Monday, December 24, 2012

ခရစ္စမတ်လက်ဆောင်



The Best English မဂ္ဂဇင်း March, 2012 တွင် ဖော်ပြပါရှိပြီး…


        တစ်ခါတုန်းက လူတစ်ဦးဟာ ငါးနှစ်အရွယ် သမီးငယ်လေးကို အပြစ်ပေးခဲ့ပါတယ်။ ကလေးမလေးက ခရစ္စမတ်ပွဲတော်မရောက်မီ မိသားစုပိုင် ဈေးကြီးတဲ့ ရွှေရောင်အလှဆင် စက္ကူလိပ်ကြီးကို လက်ကျန်မရှိအောင် ဖြုန်းတီးပစ်တဲ့အတွက်ကြောင့်ပါ။
        ငွေရေးကြေးရေး ခက်ခဲနေတဲ့အတွက် ဖခင်ဖြစ်သူဟာ ခရစ္စမတ်အကြိုနေ့ ရောက်သောအခါ သောကရောက်နေခဲ့ရတယ်။ ကလေးမလေးကတော့ ဈေးကြီးတဲ့ ရွှေရောင်စက္ကူကို ကြီးမားတဲ့ ဖိနပ်ဘူးတစ်ခုမှာ ထုပ်ပိုးတပ်ဆင်ပြီး ခရစ္စမတ်သစ်ပင်အောက် သွားထားတာကို ဖခင်ဖြစ်သူက တွေ့မြင်လိုက်ပါတယ်။
        နောက်တစ်နေ့တွင် ကလေးမလေးက လက်ဆောင်ဘူးကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ယူဆောင်ကာ “ဖေဖေ…ဒီလက်ဆောင်က ဖေဖေ့အတွက်ပါ”လို့ ပြောလိုက်ပါတယ်။
        လက်ဆောင်ဘူးကို ဖွင့်မည်လုပ်သောအခါ ဖခင်ဖြစ်သူဟာ စောစောပိုင်းက သူ့သမီးအား မဆင်မခြင် အပြစ်ပေးခဲ့ပုံကိုတွေးမိရင်း စိတ်မကောင်းဖြစ်သွားရတယ်။
        ဒါပေမယ့် ဖိနပ်ဘူးကို ဖွင့်လိုက်တဲ့အခါ ဘာမှမပါတာကိုတွေ့တော့ သူ့ရဲ့ဒေါသဟာ တစ်ဖန်ပေါက်ကွဲသွားပြန်တယ်။ “သမီးငယ် တစ်ယောက်ယောက်ကို လက်ဆောင်ပေးမယ်ဆိုရင် ဘူးထဲမှာ တစ်ခုခု ထည့်ပေးရတယ်ဆိုတာ မသိဘူးလား” လို့ အော်ငေါက်လိုက်ပါတယ်။
        ကလေးမလေးကတော့ ဖခင်ဖြစ်သူကို မော့ကြည့်ရင်း မျက်ရည်များစီးကျကာ “ဖေဖေ…ဘာမှမပါတာ မဟုတ်ပါဘူးရှင်။ ဘူးပြည့်တဲ့တိုင်အောင် သမီးရဲ့မေတ္တာတရားတွေ ထည့်ပေးထားပါတယ်”လို့ တိုးတိုးလေး ပြောပြပါတယ်။
        ဖခင်ဖြစ်သူ ခေါင်းငိုက်စိုက်ကျသွားတယ်။ သူဟာ ဒူးထောက်ထိုင်ချရင်း အဖိုးတန် သမီးရတနာလေးကို သိမ်းကြုံးဖက်လိုက်တယ်။ အလိုအပ်ဘဲ ဒေါသထွက်မိတာကို ခွင့်လွှတ်ပေးရန် သမီးဖြစ်သူကို တောင်းပန်စကားဆိုလိုက်တယ်။
        မကြာမီ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် သမီးလေး အသက်ဆုံးရှုံးခဲ့ရတယ်။ ဖခင်ဖြစ်သူက သမီးရဲ့လက်ဆောင်ဘူးလေးကို သူ့အိပ်ရာဘေးမှာ ဘဝတစ်လျှောက်လုံး ထိန်းသိမ်းထားခဲ့ကြောင်း ပြောပြပါတယ်။ အခက်အခဲတွေနဲ့ တွေ့ကြုံရတဲ့အခါတိုင်းမှာ ကတ္ထူဘူးကိုဖွင့်ပြီး စိတ်ကူးနဲ့ထည့်ထားတဲ့ မေတ္တာတရားကိုနားလည်ခံစားကာ သူ့သမီးရတနာလေးရဲ့ နက်ရှိုင်းသောသံယောဇဉ်ကို သတိရလိုက်ပါတယ်။
        တကယ့်လက်တွေ့ဘဝတွင် ကျွန်တော်တို့လူသားအားလုံး၌ ကျွန်တော်တို့သားသမီးတွေ၊ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဘုရားသခင်ထံမှ ပြည့်စုံလုံလောက်တဲ့ မေတ္တာတရားနှင့် သံယောဇဉ်တွေဖြည့်ပေးထားတဲ့ မမြင်နိုင်သော ရွှေရောင်ကတ္ထူဘူးတစ်ဘူး ရှိနေကြပါတယ်။
        လူတိုင်း လက်ဆုပ်လက်ကိုင်ပြနိုင်သော ပိုင်ဆိုင်မှုပစ္စည်းများအနက် ထိုလက်ဆောင်ပစ္စည်းထက်ပို၍ အဖိုးထိုက်တန်သောအရာ မရှိတော့ပါ။
နေလင်းအောင်
THE GOLD WRAPPING PAPER
Author-Unknown

Once upon a time, a man punished his five-year-old daughter for using up the family’s only roll of expensive gold wrapping paper before Christmas.

Money was tight, so he became even more upset when on Christmas Eve, he saw that the child had used the expensive gold paper to decorate a large shoebox she had put under the Christmas tree.

Nevertheless, the next morning the little girl, filled with excitement, brought the gift box to her father and said, "This is for you, Daddy!"

As he opened the box, the father was embarrassed by his earlier overreaction, now regretting how he had punished her.

But when he opened the shoebox, he found it was empty and again his anger flared. "Don't you know, young lady,” he said harshly, “when you give someone a present there's supposed to be something inside the package!"

The little girl looked up at him with sad tears rolling from her eyes and whispered: "Daddy, it's not empty. I blew kisses into it until it was all full."

The father was crushed. He fell on his knees and put his arms around his precious little girl. He begged her to forgive him for his unnecessary anger.

An accident took the life of the child only a short time later. It is told that the father kept this little gold box by his bed for all the years of his life. Whenever he was discouraged or faced difficult problems, he would open the box, take out an imaginary kiss, and remember the love of this beautiful child who had put it there.


In a very real sense, each of us as human beings have been given an invisible golden box filled with unconditional love and kisses from our children, family, friends and God.

There is no more precious possession anyone could hold.

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...

မေးလ်ထဲမှဖတ်ရူ့လိုပါက အီးမေးလ်လိပ်စာ ထားသွားပါ