Thursday, December 6, 2012

လိပ်တစ်ကောင်ထံမှ သင်ခန်းစာ

    
တစ်ခါတုန်းက လူငယ်တစ်ဦးဟာ စင်းချောလိပ်အဖြစ် လူသိများတဲ့
လိပ်ငယ်တစ်မျိုးကို တွေ့ခဲ့ပါတယ်။
သူဟာ အဲဒီလိပ်ကို စတင်စစ်ဆေး ကြည့်ရူ့ပါတယ်။ ဒါပေမယ့်
လိပ်ဟာ သူ့ရဲ့ဦးခေါင်းကို ပြုတ်တူကဲ့သို့ ကိုယ်ထည်အခွံထဲ
ကွယ်ဝှက်ထားပါတယ်။ လူငယ်လေးဟာ စိတ်မကောင်းဖြစ်သွားရင်း အဲဒီလိပ်ကို
တုတ်တစ်ချောင်းနဲ့ ဖွင့်ကြည့်ဖို့ကြိုးစားပါတယ်။
သူလုပ်နေတာတွေကို ဦးလေးဖြစ်သူက တွေ့မြင်သွားပြီးနောက်
မှတ်ချပြု ပြောဆိုလိုက်ပါတယ်။ "မဟုတ်သေးဘူးဟ။ အဲဒီလိုလုပ်တာ
နည်းမှန်မဟုတ်ဘူး။ တကယ်တော့ မင်းကြောင့် လိပ်သေချင်သေသွားနိုင်တယ်။
တုတ်တစ်ချောင်းနဲ့တော့ လိပ်ကို ဘယ်တော့မှ ဖွင့်ကြည့်လို့
ရမှာမဟုတ်ပါဘူး။"
ဦးလေးဖြစ်သူဟာ လိပ်ကို အိမ်ထဲယူသွားပြီး မီးဖိုအနီးမှာ
ထားလိုက်ပါတယ်။ လိပ်ဟာ ခေါင်းပြူ ထွက်မလာပေမယ့်လည်း မိနစ်အနည်းငယ်အကြာမှာ
နွေးထွေးမှုကို စတင်ခံစားလာရတယ်။ အဲဒီနောက် လိပ်ဟာ သူ့ဦးခေါင်းကိုထုတ်၊
ခြေလက်များကိုဆန့်တန့်ကာ စတင်ရွေ့လျားပါတော့တယ်။
ဦးလေးက ပြောပါတယ်။ "လူတွေဟာလည်း အဲဒီလိပ်လိုပဲကွ။
သူတို့ကို ဘယ်အရာမှ ဖိအားပေးလို့ မရနိုင်ပါဘူး။ ဒါပေမယ့် မင်းဟာ
သူတို့ကို ဖြစ်နိုင်သမျှထက်ပိုပြီး ကြင်နာမှုအချို့နဲ့ နွေးထွေးအောင်
ပြုလုပ်လိုက်မယ်ဆိုရင်တော့ သူတို့ဟာ မင်းစေခိုင်းသမျှ
လုပ်ပေးပါလိမ့်မယ်။"
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Lesson from a Terrapin
www.naylinaung1.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...