ကျွန်တော် ပထမနှစ် ဂုဏ်ထူးတန်း(အင်္ဂလိပ်စာ)
ကျောင်းသားဘဝတုန်းက ရေးသားပြန်ဆိုခဲ့ပြီး The Best English မဂ္ဂဇင်း ဒီဇင်ဘာ (၂၀၀၃)
မှာ ပထမဆုံး ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ စာမူပါ။
“ငါ မင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး” ဟု အဘိုးအိုက ပြောသည်။
သားရေလို ရှုံ့တွနေသာ ပါးပြင်ထက်သို့ မျက်ရည်တစ်စက် လိမ့်ဆင်းလာသည်။ “ ငါလည်း အသက်ကြီးလာပြီ။
နောင်ဆို မင်းကို စောင့်ရှောက်နိုင်မှာ မဟုတ်တော့ဘူးကွာ”
မွန်စီယာဂျူပရီအမည်ရှိ ခွေးကလေးကတော့ ခေါင်းကလေးစောင်းငဲ့ကာ သူ့သခင်ကို
တအံ့တသြ ကြည့်နေပါသည်။ သူ့သခင် ဘာတွေပြောနေတာပါလိမ့်။
“ငါ့ကိုငါတောင် မစောင့်ရှောက်နိုင်တော့ဘူးကွာ။ မင်းကိုမင်း ဂရုစိုက်ပါတော့”
အဘိုးအိုက လည်ချောင်းရှင်းသည်။ အိပ်ကပ်ထဲမှ လက်ကိုင်ပုဝါကိုထုတ်ကာ ခပ်ပြင်းပြင်း နှပ်ညှစ်လိုက်သည်။
“ငါလည်း မကြာမီမှာပဲ ဘိုးဘွားရိပ်သာကို ပြောင်းရွေ့ရတော့မှာ။ မင်း
ငါနဲ့အတူ လိုက်နေလို့မရကြောင်း ပြောရတာတော့ စိတ်မကောင်းပါဘူး။ မင်းသိတဲ့အတိုင်း သူတို့ဆီမှာ
ခွေးတွေကို နေခွင့်မပြုဘူးလေ” အသက်ကြီးလာ၍ ခါးကိုင်းနေပြီဖြစ်သော အဘိုးအိုက မွန်စီယာ
ဂျူပရီထံသို့ ထော့နဲ့ထော့နဲ့ လျှောက်သွားပြီ ခေါင်းကို ပွတ်သပ်ပေးနေသည်။
“မစိုးရိမ်ပါနဲ့ သူငယ်ချင်းရာ၊ ငါတို့ အိမ်တစ်အိမ် ရှာကြမယ်လေ။ မင်းအတွက်
သင့်တော်တဲ့ အိမ်တစ်လုံးတော့ တွေ့ကောင်းပါရဲ့ကွာ” ထို့နောက် နောက်မှရသောအကြံကို ပြောဆိုလိုက်ပြန်သည်။
“မင်းလို ရူပါကောင်းပုံမျိုးနဲ့တော့ ဘယ်လိုမှ ဒုက္ခမရောက်နိုင်ပါဘူးကွာ။ မင်းလို ခွေးကောင်းခွေးသန့်ကို
ပိုင်ဆိုင်တဲ့သူက ဂုဏ်တောင်ယူလိမ့်ဦးမယ်”
မွန်စီယာဂျူပရီက သူ့အမြီးကို ခက်ခက်ခဲခဲ လှုပ်ရမ်းလိုက်ပြီး မီးဖိုချောင်
ကြမ်းပြင်ပေါ်တွင် ကြွားကြွားဝင့်ဝင့်နှင့် လူးလာခေါက်တုံ့ လျှောက်လှမ်းနေပါသည်။ ထိုအခိုက်မှာပင်
အဆီသုတ် အစာရနံ့နှင့်အတူ အဘိုးအို၏ ရင်းနှီးနေပြီးသား ကတိုးနံ့သင်းသင်းတို့က ခွေးကလေးအတွက်
အနံ့ခံ ကောင်းလို့နေသည်။ သို့ရာတွင် စိုးရိမ်ကြောက်ရွံ့မှု တစ်ဖန်ပေါ်ပေါက်လာပါသည်။ သူ့အမြီးကို
နောက်ခြေနှစ်ချောင်းကြား ကုတ်နေပြီး ငြိမ်သက်စွာရပ်နေသည်။
“ဒီကိုလာလေ” အဘိုးအိုက ကြမ်းပြင်ပေါ်သို့ ခက်ခက်ခဲခဲ ဒူးထောက်ထိုင်ချလိုက်ပြီး
မွန်စီယာဂျူပရီကို ချစ်မြတ်နိုးစွာ လှမ်းဆွဲလိုက်ပါသည်။ ခွေးကလေး၏လည်ပင်းမှာ အနီရောင်
လည်စည်းဖဲကြိုးကို ချည်နှောင်လိုက်ပါသည်။ ထို့နောက် စာတိုလေးတစ်ရွက်ကို ဖဲကြိုးတွင်
တပ်ဆင်လိုက်သည်။ စာတိုလေးက ဘာတွေပြောနေတာပါလိမ့်ဟု မွန်စီယာဂျူပရီ သိချင်နေမိသည်။
“ဒီလိုရေးထားတယ်”ဟု အဘိုးအိုက ကျယ်လောင်စွာ ရွတ်ဖတ်ပြပါသည်။ “ပျော်ရွှင်ဖွယ်ရာ
ခရစ္စမတ်ပါ။ ကျွန်တော့်နာမည် မွန်စီယာဂျူပရီပါ။ နံနက်စာအတွက် ကြိတ်နယ်ထားတဲ့ အာလူးနဲ့
အသားအချို့ကိုကြိုက်ပါတယ်။ ဒီလောက်ပါပဲ။ တစ်နေ့ နှစ်ကြိမ်စားပါတယ်။ အတုံ့အလှည့်အနေနဲ့
ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ သစ္စာအရှိဆုံးမိတ်ဆွေ ဖြစ်စေရပါမယ်”
“ဝူး…ဝူး…ဝူး…ဝူး…” မွန်စီယာဂျူပရီ စိတ်ညစ်သွားပါသည်။ သူ၏ မျက်လုံးများက
တောင်းပန်တိုးလျှိုးနေသည်။ ဘာတွေများ ဆက်ဖြစ်မည်မသိပေ။
အဘိုးအိုက လက်ကိုင်ပုဝါဖြင့် နောက်တစ်ကြိမ် နှပ်ညှစ်လိုက်ပါသည်။
ထို့နောက် ကုလားထိုင်တစ်လုံးကို ဆုပ်ကိုင်ကာ ကြမ်းပြင်ပေါ်မှ ထလိုက်ပါသည်။ အပေါ်ကုတ်အင်္ကျ
ီကို ကြယ်သီးတပ်ကာ ခွေးချည်ထားသောကြိုးကို လှမ်းဆွဲလိုက်ပြီး “ဒီကိုလာ သူငယ်ချင်း”ဟု
ကြင်နာစွာ ပြောလိုက်သည်။ ထို့နောက် အိမ်တံခါးကို ဖွင့်လိုက်သည်။ အပြင်ဘက်တွင် အေးမြသောလေတွေက
ခပ်ပြင်းပြင်း တိုက်ခတ်နေသည်။ ခွေးကလေးကိုဆွဲခေါ်ကာ အိမ်အပြင်သို့ ထွက်လိုက်ပါသည်။ နေဝင်သွားပါပြီကော…မွန်စီယာဂျူပရီ
အင်တင်တင်လုပ်နေသည်။ သူ ဘယ်ကိုမှ မသွားချင်ပေ။
“ငါ့ကို ပိုဒုက္ခရောက်အောင် အလုပ်ပါနဲ့ကွာ။ အခြားလူကောင်းတစ်ဦးနဲ့
တွေ့စေရမယ်လို့ ကတိပေးပါတယ်”
ထိုလမ်းကလေးမှ ထွက်ခွာလာခဲ့ပါသည်။ အဘိုးအိုနှင့် ခွေးကလေးတို့သည်
အေးမြသော ဆောင်းလေအေးထဲသို့ တိုးဝင်ကာ ရှေ့ဆက်လမ်းလျှောက်နေပါသည်။ နှင်းတွေ ကျစပြုလာပါပြီ။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးသောအခါ ဝိတိုရိယခေတ်က အိမ်ဟောင်းတစ်လုံးကို
အမှတ်မထင် တွေ့လိုက်ပါသည်။ သစ်ပင်များက အိမ်ကြီးကို ဝန်းရံနေပြီ လေကြောင့်ယိမ်းနွဲ့ကာ
တဝီဝီမြည်နေပါသည်။ ချမ်းအေးလှသဖြင့် ခိုက်ခိုက်တုန်နေရှာသော အဘိုးအိုနှင့် ခွေးကလေးတို့သည်
ထိုအိမ်ဆီသို့ ချဉ်းကပ်လာသည်။ ပြတင်းပေါက်တိုင်းတွင် ခပ်မှိန်မှိန် မီးသီးများဖြင့်
အလှဆင်ထားသည်။ အသံကို ထိန်းချုပ်သီဆိုနေသော ခရစ္စမတ်တေးသံများက လေနှင့်အတူ ပျံလွင့်လာပါသည်။
“ဒီအိမ်က မင်းအတွက် သင့်တော်ပါတယ်ကွာ” အဘိုးအိုက ပြောမထွက်သောစကားဖြင့်
ပြောရရှာသည်။ သူသည် ကိုယ်ကိုကိုင်းကာ ခွေးကလေးကို ကြိုးဖြည်ပေးလိုက်သည်။ ထို့နောက်
အသံမမြည်စေရန် ဝင်းတံခါးကို ဖြည်းဖြည်းဖွင့်လိုက်သည်။ “ကဲ ဆက်သွားတော့၊ လှေကားပေါ်တက်ပြီး
အိမ်တံခါးကို လက်နဲ့ကုတ်လိုက်ပါ”
မွန်စီယာဂျူပရီက အိမ်ကြီးဆီ ကြည့်နေရာမှ သူ့သခင်ကို လှမ်းကြည့်လိုက်ပါသည်။
ထို့နောက် အိမ်ဆီသို့ မျက်နှာမူလိုက်သည်။ သူနားမလည်ပေ။ “ဝူး…ဝူး…ဝူး…ဝူး…”
“ဆက်သွားလေ”ဟု အဘိုးအိုက တိုက်တွန်းပါသည်။ “ငါဟာ မင်းအတွက် အသုံးမဝင်တော့ပါဘူးကွာ”ဟု
အဘိုးအိုက အသံခပ်ပြတ်ပြတ်ဖြင့် ပြောလိုက်ပါသည်။ “ကဲ…သွားတော့ကွာ”
မွန်စီယာဂျူပရီ စိတ်ထိခိုက်သွားပါသည်။ သူ့သခင် သူ့ကိုမချစ်တော့ဟု
ထင်မြင်နေမိသည်။ အမှန်တကယ်တော့ သူ့သခင်က သူ့ကိုချစ်ခင်ပြီး နောက်ထပ်ဂရုမစိုက်နိုင်တော့တာကိုတော့
နားမလည်ရှာပေ။ ခွေးကလေးက အိမ်ဆီသို့ ဖြည်းလေးစွာသွားပြီး လှေကားပေါ် တက်လိုက်ပါသည်။
အိမ်ရှေ့တံခါးကို လက်ချောင်းဖြင့် ကုတ်လိုက်ပါသည်။ “ဝူး…ဝူး…ဝူး…ဝူး…”
နောက်လှည့်ကြည့်လိုက်သောအခါ သစ်ပင်နောက်ကွယ်သို့ လျှောက်သွားသော
သူ့သခင်ကို မြင်လိုက်၏။ ထိုအခိုက်မှာပင် အိမ်ထဲမှ လူတစ်ဦးက တံခါးလက်ကိုင်ဖုကို လှည့်လိုက်ပါသည်။
ကလေးငယ်တစ်ဦး ထွက်လာသည်။ အိမ်တွင်းမှ အလင်းရောင်များက တံခါးပေါက်အတိုင်း ဖြာဆင်းလာပါသည်။
လူငယ်လေးက မွန်စီယာဂျူပရီကို မြင်သောအခါ လက်နှစ်ဖက်ကိုမြှောက်လိုက်ပြီး ပျော်ရွှင်စွာ
အော်ပြောလိုက်ပါသည်။ “အို…ခွေးကလေးဗျ၊ မေမေနဲ့ဖေဖေ ခရစ္စမတ်ဘိုးဘိုး ဘာလက်ဆောင်ယူလာလဲဆိုတာ
လာကြည့်လှည့်ပါဦးဗျ”
သစ်ပင်နောက်ကွယ်မှ အဘိုးအိုက မျက်ရည်အဝိုင်းသားဖြင့် စောင့်ကြည့်နေပါသည်။
ထိုအချိန်တွင် လူငယ်လေး၏မိခင်က စာကိုဖတ်လိုက်သည်။ ထို့နောက် မွန်စီယာဂျူပရီကို အိမ်တွင်းသို့
ကြင်နာစွာခေါ်သွားသည်။ အဘိုးအိုက ပြုံးလိုက်ပြီး အေးမြစွတ်ဆိုနေသော ကုတ် အင်္ကျီ လက်ဖြင့်
မျက်ရည်သုတ်လိုက်ပါသည်။ ထို့နောက်တွင် “ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ပါ သူငယ်ချင်းရာ”ဟု
တီးတိုးရွတ်ဆိုရင်း အမှောင်ထုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားပါတော့သည်။
Christmas is not
in tinsel and lights and outward show.
The secret lies in an inner glow.
It's lighting a fire inside the heart.
Good will and joy a vital part.
It's higher thought and a greater plan.
It's glorious dream in the soul of man.
~ Wilfred A. Peterson
The secret lies in an inner glow.
It's lighting a fire inside the heart.
Good will and joy a vital part.
It's higher thought and a greater plan.
It's glorious dream in the soul of man.
~ Wilfred A. Peterson
ခရစ္စမတ်ဆိုတာ
တန်ဆာဆင်ထားတဲ့ ကုလားရွှေ၊ မီးအလှတွေနဲ့ အပြင်ပန်း အသွင်သဏ္ဍာန်မှာ မရှိပါဘူး။
ခရစ္စမတ်ရဲ့
လျှို့ဝှက်ချက်ဟာ အတွင်းပိုင်းမှာ ခမ်းနားတောက်ပစွာ ရှိနေတာပါ။
ခရစ္စမတ်ဟာ
နှလုံးသားအတွင်းမှာရှိတဲ့ မီးလင်းဖိုကို မီးညှိပေးတဲ့အရာပါ။
စိတ်စေတနာကောင်းခြင်းနဲ့
ပျော်ရွှင်မှုဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။
ခရစ္စမတ်ဆိုတာ
ပိုပြီးမြင့်မားတဲ့ အတွေးအခေါ်တွေအတွက်နဲ့ ပိုပြီးကောင်းမွန်တဲ့ အစီအစဉ်တွေအတွက်
ဖြစ်ပါတယ်။
ခရစ္စမတ်ဆိုတာ
လူတစ်ဦးရဲ့ အသည်းနှလုံးအတွင်းမှာရှိတဲ့ မွန်မြတ်ကောင်းမွန်တဲ့
စိတ်ကူးအိပ်မက်အတွက်လည်း ဖြစ်ပါတယ်။
နေလင်းအောင်
By Christa Holder Ocker
"I will never forget you," the old man said. A tear rolled down
his leathery cheek. "I'm getting old. I can't take care of you
anymore."
With his head tilted to one side, Monsieur DuPree watched his master.
"Woof, woof! Woof, woof!" He wagged his tail back and forth,
wondering, What's he talking about?
"I can't take care of myself anymore, let alone take care of
you." The old man cleared his throat. He pulled a hankie from
his pocket and blew his nose with a mighty blast.
"Soon, I'll move to an old-age home, and, I'm sorry to say, you can't come
along. They don't allow dogs there, you know." Bent over from
age, the old man limped over to Monsieur DuPree and stroked the dog's head.
"Don't worry, my friend. We'll find a home. We'll find a nice
new home for you." As an afterthought he added, "Why, with your
good looks, we'll have no trouble at all. Anyone would be proud to own
such a fine dog."
Monsieur DuPree wagged his tail really hard and strutted up and down the
kitchen floor. For a moment, the familiar musky scent of the old man
mingling with the odor of greasy food gave the dog a feeling of
well-being. But then a sense of dread took hold again. His tail
hung between his legs and he stood very still.
"Come here." With great difficulty, the old man knelt down on
the floor and lovingly pulled Monsieur DuPree close to him. He tied a
ribbon around the dog's neck with a huge red bow, and then he attached a note
to it. What does it say? Monsieur DuPree wondered.
"It says," the old man read aloud, "Merry Christmas! My
name is Monsieur DuPree. For breakfast, I like bacon and eggs - even
cornflakes will do. For dinner, I prefer mashed potatoes and some
meat. That's all. I eat just two meals a day. In return, I will
be your most loyal friend."
"Woof, woof! Woof, woof!" Monsieur DuPree was confused, and his
eyes begged, What's going on?
The old man blew his nose into his hankie once more. Then, hanging on to
a chair, he pulled himself up from the floor. He buttoned his overcoat,
reached for the dog's leash and softly said, "Come here, my
friend." He opened the door against a gust of cold air and stepped
outside, pulling the dog behind. Dusk was beginning to fall.
Monsieur DuPree pulled back. He didn't want to go.
"Don't make this any harder for me. I promise you, you'll be much
better off with someone else."
The street was deserted. Leaning into the wintry air, the old man and his
dog pushed on. It began to snow.
After a very long time, they came upon an old Victorian house surrounded by
tall trees, which were swaying and humming in the wind. Shivering in the
cold, they appraised the house. Glimmering lights adorned every window,
and the muffled sound of a Christmas song was carried on the wind.
"This will be a nice home for you," the old man said, choking on his
words. He bent down and unleashed his dog, then opened the gate slowly,
so that it wouldn't creak. "Go on now. Go up the steps and
scratch on the door."
Monsieur DuPree looked from the house to his master and back again to the
house. He did not understand. "Woof, woof! Woof, woof!"
"Go on." The old man gave the dog a shove. "I have
no use for you anymore," he said in a gruff voice. "Get going
now!"
Monsieur DuPree was hurt. He thought his master didn't love him
anymore. He didn't understand that, indeed, the old man loved him very
much but could no longer care for him. Slowly, the dog straggled toward
the house and up the steps. He scratched with one paw at the front
door. "Woof, woof! Woof, woof!"
Looking back, he saw his master step behind a tree just as someone from inside
turned the doorknob. A little boy appeared, framed in the doorway by the
warm light coming from within. When he saw Monsieur DuPree, the little
boy threw both arms into the air and shouted with delight, "Oh boy!
Mom and Dad, come see what Santa brought!"
Through teary eyes, the old man watched from behind the tree as the boy's
mother read the note. Then she tenderly pulled Monsieur DuPree
inside. Smiling, the old man wiped his eyes with the sleeve of his cold,
damp coat. Then he disappeared into the night, whispering, "Merry
Christmas, my friend."