Friday, December 21, 2012

ဘယ်ဘီးပေါက်တာလဲ


         တစ်ညမှာ  ကောလိပ်ကျောင်းသားလေးဦး ဟာ ညည့်နက်သန်းခေါင်အထိ ကစားနေမိတဲ့အတွက် နောက်တစ်နေ့မှာ ဖြေဆိုရမယ့် စာမေးပွဲအတွက် စာလေ့လာခြင်း မပြုခဲ့ရပါဘူး။ နောက်တစ်နေ့နံနက်မှာ သူတို့လေးဦးဟာ အစီအစဉ်တစ်ခုကို စဉ်းစားမိပါတယ်။ သူတို့အားလုံးဟာ အမဲဆီတွေနဲ့ မိမိကိုယ်ကို ညစ်ပတ်အောင် ပြုလုပ်လိုက်တယ်။ အဲဒီနောက် ဌာနမှူးဆီသွားပြီး ပြောဆိုပါတယ်။ ယမန်နေ့ညက မင်္ဂလာဆောင်တစ်ခုသို့ သူတို့သွားခဲ့ပြီး အပြန်ခရီးမှာ ကားဘီးပေါက်သွားခဲ့တယ်တဲ့။ တစ်လမ်းလုံး ကားတွန်းလာခဲ့ရတဲ့အတွက်ကြောင့် စာမေးပွဲဖြေဆိုဖို့အချိန်မမီတော့ပါဘူးတဲ့။                                        ဌာနမှူးက နောက်သုံးရက်အကြာတွင် ပြန်လည်ဖြေဆိုခွင့် ပြုမည်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ သူတို့က ဌာနမှူးကို ကျေးဇူးတင်စကားပြောဆိုပြီး ထိုနေ့တွင် ဖြေဆိုရန် အဆင်သင့် ဖြစ်နေလိမ့်မည်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ သုံးရက်အကြာတွင် သူတို့အားလုံး ဌာနမှူးရှေ့ ရောက်လာခဲ့ပါတယ်။ ဌာနမှူးက အထူးစာမေးပွဲ ဖြစ်သည့်အတွက် တစ်ယောက်လျှင် တစ်ခန်းစီနေပြီး ဖြေဆိုရလိမ့်မည်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့သည့် သုံးရက်အတွင်း သူတို့အားလုံး ကောင်းမွန်စွာ လေ့လာထားခဲ့တဲ့အတွက်ကြောင့် ဌာနမှူးရဲ့အဆိုကို လက်ခံလိုက်ပါတယ်။
         မေးခွန်းလွှာမှာ မေးခွန်းနှစ်ခုတည်းသာပါရှိပြီး အမှတ်ပေါင်း (၁၀၀) ပေးပါတယ်။

မေးခွန်း(၁)။ ။ဖြေဆိုသူ အမည်=……….( ၂-မှတ်)
မေးခွန်း(၂)။ ။မည်သည့်ကားဘီး ပေါက်သွားခဲ့သနည်း။ ( ၉၈-မှတ်)
(က) ဘယ်ဘက်ရှေ့ဘီး
(ခ)ညာဘက်ရှေ့ဘီး
(ဂ) ဘယ်ဘက်နောက်ဘီး
(ဃ)ညာဘက်နောက်ဘီး

နေလင်းအောင် 
True story from IIT Bombay ...Batch 1992-96
 

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...