Friday, December 7, 2012

ကျွန်တော်သိပါပြီ (၂)


ကျွန်တော်သိပါပြီ…သင်ဟာ ကလေးတစ်ယောက်ကို သူ့ရဲ့အိပ်မက်တွေ မဖြစ်နိုင်ဘူးလို့ ဘယ်တော့မှ မပြောသင့်ပါဘူး။ အချို့အရာ အနည်းငယ်က အတော့်ကို အရှက်ကွဲ အကျိုးနည်းဖွယ်ရာ ဖြစ်တတ်ပါတယ်။ ကလေးတွေက အဲဒီစကားတွေကို ယုံနေမယ်ဆိုရင်တော့ ဝမ်းနည်းဖွယ်ကောင်းပါတယ်။
ကျွန်တော်သိပါပြီ…သင့်မိသားစုဟာ သင့်ဘေးမှာ အမြဲတမ်း ရှိနေပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ ရယ်စရာကောင်းချင် ကောင်းပါတယ်။ ဒါပေမဲ့ သင်နဲ့ ဆွေမျိုးလုံးဝမတော်တဲ့ လူတွေဟာ သင့်ကို ဂရုစိုက်ချစ်ခင်ပြီး လူတွေကို ပြန်လည်ယုံကြည်လာစေဖို့ သင်ပေးပါတယ်။
ကျွန်တော်သိပါပြီ…သူငယ်ချင်းတစ်ယောက်ဟာ ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ…မကြာခဏဆိုသလို သင့်ကို နာကြင်အောင် ပြုလုပ်မိပါလိမ့်မယ်။ အဲဒီအတွက် သင်ဟာ သူတို့ကို ခွင့်လွတ်ရပါမယ်။
ကျွန်တော်သိပါပြီ…အမြဲတမ်း အခြားသူတွေရဲ့ ခွင့်လွတ်မှု ခံရရုံနဲ့ မလုံလောက်ပါဘူး။ တစ်ခါတစ်ရံမှာ သင့်ကိုယ်တိုင် ခွင့်လွတ်တတ်ဖို့ သင်ယူရပါမယ်။
ကျွန်တော်သိပါပြီ…သင့်နှလုံးသာ ဘယ်လောက်ပင် ကွဲကြေနေပါစေ…လောကကြီးက သင့်ရဲ့ပူဆွေးမှုကို ရပ်တန့်ပေးမှာ မဟုတ်ပါဘူး။
ကျွန်တော်သိပါပြီ…နောက်ခံအကြောင်းနဲ့ အခြေအနေဟာ ကျွန်တော်တို့ဖြစ်တည်လာမဲ့ လူစားမျိုးအပေါ် လွမ်းမိုးမှု ရှိကောင်းရှိနိုင်ပါတယ်။ ဘယ်လိုလူစားမျိုး ဖြစ်လာပါစေ ကျွန်တော်တို့အပေါ်မှာပဲ တာဝန်ရှိပါတယ်။
ကျွန်တော်သိပါပြီ…လူနှစ်ဦး ရန်ဖြစ်နေတဲ့အခါ တစ်ဦးကိုတစ်ဦး မချစ်ဘူးလို့ မဆိုလိုပါဘူး။ လူနှစ်ဦး ရန်မဖြစ်တဲ့အတွက်ကြောင့်လည်း သူတို့ဟာ တစ်ဦးကိုတစ်ဦး ချစ်တယ်လို့ မဆိုလိုပါဘူး။
ကျွန်တော်သိပါပြီ…တစ်ခါတစ်ရံမှာ သင်ဟာ လူတစ်ဦးကို သူရဲ့လုပ်ဆောင်ချက်မကြည့်မီ ကြိုတင်ပြီး အကဲဖြတ်မိတတ်ပါတယ်။
ကျွန်တော်သိပါပြီ…သင်ဟာ လျှို့ဝှက်ချက်တစ်ခုတွေ့ဖို့ အလွန်အမင်း စိတ်အားထက်သန် မနေသင့်ပါဘူး။ ဒါဟာ သင့်ဘဝကို ထာဝရ ပြောင်းလဲပစ်နိုင်ပါတယ်။
ကျွန်တော်သိပါပြီ…လူနှစ်ဦးဟာ အရာတစ်ခုတည်းကို ကြည့်နေတယ်ဆိုပေမယ့်လည်း သူတို့ရဲ့ ရူမြင်ပုံကတော့ လုံးဝကို ကွဲပြားခြားနားပါတယ်။
ကျွန်တော်သိပါပြီ…ချစ်မေတ္တာထားတတ်ဖို့ မေတ္တာတည်မြဲဖို့ဆိုတာ နည်းလမ်းပေါင်းမြောက်များစွာ ရှိပါတယ်။
ကျွန်တော်သိပါပြီ…သင့်မှာ သူငယ်ချင်းတွေ ဘယ်လောက်ပင် ရှိနေပါစေ…သင်ဟာ သူတို့ရဲ့ ကျောက်တိုင်အဖြစ် ရပ်တည်နေရမယ်ဆိုရင်တော့ ငြီးငွေ့စိတ်ပျက်လာလိမ့်မယ်။ သူတို့ကို အလိုအပ်ဆုံးအချိန်တွေမှာ ဆုံးရှုံးသွားပါလိမ့်မယ်။
ကျွန်တော်သိပါပြီ…သင်လုံးဝမသိတဲ့ လူတွေကြောင့် နာရီပေါင်းများစွာ သင့်ရဲ့ဘဝ ပြောင်းလဲသွားနိုင်ပါတယ်။
ကျွန်တော်သိပါပြီ…သူငယ်ချင်းတစ်ဦးက သင့်ကို အကူအညီတောင်းတဲ့အခါ သင့်မှာ ပေးစရာမရှိတော့ဘူးလို့ တွေးထင်ထားတဲ့အချိန်မှာပင် ကူညီဖို့အားအင်တွေ တွေ့လာပါလိမ့်မယ်။
ကျွန်တော်သိပါပြီ…စာရေးခြင်းနဲ့ စကားပြောဆိုခြင်းဟာ စိတ်ခံစားမှုဝေဒနာတွေကို သက်သာစေပါတယ်။
ကျွန်တော်သိပါပြီ…နံရံမှာချိတ်ဆွဲထားတဲ့ ဘွဲ့လက်မှတ်တွေဟာ သင့်ကို ကောင်းမွန်တဲ့လူတစ်ဦး မဖြစ်စေနိုင်ပါဘူး။
ကျွန်တော်သိပါပြီ…ဘဝမှာ သင်ဂရုအစိုက်ဆုံးလူတွေဟာ မကြာမီမှာ သင့်ထံကနေ ထွက်ခွာသွားပါလိမ့်မယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; I Have Learned by Unknown

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...