(Global English Magazine, February 2013)
လူတစ်ဦး ဆင်တွေနား ဖြတ်သန်းသွားလာနေစဉ်
ရုတ်တရက် ရပ်တန့်လိုက်ပြီး စဉ်းစားတွေးတောလိုက်မိပါတယ်။ ဒီကြီးမားတဲ့ ဆင်တွေရဲ့ ရှေ့ခြေမှာ
သေးငယ်တဲ့ ကြိုးလေးတစ်ချောင်းနဲ့ပဲ ချည်ထားပါတယ်။ သံကြိုးတွေ မပါသလို လှောင်အိမ်ထဲလည်း
သွင်းမထားပါဘူး။ ဒီဆင်တွေဟာ ဘယ်အချိန်မဆို အနှောင်အဖွဲ့ကိုချိုးဖျက်ပြီး လွတ်နိုင်တယ်ဆိုတာ
သိသာပါတယ်။ ဒါပေမယ့် အကြောင်းတစ်ခုကြောင့် သူတို့ ကြိုးစားပြုလုပ်ခြင်း မရှိပါဘူး။
သူဟာ အနီးအနားမှာ ဆင်ထိန်းတစ်ယောက်ကိုတွေ့တော့
ဒီဆင်တွေဟာ ဘာကြောင့်များ ရပ်နေကြပြီး ရုန်းထွက်ဖို့ မကြိုးစားကြတာလဲလို့ မေးမြန်းလိုက်ပါတယ်။
ဆင်ထိန်းက ပြန်ပြောပါတယ်။ “ဒီလိုပါ။ အဲဒီဆင်တွေ ငယ်စဉ်တုန်းက သူတို့ကိုချည်ဖို့ ခုအရွယ်ရှိတဲ့
ကြိုးကိုပဲ ကျွန်တော်တို့ အသုံးပြုခဲ့ကြပါတယ်။ အဲဒီအရွယ်တုန်းကတော့ ဒီကြိုးတွေဟာ သူတို့ကို
ချည်နှောင်ဖို့ လုံလောက်ပါတယ်။ သူတို့ ကြီးပြင်းလာတဲ့အချိန်မှာတော့ အဲဒီကြိုးတွေကို
မဖြတ်နိုင်တော့ဘူးလို့ ယုံကြည်လာအောင် အခြေအနေတွေက တွန်းပို့နေပါတယ်။ အဲဒီကြိုးဟာ
သူတို့ကို ချည်နှောင်ထားနိုင်သေးတယ်လို့ ယုံကြည်နေတဲ့အတွက်ကြောင့် လွတ်မြောက်အောင်
ဘယ်တော့မှ မကြိုးစားတော့ပါဘူး။
ထိုသူ အံ့အားသင့်သွားပါတယ်။
ဒီဆင်တွေဟာ အနှောင်အဖွဲ့ကနေ ဘယ်အချိန်မဆို လွတ်မြောက်အောင် ကြိုးစားနိုင်တယ်ဆိုပေမယ့်
သူတို့ မလုပ်နိုင်လောက်ဘူးလို့ ယုံကြည်နေတဲ့အတွက်ကြောင့် ရှိနေတဲ့နေရာမှာပဲ ရပ်မြဲရပ်နေကြပါတယ်။
ဒီဆင်တွေလိုပဲ…တစ်ကြိမ်လောက်
ကျရှုံးဖူးရုံနဲ့ ကျွန်တော်တို့ လုပ်နိုင်တော့မှာ မဟုတ်လောက်ဘူးလို့ ယုံကြည်ချက်ကို
စွဲကိုင်ထားတဲ့လူတွေ ဘဝမှာ ဘယ်လောက်တောင် များလိုက်မလဲ။
ကျရှုံးခြင်းဆိုတာ သင်ယူလေ့လာဖို့အတွက်
တစ်စိတ်တစ်ဒေသသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘဝမှာ တွေ့ကြုံရမဲ့ အခက်အခဲတွေကို ဘယ်တော့မှ
လက်လွှတ် အရှုံးမပေးသင့်ပါဘူး။
နေလင်းအောင်
As a man was passing the elephants,
he suddenly stopped, confused by the fact that these huge creatures were being
held by only a small rope tied to their front leg. No chains, no cages. It was
obvious that the elephants could, at anytime, break away from their bonds but
for some reason, they did not.
He saw a trainer nearby
and asked why these animals just stood there and made no attempt to get away.
“Well,” trainer said, “when they are very young and much smaller we use the
same size rope to tie them and, at that age, it’s enough to hold them. As they
grow up, they are conditioned to believe they cannot break away. They believe
the rope can still hold them, so they never try to break free.”
The man was amazed.
These animals could at any time break free from their bonds but because they
believed they couldn’t, they were stuck right where they were.
Like the elephants, how
many of us go through life hanging onto a belief that we cannot do something,
simply because we failed at it once before?
Failure is part of
learning; we should never give up the struggle in life.
No comments:
Post a Comment