Sunday, June 17, 2012

ဖခင်တစ်ဦးရဲ့မေတ္တာ (အဖေများနေ့အတွက် အမှတ်တရ)



ကျွန်တော် အဖေများနေ့ မေ့နေသလို မြန်မာပြည်မှာရှိတဲ့ လူအများစုကလည်း မေ့နေမယ်ထင်ပါတယ်။ အမေများနေ့တုန်းက မိခင်နဲ့ပတ်သက်တဲ့ စာမူတွေ အများကြီးတွေ့ခဲ့ပေမဲ့ အဖေများနေ့မှာတော့ ကျွန်တော်ဝင်ရောက်နေတဲ့ ဆိုရှယ်ဆိုဒ်များမှာ သိပ်မတွေ့ရပါဘူး။ ဒါနဲ့ ကျွန်တော် ဖခင်များနေ့နဲ့ပတ်သက်ပြီး အဖေ့မေတ္တာကိုဖော်ကျူးတဲ့ အကောင်းဆုံးစာမူ ပြန်ဆိုဖော်ပြချင်မိပါတယ်။ အင်တာနက်မှာ ရှာဖွေကြည့်ရာ  စာမူကောင်း မတွေ့ရတဲ့အတွက် နဂိုရှိပြီးသား ဖခင်မေတ္တာကို ဖော်ညွန်းနိုင်တဲ့ စာမူတစ်ပုဒ်ကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အဖေများနေ့ကို သတ်မှတ်ပေးထားမှု မရှိပါ။ သင့်တော်တဲ့အချိန် ကျင်းပသင့်လို့ထင်မြင်မိပါတယ်။ အခြားနိုင်ငံတွေမှာ ကျင်းပတဲ့ အဖေများနေ့ကို ဖော်ပြလိုက်ပါတယ်။
အမေရိကန် ၊ဗြိတိန်နဲ့ ကနေဒါတို့မှာတော့ အဖေများနေ့ဟာ ၁၉၆၆ ခုနှစ်မှာ အမျိုးသားနေ့ ပြုလုပ်ပြီးနောက် ဇွန်န်လ (၃) ရက် တနင်္ဂနွေနေ့မှာ စတင်ကျင်းပခဲ့ပါတယ်။  သြစတေးလျနဲ့ နယူးဇီလန်တို့မှာတော့ စက်တင်ဘာလရဲ့ ပထမဆုံး တနင်္ဂနွေနေ့မှာ ကျင်းပပါတယ်။ အခြားတိုင်းပြည်တွေကတော့ အဖေများနေ့ကို တစ်နှစ်ပတ်လုံး ကျင်းပပါတယ်။
နှစ်
အမေရိကန် ၊ဗြိတိန်နဲ့ ကနေဒါတို့မှာကျင်းပတဲ့ အဖေများနေ့
သြစတေးလျနဲ့ နယူးဇီလန်တို့မှာကျင်းပတဲ့ အဖေများနေ့
2010
June 20
September 5
2011
June 19
September 4
2012
June 17
September 2
2013
June 16
September 1
2014
June 15
September 7
2015
June 21
September 6
2016
June 19
September 4




ဖခင်တစ်ဦးရဲ့မေတ္တာ
 ဖခင်ဆိုတာ ဘယ်နေရာ၊ ဘယ်အချိန်ရောက်ရောက် သားသမီးရဲ့ အကျိုးတရားကိုသာ ရှေ့ရူကြည့်ပေးတတ်သူပါ။

နေလင်းအောင်
လယ်သမားတစ်ဦးဟာ အလွန်အိုမင်းလာတဲ့အတွက် လယ်မလုပ်နိုင်တော့ပါ။ ဒါကြောင့် သူဟာ အိမ်ရှေ့ဆင်ဝင်မှာထိုင်ရင်း တစ်နေ့လုံး အချိန်ဖြုန်းရပါတယ်။ သားဖြစ်သူကတော့ လယ်ကို ဆက်လက်လုပ်ကိုင်ရင်း အခါအခွင့်သင့်တိုင်း ဖခင်ကို ရှာဖွေကြည့်ရူ့ရာ ဆင်ဝင်မှာ ထိုင်နေကြောင်း တွေ့ရပါတယ်။ သားဖြစ်သူက တွေးနေမိတယ်။

 
“အဖေဟာ အသုံးမဝင်တော့ဘူး။ ငါတို့အတွက် ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်တော့ပါဘူး”
တစ်နေ့မှာတော့ သားဖြစ်သူဟာ ဒါကိုတွေးရင်း အလွန်ဒေါသထွက်လာတယ်။ သူဟာ သစ်သားအခေါင်းတစ်လုံး ပြုလုပ်ပြီး ဆင်ဝင်ဆီဆွဲသွားကာ ဖခင်ကို အခေါင်းထဲဝင်ဖို့ ပြောဆိုပါတယ်။ ဖခင်ကတော့ စကားတစ်ခွန်းမှ ပြန်မပြောဘဲ အခေါင်းထဲဝင်လိုက်တယ်။ သားဖြစ်သူဟာ အခေါင်းဖုံးကိုပိတ်ပြီးနောက် လယ်ကွက်ရဲ့အစွန်းဆီ ဒရွတ်တိုက် ဆွဲသွားတယ်။ အဲ့ဒီနေရာမှာ မတ်စောက်တဲ့ ကမ်းပါးစောက်တစ်ခု ရှိနေပါတယ်။ သူဟာ ကမ်းပါးစောက်ထဲ အခေါင်းပစ်ခါနီးနေတဲ့အချိန်မှာ အခေါင်းဖုံးကိုထုနေတဲ့ အသံသဲ့သဲ့ကို ကြားလိုက်မိတယ်။
သူ အခေါင်းဖုံးကို ဆွဲဖွင့်လိုက်တယ်။ အခေါင်းထဲမှာ ငြိမ်းချမ်းစွာလဲလျောင်းနေတဲ့ ဖခင်ဖြစ်သူဟာ သားကိုမော့ကြည့်ရင်း ပြောလိုက်ပါတယ်။
“သား အဖေကို ကမ်းပါးစောက်ထဲ ပစ်မယ်ဆိုတာ အဖေသိနေခဲ့တယ်။ ဒါပေမဲ့ မပစ်ခင် သားကို အဖေ အကြံပေးပါရစေ…”
“အဲဒီအကြံက ဘာလဲ”လို့ သားဖြစ်သူက ပြန်မေးလိုက်တယ်။
ဖခင်က “သား အဆင်ပြေမယ်ဆိုရင်တော့ အဖေ့တစ်ယောက်တည်းပဲ ကမ်းပါးစောက်ထဲ ပစ်လိုက်ပါ။ ဒါပေမဲ့ ဒီသစ်သားအခေါင်းကိုတော့ ယူထားစေချင်တယ်။ သားရဲ့ကလေးတွေအတွက် ဒီသစ်သားတွေဟာ အသုံးဝင်ချင် ဝင်နိုင်ပါတယ်”လို့ ပြန်ပြောလိုက်တယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; A Useless Life by Unknown
www.nla2012.blogspot.com

1 comment:

poemflower said...

သားသမီးများ ဖခင်မေတ္တာကို သေချာသိသင့်ပါတယ်...

ပြောချင်ရာများ ပြောခဲ့ဖို့...