက ဆောင်းရာသီ၊ ဒုတိယသားက နွေဦးရာသီ၊ တတိယသားက နွေရာသီ၊ အငယ်ဆုံးသားက သစ်သီးကြွေချိန်မှာ သွားခဲ့ကြတယ်။
သားတွေအားလုံး သွားပြီးလို့ ပြန်ရောက်တဲ့အခါ ဖခင်ဖြစ်သူက သူတို့အားလုံးကို ခေါ်လိုက်ပြီး မြင်ခဲ့ရသမျှကို ပြန်ပြောပြစေပါတယ်။
ပထမမြောက်သားက သစ်ပင်ဟာ အလွန်အရုပ်ဆိုးပြီး ကွေ့ကောက်တွန့်လိမ် နေပါတယ်တဲ့။ ဒုတိယသားက “မဟုတ်ဘူး”လို့ ပြန်ပြောရင်း သစ်ပင်ကြီးဟာ အစိမ်းရောင်အဖူးတွေ၊ ကောင်းမွန်တဲ့ လက္ခဏာတွေနဲ့ ပြည့်နက်နေပါတယ်တဲ့။
တတိယသားက သဘောမတူဘဲ သစ်ပင်ကြီးဟာ အလွန်အရသာရှိမဲ့ သစ်သီးတွေနဲ့ လှပနေတဲ့အတွက်ကြောင့် သူမြင်ခဲ့ဖူးသမျှ စွဲမက်ဖွယ်အကောင်းဆုံး အရာတစ်ခုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
အငယ်ဆုံးသားက သူတို့အားလုံးရဲ့အဆိုကို လုံးဝသဘောမတူဘဲ သစ်ပင်ကြီးဟာ သစ်သီးတွေ ရင့်မှည့်ကြွေကျနေပြီး အပင်ပေါက်လေးတွေ အပြည့်အဝနဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနေပါတယ်တဲ့။
ဖခင်ဖြစ်သူက သားအားလုံး မှန်ကန်ကြောင်း ရှင်းပြပါတယ်။ အကြောင်းရင်းက သူ့သားတွေကို သစ်ပင်တစ်ပင်ရဲ့ဘဝနဲ့ပတ်သက်ပြီး မတူညီကွဲပြားတဲ့ ရာသီတစ်ခုစီမှာ သွားရောက်ကြည့်ရူ့ဖို့ စေလွှတ်လိုက်တဲ့အတွက်ကြောင့်ပါတဲ့။
သူက သားတွေကို ပြောပါသေးတယ်။
သစ်ပင်တစ်ပင်၊ ဒါမှမဟုတ် လူတစ်ဦးကို မတူညီတဲ့ ရာသီတစ်ခုကိုကြည့်ပြီး ဆုံးဖြတ်ချက် မချပါနှင့်။ သူတို့ရဲ့ ဖြစ်တည်မှုအနှစ်သာရ ဆိုလိုတာကတော့ သူတို့ဘဝမှာ ဖြစ်ပေါ်လာတဲ့ ကျေနပ်မှု၊ ပျော်ရွှင်မှု၊ မေတ္တာတရားဆိုတဲ့ အရာတွေကို ရာသီအားလုံးကုန်ဆုံးတဲ့ အဆုံးသတ်အချိန်ကာလမှသာ ဆုံးဖြတ်ချက် ချနိုင်တာပါတဲ့။
ဆောင်းရာသီမှာ ရောက်သွားတဲ့အခါ နွေဦးရာသီရဲ့ အလားအလာကောင်းတွေ၊ နွေရာသီရဲ့ အလှအပတွေ၊ ဆောင်းဦးရာသီရဲ့ ဖြည့်ဆည်းပေးမှုတွေကို တွေ့မြင်ရမည်မဟုတ်ပါ။
သင်ခန်းစာ
ရာသီတစ်ခုရဲ့ နာကျင်ခံစားမှုတွေက ကျန်ရာသီတွေရဲ့ ပျော်ရွှင်မှုကို မဖျက်စီးပါစေနှင့်။ ဘဝမှာလည်း ခက်ခဲကြမ်းတမ်းခဲ့တဲ့ ကာလတွေကို သည်းခံကြိုးစားလိုက်ပါ။ ပိုကောင်းတဲ့ကာလတွေ အနှေးနှင့်အမြန် ရောက်လာမယ်ဆိုတာ အသေအချာပါပဲ။
နေလင်းအောင်


 The Seasons of Life


Author Unknown

There was a man who had four sons. He wanted his sons to learn not to judge things too quickly. So he sent them each on a quest, in turn, to go and look at a pear tree that was a great distance away.

The first son went in the winter, the second in the spring, the third in summer, and the youngest son in the fall. When they had all gone and come back, he called them together to describe what they had seen.

The first son said that the tree was ugly, bent, and twisted. The second son said, "no - it was covered with green buds and full of promise". The third son disagreed; he said it was laden with blossoms that smelled so sweet and looked so beautiful, it was the most graceful thing he had ever seen. The last son disagreed with all of them; he said it was ripe and drooping with fruit, full of life and fulfillment.

The man then explained to his sons that they were all right, because they had each seen but only one season in the tree's life.

He told them that you cannot judge a tree, or a person, by only one season, and that the essence of who they are and the pleasure, joy, and love that come from that life can only be measured at the end, when all the seasons are up.

If you give up when it's winter, you will miss the promise of your spring, the beauty of your summer, fulfillment of your fall.

Moral: Don't let the pain of one season destroy the joy of all the rest.
Don't judge life by one difficult season.
Persevere through the difficult patches and better times are sure to come some time or later.
























Thursday, October 24, 2013

ကမ္ဘာ့အတိုဆုံး ချစ်ပုံပြင်




*****************

တစ်ခါတုန်းက ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို လက်ထပ်နိုင်မလားလို့ မေးလိုက်ပါတယ်။
ကောင်မလေးက လုံးဝပဲ လို့ ငြင်းဆိုလိုက်တယ်။
အဲဒီအချိန်ကစပြီး ကောင်ကလေးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ခဲ့ရတယ်။
သူဟာ ဆိုင်ကယ်စီးပြီး ငါးမျှားထွက်တယ်။ အမဲလိုက်ထွက်တယ်။ ဂေါက်သီးရိုက်တယ်။ ဘီယာနဲ့စကော့ဝီစကီ သောက်တယ်။
ဘဏ်ထဲမှာလည်း ငွေတွေ စုမိဆောင်းမိဖြစ်လာတယ်။
သူဟာ လေလည်ချင်တဲ့အချိန်တိုင်း ဗိုလ်ထိုင်အိမ်သာပေါ်ထိုင်ပြီး စိတ်တိုင်းကျ လေလည်လိုက်ပါတယ်တဲ့။

ပြီးပါပြီ။

နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; World's shortest Fairy Tale by Unknown Author

Monday, October 14, 2013

ဟိုတယ်စာရေး




(The Light of English Magazine, October 2013)


လွန်ခဲ့သော နှစ်ပေါင်းများစွာက လေမိုးထန်သော ညတစ်ညမှာ အဘိုးကြီးနဲ့ ဇနီးဖြစ်သူတို့ဟာ အမေရိကန်ပြည်ထောင်စု ဖီလာဒီဖီးယားရှိ ဟိုတယ်လေးတစ်လုံးရဲ့ ဧည့်ခန်းလေးထဲ ဝင်လာခဲ့ပါတယ်။ သူတို့စုံတွဲဟာ မိုးခိုဖို့ ကြိုးစားရင်း တစ်ညတာ ခိုလှုံရာရရန် မျှော်လင့်လျှက် ဧည့်ကြိုစားပွဲဆီ ရောက်လာကြပါတယ်။
 “ကျွန်တော်တို့အတွက် အခန်းတစ်ခန်းလောက် ရနိုင်မလား” အမျိုးသားဖြစ်သူက မေးလာပါတယ်။
ဖော်ရွှေတတ်တဲ့ စာရေးဟာ စုံတွဲကို နှစ်လိုဖွယ်ရာ ပြုံးကြည့်ရင်း မြို့ထဲတွင် အစည်းအဝေး သုံးခုရှိကြောင်း ရှင်းပြခဲ့ပါတယ်။
“အခန်းအားလုံး ပြည့်နေပါပြီ”လို့ စာရေးက ပြောပါတယ်။ “ဒါပေမယ့် မွန်ရည်တဲ့ ခင်ဗျားတို့စုံတွဲကို နံနက်တစ်နာရီ အချိန်မျိုးမှာ မိုးရွာကြီးထဲ မလွှတ်ရက်ပါဘူး။ ကျွန်တော့်အခန်းထဲ အိပ်နိုင်မလား။ ပရိဘောဂ အစုံအလင် မရှိပေမယ့် ခင်ဗျားတို့နှစ်ယောက် သက်သောင့်သက်သာ အနားယူဖို့အတွက်တော့ လုံလောက်ပါတယ်”
စုံတွဲက ငြင်းဆိုတဲ့အခါ လူငယ်လေးက ဆက်လက်ပြောဆိုပါတယ်။ “ကျွန်တော့်အတွက်တော့ မပူပါနဲ့ဗျာ။ ကျွန်တော် အဆင်ပြေအောင် လုပ်လိုက်ပါမယ်” လို့ စာရေးက သူတို့ကို ရှင်းပြခဲ့ပါတယ်။
ဒီတော့မှ စုံတွဲက (သူ့အခန်းထဲအိပ်ဖို့) သဘောတူလိုက်တယ်။
နောက်တစ်နေ့နံနက်တွင် အဘိုးကြီးက စာရေးကို ငွေပေးချေရင်း ပြောဆိုလိုက်ပါတယ်။ “ခင်ဗျားဟာ ကြင်နာတတ်တဲ့ မန်နေဂျာတစ်ယောက်ပါ။ အကောင်ဆုံး ဟိုတယ်ရဲ့ သူဌေးပဲ ဖြစ်သင့်ပါတယ်။ တစ်နေ့နေ့မှာတော့ ကျွန်တော် ခင်ဗျားအတွက် အကောင်းဆုံးဟိုတယ်တစ်လုံး တည်ဆောက်ပေးနိုင်ကောင်းပါရဲ့”
စာရေးက သူတို့ကိုကြည့်ရင်း ပြုံးလိုက်ပါတယ်။ သူတို့သုံးယောက်လုံး ပျော်ရွှင်နေခဲ့ကြပါတယ်။ သူတို့စုံတွဲ ကားမောင်းထွက်လာစဉ် ဖော်ရွှေမှုရော၊ အကူအညီပေးမှုရော နှစ်မျိုးလုံးရှိတဲ့ လူမျိုးဟာ တွေ့ဆုံရဖို့ ခက်ခဲပေမယ့် ဒီစာရေးကတော့ ခြွင်းချက်ပင်ဖြစ်ကြောင်း အဘိုးကြီးက လက်ခံသဘောတူလိုက်ပါတယ်။
နှစ်နှစ်တာ ကုန်ဆုံးခဲ့ပေပြီ။ စာရေးဟာ ဒီအဖြစ်အပျက်ကို မေ့ပျောက်လုနီးပါး ဖြစ်နေတဲ့အချိန်မှာ အဘိုးကြီးထံကနေ စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။ စာထဲမှာ လေမိုးထန်တဲ့ ညတစ်ညအကြောင်း ပြန်ပြောပြထားပြီး လူငယ်လေးကို နယူးယောက်မြို့သို့ အလည်လာရောက်ဖို့ အသွားအပြန် လက်မှတ်တစ်စုံကိုလည်း စာအိတ်ထဲ ထည့်ပေးလိုက်ပါတယ်။
အဘိုးကြီးက သူ့ကို နယူးယောက်မှာ တွေ့တဲ့အခါ ရိပ်သာ(၅)လမ်းနဲ့ (၃၄)လမ်းထောင့်သို့ ဦးဆောင်ခေါ်သွားပါတယ်။ အဲဒီနောက် သူဟာ ကောင်းကင်ပြင်ထိ ထိုးထွက်နေတဲ့ မျှော်စင်တွေနဲ့အတူ နီကြန်ကြန် ကျောက်တုန်းများဖြင့် တည်ဆောက်ထားတဲ့ အဆောက်အဦးအသစ်ကြီးကို ညွှန်ပြလိုက်ပါတယ်။
 “ခင်ဗျား စီမံအုပ်ချုပ်ဖို့အတွက် ဒီဟိုတယ်ကို ကျွန်တော် တည်ဆောက်ထားတာပါ”လို့ အဘိုးကြီးက ပြောလိုက်ပါတယ်။
“ခင်ဗျား ရယ်စရာ ပြောနေတာပဲ ဖြစ်ရမယ်”လို့ လူငယ်လေးက ပြောပါတယ်။
 “ကျွန်တော် ရယ်စရာ ပြောတာမဟုတ်ကြောင်း အာမခံရဲပါတယ်”လို့ အဘိုးကြီးက ဝေခွဲရခက်သော အပြုံးဖြင့် ပြောဆိုလိုက်ပါတယ်။
အဘိုးကြီးရဲ့ နာမည်ကတော့ ဝီလီယံ ဝေါ့ဒေါ့ဖ် အက်စ်တာဖြစ်ပြီး ခမ်းနားတဲ့ အဆောက်အဦး အသစ်ကြီးကတော့ ဝေါ့ဒေါ့ဖ် အက်စ်တိုရီးယား ဟိုတယ်ဖြစ်ပါတယ်။ ဒီဟိုတယ်ရဲ့ ပထမဦးဆုံး မန်နေဂျာဖြစ်လာတဲ့ စာရေးလေးကတော့ ဂျော့ဂ်ျ စီဘိုးဒ်ထ် ဖြစ်ပါတယ်။ လူငယ်စာရေးလေးဟာ သူပြုလုပ်ပေးခဲ့တဲ့ လုပ်ရပ်ကြောင့် ကမ္ဘာ့အကောင်းဆုံးဟိုတယ်တစ်ခုရဲ့ မန်နေဂျာ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိပါဘူး။
နေလင်းအောင်
The Hotel Clerk
One stormy night many years ago, an elderly man and his wife entered the lobby of a small hotel in Philadelphia, USA. Trying to get out of the rain, the couple approached the front desk hoping to get some shelter for the night.
“Could you possibly give us a room here?” the husband asked.
The clerk, a friendly man with a winning smile, looked at the couple and explained that there were three conventions in town. “All of our rooms are taken,” the clerk said. “But I can’t send a nice couple like you out into the rain at one o’clock in the morning. Would you perhaps be willing to sleep in my room? It’s not exactly a suite, but it will be good enough to make you folks comfortable for the night.”
When the couple declined, the young man pressed on. “Don’t worry about me, I’ll make out just fine,” the clerk told them.
So the couple agreed.
As he paid his bill the next morning, the elderly man said to the clerk, “You are the kind of manager who should be the boss of the best hotel. Maybe someday I’ll build one for you.”
The clerk looked at them and smiled. The three of them had a good laugh. As they drove away, the elderly couple agreed that the helpful clerk was indeed exceptional, as finding people who are both friendly and helpful isn’t easy.
Two years passed. The clerk had almost forgotten the incident when he received a letter from the old man. It recalled that stormy night and enclosed a round-trip ticket to New York, asking the young man to pay them a visit.
The old man met him in New York, and led him to the corner of Fifth Avenue and 34th Street. He then pointed to a great new building there, a pale reddish stone, with turrets and watchtowers thrusting up to the sky.
“That,” said the older man, “is the hotel I have just built for you to manage.”
“You must be joking,” the young man said.
“I can assure you I am not,” said the older man, a sly smile playing around his mouth.
The older man’s name was William Waldorf-Aster, and that magnificent structure was the original Waldorf-Astoria Hotel. The young clerk who became its first manager was George C. Boldt. This young clerk never foresaw the turn of events that would lead him to become the manager of one of the world’s most glamorous hotels.
Author Unknown



Sunday, October 13, 2013

စိတ်ဖိစီးမှု လျော့ကျစေဖို့ ပျော်ရွှင်တဲ့လူတွေ ပြုလုပ်တဲ့ အချက် (၉)ချက်




9 Things Happy People Do to Stress Less
စိတ်ဖိစီးမှု လျော့ကျစေဖို့ ပျော်ရွှင်တဲ့လူတွေ ပြုလုပ်တဲ့ အချက် (၉)ချက်

(English for All Magazine, October, 2013)
People’s lives become chaotic the minute they decide to be. People’s lives become happier the minute they decide to be. Be the latter.  For fast-acting stress relief, slow down and consider the following:
ဘ၀ကို ပရမ်းပတာဖြစ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ဘဝဟာ ပရမ်းပတာ ဖြစ်သွားတယ်။ ဘဝကို ပိုပြီးပျော်ရွှင်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ဘဝဟာ ပိုပြီး ပျော်ရွှင်လာတယ်။ ပိုပြီး ပျော်ရွှင်ဖို့ပဲ ဆုံးဖြတ်ပါ။ အလျင်အမြန် သက်ရောက်နေတဲ့ စိတ်ဖိစီးမှုတွေ လျော့နည်းစေဖို့ အောက်ပါအချက်တွေကို စဉ်းစားကြည့်ပါ။

1.Know what you’re trying to achieve and why.
Lack of direction creates stress.  And it’s lack of direction, not lack of time, that’s the problem when it comes to personal achievement.  Everyone has the same 24-hour days and 7-day weeks.
Whenever you want to achieve something keep your conscious clear.  Focus and make sure you know exactly what it is you want and why.  No one can hit their target if they don’t know what their target is.
(၁) သင် ဘာကို ရယူချင်တာလဲ၊ ဘာကြောင့် ရယူချင်တာလဲဆိုတာ သိပါ။
ဦးတည်ရာ ကင်းမဲ့ခြင်းဟာ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပါတယ်။ လူတစ်ဦးရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ ပြဿနာဟာ အချိန်မရှိတာကြောင့် မဟုတ်ဘဲ ဦးတည်ရာ မရှိခြင်းကြောင့်ပဲ ဖြစ်တယ်။ လူတိုင်းမှာ တူညီတဲ့ (၂၄)နာရီ နေ့ရက်တွေနဲ့ (၇)ရက် သီတင်းပတ်တွေ ရရှိပါတယ်။
သင်ဟာ တစ်စုံတစ်ခုကို ရယူချင်တဲ့အချိန်တိုင်း သင့်စိတ်ကို ရှင်းလင်းအောင် ပြုလုပ်ပါ။ သင် ဘာကို ရယူချင်တယ်ဆိုတာနဲ့ ဘာကြောင့် ရယူချင်တယ်ဆိုတာ အတိအကျ သိရှိအောင်ပြုလုပ်ပြီး အဲဒီအပေါ်မှာပဲ အာရုံစိုက်လိုက်ပါ။ မိမိရဲ့ ပစ်မှတ်ကို မသိဘဲနဲ့တော့ ဘယ်သူမှ ပစ်မှတ်ကို ထိမှန်အောင် မပစ်နိုင်ပါဘူး။

2.  Do less by focusing exclusively on what’s important.
The essence of personal productivity is to do the important things rather than the urgent things.
In other words, put first things first.  Focus on the essential and eliminate the rest.  
(၂) အရေးကြီးတဲ့အရာတွေကို အထူးအာရုံစိုက်ပြီး နည်းနည်းပဲ လုပ်ပါ။
လူတစ်ဦး အောင်မြင်တိုးတက်ဖို့အတွက် အဓိက အချက်ကတော့ အရေးပေါ် လုပ်ရမဲ့အရာတွေထက် အရေးကြီးတဲ့ အရာတွေကိုပဲ ပြုလုပ်ခြင်းဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောရရင် အရေးကြီးတာကိုပဲ အရင်ဆုံး ပြုလုပ်ပါ။ မရှိမဖြစ် လိုအပ်တာတွေကို အာရုံစိုက်ပါ။ ကျန်တာတွေကို ဘေးဖယ်ထားလိုက်ပါ။

3.  Think progress, not perfection.
Don’t worry about perfection; you’ll never achieve it.  Instead, focus on the progress you’ve made and the progress you intend to make today.
Progression is not automatic or inevitable.  Every step of personal growth requires sacrifice and work.  Every step is part of an ever-improving, ever-ascending life path.  Every step is an accomplishment that should be celebrated.  You know you will never get to the absolute peak (perfection), but when you celebrate the journey this truth only adds to the joy and glory of the climb.
(၃) ပြည့်စုံဖို့ မတွေးဘဲ တိုးတက်မှုကိုပဲတွေးပါ။
သင်ဟာ ဘယ်တော့မှ မပြည့်စုံနိုင်တဲ့အတွက် ပြည့်စုံပါ့မလားလို့ စိုးရိမ်ပူပန် မနေပါနဲ့။ အဲဒီအစား သင် ပြုလုပ်ပြီးခဲ့တဲ့ တိုးတက်မှုတွေနဲ့ ဒီနေ့ သင်ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့အရာတွေ တိုးတက်ဖို့ပဲ အာရုံစိုက်လိုက်ပါ။
တိုးတက်မှုဆိုတာ အလိုအလျောက် ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ လူတစ်ဦးရဲ့ အောင်မြင်တိုးတက်မှု ခြေလှမ်းတိုင်းမှာ အနစ်နာခံမှုနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ ခြေလှမ်းတိုင်းဟာ အမြဲတိုးတက်နေတဲ့ ဘဝလမ်းကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်။ ခြေလှမ်းတိုင်းဟာ ဆင်နွှဲရယူသင့်တဲ့ အောင်မြင်ခြင်းတစ်ခုလည်း ဖြစ်တယ်။ သင်ဟာ ဘယ်တော့မှ ထိပ်ဆုံးသို့( ပြည့်စုံခြင်းသို့) မရောက်နိုင်ဘူးဆိုတာ သင် သိပါတယ်။ ဒါပေမဲ့ အဲဒီခရီးလမ်းကို သွားနေတဲ့အချိန်မှာ ဒီသဘောတရားက သင် တက်ရောက်ရာ ခရီးလမ်းရဲ့ ပျော်ရွှင်မှုကို ထပ်လောင်းပေးပါလိမ့်မယ်။ 

4.  Cleanse your heart every night.
Just as your body needs regular washing because it gets dirty every day, so does your heart.
Because every day, people hurt you, offend you, forget you, snub you, step on you, or reject you.  But if you choose to forgive these people and let these things go at the end of each day, you cleanse your heart.  You wake up the next morning refreshed and free of negativity.  Refuse to carry old regrets, mindsets, and distractions into each new day.  
(၄) ညစဉ်ညတိုင်း သင့်နှလုံးသားကို သန့်စင်ပါ။
သင့်ခန္ဓာကိုယ်ဟာ အညစ်အကြေးတွေကြောင့် နေ့စဉ်နေ့တိုင်း ပုံမှန် သန့်ရှင်းပေးဖို့ လိုအပ်သလို သင့်နှလုံးသားကိုလည်း သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ နေ့စဉ်နေ့တိုင်း လူတွေက သင့်ကို နာကျင်အောင်လုပ်တယ်။ သင့်ကို စော်ကားတယ်။ သင့်ကို မေ့နေတယ်။ သင့်ကို ဥပေက္ခာပြုတယ်။ သင့်အပေါ် တက်နင်းတယ်။ ဒါမှမဟုတ် သင့်ကို ငြင်းပယ်တဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ သင်ဟာ တစ်နေ့တာကုန်ဆုံးတိုင်း ဒီလူတွေကို မေ့ပျောက်ပစ်ဖို့နဲ့ ဒီအရာတွေကို သွားခွင့်ပြုလိုက်ဖို့ ရွေးချယ်လိုက်မယ်ဆိုရင်တော့ သင့်နှလုံးသားကို သန့်စင်ပြီးသား ဖြစ်သွားပါတယ်။ နောက်တစ်နေ့နံနက်မှာ  အဆိုးမြင်စိတ်တွေကင်းမဲ့ပြီး လန်းဆန်းစွာ နိုးထလာပါလိမ့်မယ်။ နောင်တအဟောင်းတွေ၊ ပုံစံကျနေတဲ့ အမြင်တွေနဲ့ အနှောင့်အယှက် ဖြစ်စေတဲ့ အရာတွေကို နေ့သစ်တွေဆီ သယ်ဆောင်မသွားပါနဲ့။

5.  Purge untrue thoughts.
You must learn a new way to think before you can master a new way to be.
Behind every stressful feeling is an untrue thought.  Before the thought you weren’t suffering, but after the thought you began to suffer.  When you recognize that the thought isn’t true, once again there is no suffering.  When you change your thoughts, you change your life.
(၅) မမှန်ကန်တဲ့ အတွေးတွေကို သုတ်သင်ပစ်ပါ။
သင်ဟာ နည်းလမ်းသစ်တစ်ခုကို ကျွမ်းကျင်ချင်တယ်ဆိုရင် အဲဒီနည်းလမ်းကို ကြိုတင်ပြီး တွေးထားရပါမယ်။ စိတ်ဖိစီးစေတဲ့ ခံစားချက်တိုင်းရဲ့ နောက်ကွယ်မှာ မမှန်ကန်တဲ့ အတွေးတစ်ခု ရှိတယ်။ မမှန်ကန်တဲ့အတွေး မရှိခင်တုန်းက သင်ဟာ မခံစားရပေမဲ့ ရှိလာပြီဆိုရင်တော့ ခံစားရပါလိမ့်မယ်။ အဲဒီအတွေးဟာ မမှန်ကန်ဘူးလို့ သိလာတဲ့အချိန်မှာတော့ သင် ခံစားရမှာ မဟုတ်တော့ပါဘူး။ သင့်အတွေးတွေကို ပြောင်းလဲလိုက်ခြင်းဟာ သင့်ဘဝကို ပြောင်းလဲလိုက်ခြင်းလည်း ဖြစ်တယ်။

6.  Expect some stress, accept it, and let go of it.
The most important journeys that lead to the most wonderful places are usually the challenging ones you must endure the hard way.
Stress is but a wall between two peaceful gardens – the garden where you are and garden where you want to be.  You must scale the wall that’s in your way, gathering lessons as you climb, before letting go as you descend to the other side.  You will only lose if you never climb or you never let go.
(၆) စိတ်ဖိစီးမှုအချို့ကို မျှော်လင့်ပါ။ လက်ခံပါ။ သွားခွင့်ပြုလိုက်ပါ။
အံ့ဖွယ်အကောင်းဆုံး နေရာတွေဆီ ဦးတည်နေတဲ့ လမ်းခရီးတွေမှာ ခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှုတွေ ရှိနေတဲ့အတွက် သင် သည်းခံရပါမယ်။
စိတ်ဖိစီးမှုဆိုတာ  ငြိမ်းချမ်းတဲ့ ဥယျာဉ်နှစ်ခုအကြား (သင် ရောက်နေတဲ့ ဥယျာဉ်နဲ့ သင်ရောက်လိုတဲ့ ဥယျာဉ်နှစ်ခုအကြား) တည်ရှိနေတဲ့ နံရံတစ်ခုပဲ ဖြစ်တယ်။ သင့်ခရီးလမ်းမှာရှိတဲ့ အဲဒီနံရံကြီးကို ကုတ်တက်ရပါမယ်။ သင် တက်ရောက်နေစဉ် သင်ခန်းစာများကို စုဆောင်းရယူပါ။ အခြားတစ်ဖက်ကို ဆင်းလိုက်တဲ့အချိန်မှာတော့ စိတ်ဖိစီးမှုတွေကို ထွက်သွားခွင့် ပြုလိုက်ပါ။ သင်ဟာ ဘယ်တော့မှ တက်မကြည့်တဲ့အခါ ဒါမှမဟုတ် စိတ်ဖိစီးမှုကို ဘယ်တော့မှ ထွက်သွားခွင့် မပြုလိုက်တဲ့အခါမှသာ ရှုံးနိမ့်ပါလိမ့်မယ်။

7.  Be kind to your body.
A good workout is the best stress reducer, and a fit, healthy body is the best fashion statement.
The pursuit of optimal fitness is a journey, a constant struggle, a lifestyle.  It’s a gradual process where intensity during each exercise session, what you eat every single day, and patience over years is what’s required.
But as you know, the longest journey always begins with a single step.  It’s all about taking that step and then stepping one day at a time, committing yourself to a daily intake of 30 to 60 minutes of uninterrupted exercise and a reasonably healthy diet.  
(၇) သင့်ခန္ဓာကိုယ်ကို ကြင်နာယုယပါ။
ကောင်းမွန်တဲ့ ကာယလေ့ကျင့်ခန်းတစ်ခုဟာ စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ အကောင်းဆုံး အရာဖြစ်တယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ဟာ အကောင်းဆုံး ဖက်ရှင်ပုံစံလည်းဖြစ်တယ်။ ကောင်းမွန်တဲ့ ကျန်းမာရေး လိုက်စားခြင်းဟာ ခရီးလမ်းတစ်ခု၊ အဆက်မပြတ်ပြုလုပ်ရမဲ့ ကြိုးပမ်းမှုတစ်ခု၊ ဘဝ နေထိုင်မှု ပုံစံတစ်ခုလည်း ဖြစ်တယ်။ ဒါဟာ တဖြည်းဖြည်း ပြုလုပ်ရမဲ့ အရာတစ်ခုဖြစ်ပြီး လေ့ကျင့်ခန်းတစ်ခုစီတိုင်းမှာ ပြင်းပြတဲ့စိတ်အားထက်သန်မှု၊ နေ့စဉ်နေ့တိုင်းလိုက်နာ ပြုလုပ်မှုနဲ့ နှစ်ပေါင်းများစွာအကြာ စိတ်ရှည်စွာ ပြုလုပ်မှုတွေ လိုအပ်ပါတယ်။ သင် သိတဲ့အတိုင်းပါပဲ။ အရှည်လျားဆုံး ခရီးလမ်းတွေဟာ အများအားဖြင့် ခြေတစ်လှမ်းနဲ့ အစပြုရပါတယ်။  ဒီခရီးလမ်းတစ်ခုလုံး ပြီးမြောက်ဖို့ဆိုတာ တစ်နေ့မှာ နည်းနည်းချင်း လျှောက်လှမ်းရသလို နေ့စဉ်နေတိုင်း လေ့ကျင့်ခန်း နာရီဝက်ကနေ တစ်နာရီအထိ အဆက်မပြတ် ပြုလုပ်ပါ။ အစာအာဟာရကိုလည်း မျှတအောင် စားပါ။

8.  Do one nice thing for yourself every day.
Put yourself at the top of your priority list.  There is no person on Earth who deserves your kindness and attention more than you.  When you love yourself first, everything else falls into place.
So treat yourself every day.  Give yourself something special – like laughter, good conversation, meditation, quiet reading, an hour to work on a passion, a long walk, etc. You are worth it.
(၈) နေ့စဉ်နေ့တိုင်း သင့်အတွက် ကောင်းတဲ့အရာ တစ်ခုခု ပြုလုပ်ပါ။
သင့်ရဲ့ အရေးအကြီးဆုံး ဦးစားပေးစာရင်းထဲမှာ သင့်ကိုယ်သင် ထိပ်ဆုံးက ထားပါ။ သင့်ရဲ့ ကြင်နာမှု၊ အာရုံစိုက်မှုကို သင့်ထက်ပိုပြီး ထိုက်တန်တဲ့ လူတစ်ဦးဦး ကမ္ဘာပေါ်မှာ မရှိပါဘူး။ သင့်ကိုသင် အရင်ဆုံး ချစ်မြတ်နိုးတဲ့အခါ အခြားအရာအားလုံး နေသားတကျ ဖြစ်သွားပါလိမ့်မယ်။
ဒါကြောင့် နေ့စဉ်နေ့တိုင်း မိမိကိုယ်ကို ကောင်းကောင်းမွန်မွန် ပြုစုပါ။ ရယ်မောခြင်း၊ လူကောင်းသူကောင်းနဲ့ စကားပြောခြင်း၊ တရားထိုင်ခြင်း၊ တိတ်ဆိတ်စွာ စာဖတ်ခြင်း၊ တစ်နာရီလောက် ဝါသနာပါရာ ပြုလုပ်ခြင်း၊ ခရီးရှည် လမ်းလျှောက်ခြင်းစတဲ့ ကောင်းတဲ့အရာတစ်ခုခုကို ပြုလုပ်ပါ။ သင်ဟာ ကောင်းမွန်တဲ့ အရာတွေနဲ့ ထိုက်တန်ပါတယ်။

9.  Simplify.
Organize, don’t agonize.  Keep your space ordered and your schedule under-booked.  Create a foundation with a soft place to land, a wide margin of error, and room to think and breathe…
So you have the flexibility to explore the possibilities for happiness in each and every day.
(၉) ရိုးရှင်းပါ။
စုစည်းပါ။ သောက မပွားပါနဲ့။ သင့်ရဲ့ နေရာကို စနစ်တကျ စီစဉ်ပြီး  သင့်ရဲ့ အချိန်စာရင်းကို စာအုပ်ထဲ ရေးမှတ်ပါ။ ခြေချဖို့ ကောင်းမွန်တဲ့နေရာတစ်ခု၊ အမှားနည်းစေမဲ့ နေရာတစ်ခု၊ စဉ်းစားတွေးတော အသက်ရှုဖို့ အခန်းတစ်ခုကို ဖန်တီးပါ။ ဒါဆိုရင် နေ့စဉ်နေ့တိုင်း ပျော်ရွှင်မှုကိုရှာဖွေဖို့ သင်ဟာ အလိုက်သင့် ဖြစ်နေပါလိမ့်မယ်။
နေလင်းအောင်


ပြောချင်ရာများ ပြောခဲ့ဖို့...