Saturday, June 30, 2012

ဘဝဆိုတာ ကော်ဖီတစ်ခွက်



 Live simply. Love generously. Care deeply. Speak kindly.
ရိုးရိုးသားသား နေထိုင်ပါ။  သဘောထားကြီးကြီး ချစ်ခင်ပါ။ လှိုက်လှိုက်လှဲလှဲ ဂရုစိုက်ပါ။ ကြင်ကြင်နာနာ ပြောဆိုပါ။ 
နေလင်းအောင်
               
                 အလုပ်အကိုင်အခြေတကျဖြစ်နေသော တပည့်ဟောင်းတစ်စုသည် သူတို့၏
တက္ကသိုလ်ပါမောက္ခဆရာတစ်ဦးထံ အတူတကွ အလည်သွားကြ၏။ စကားစမြည်ပြောဆိုကြရာ မကြာမီပင် ဘဝရှင်သန်မှုနှင့် အလုပ်ခွင်အတွင်း တွေ့ကြုံနေရသော စိတ်ဖိစီးမှုများကို ညည်းညူပြောဆိုကြ၏်။
              တပည့်များကို ကော်ဖီဖြင့်ဧည့်ခံရန် ပါမောက္ခဆရာကြီးက မီးဖိုခန်းထဲဝင်သွားပြီး ကော်ဖီအိုးကြီးတစ်လုံးနှင့်အတူ ခွက်အမျိုးမျိုးကို သယ်ဆောင်လာခဲ့၏်။ ကြွေခွက်၊ ပလတ်စတစ်ခွက်၊ ဖန်ခွက်၊ သလင်းခွက်စသည်ဖြင့် ခွက်မျိုးစုံ၏။ အချို့ခွက်များက ရိုးရှင်း၏။ အချို့ကမှု အလွန်လှပကြ၏။ ဆရာကြီးက သူ၏တပည့်များကို ကိုယ်တိုင် ကော်ဖီထည့်သောက်စေသည်။
              ကျောင်းသားအားလုံး လက်ထဲတွင် ကော်ဖီခွက်ကိုယ်စီဖြင့် ရှိသောအခါ ပါမောက္ခကြီးက ဤသို့ပြောဆိုသည်။
               ”တပည့်တို့ သတိထားမိမယ်ဆိုရင် တပည့်တို့က လှပပြီး ဈေးကြီးပုံပေါ်တဲ့ ကော်ဖီခွက်အားလုံးကို ကောက်ယူကြပြီး ရိုးရှင်းပြီး ဈေးနည်းပုံပေါ်တဲ့ ခွက်တွေကိုတော့ ချန်ထားကြတယ်။ မိမိအတွက်ဆိုရင် အကောင်းဆုံးကိုပဲ ရယူချင်တယ်ဆိုတာ သဘာဝဆိုပေမဲ့ ဒါဟာ ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းပဲ....
              ခွက်ဟာ ကော်ဖီရဲ့ အရသာကို ပြောင်းမပေးနိုင်ကြောင်း ယုံကြည်ထားပါ။ အချို့ခွက်တွေက ဈေးကြီးလိမ့်မယ်။ အချို့ခွက်တွေကတော့ ငါတို့ ဘာသောက်နေသလဲဆိုတာ မသိရအောင် ဖုံးကွယ်နေလိမ့်မယ်။ တပည့်တိုအားလုံး တကယ်အလိုရှိတာက ကော်ဖီပါ။ ခွက်မဟုတ်ပါဘူး။ ဒါပေမဲ့ တပည့်တို့ဟာ အကောင်းဆုံးခွက်တွေကိုပဲ အလိုရှိနေကြတယ်။ ပြီးတော့ တစ်ယောက်ချင်းစီရဲ့ ခွက်တွေကိုလည်း လေ့လာအကဲခတ်နေကြတယ်။
               ကဲ.... ဘဝဆိုတာ ကော်ဖီပဲလို့ စဉ်းစားကြည့်လိုက်ပါ။ လူ့အဖွဲ့အစည်းမှာ အလုပ်အကိုင်၊ ငွေနှင့် ရာထူးအဆင့်အတန်းဆိုတာ ခွက်တွေပေါ့ကွာ။ ဒါတွေဟာ ဘဝကို ဆုပ်ကိုင်ထည့်သွင်းထားတဲ့ ကိရိယာတွေပါ။ ပြီးတော့ ငါတို့မှာရှိတဲ့ ခွက်အမျိုးအစားတွေက ငါတို့ရှင်သန်နေထိုင်တဲ့ ဘဝရဲ့ အရည်အသွေးကို အဓိပ္ပါယ်မသတ်မှတ်နိုင်၊ ပြောင်းလည်းမပြောင်းနိုင်ပါဘူး။
           တစ်ခါတစ်ရံ ခွက်ကိုသာ အာရုံစိုက်နေခြင်းဖြင့် ကော်ဖီကို အရသာခံစားဖို့ မေ့လျော့နေတတ်တယ်။ ခွက်တွေကို အာရုံမစိုက်ဘဲ ကော်ဖီကိုသာ နှစ်သက်လက်ခံလိုက်ပါ။ အပျော်ရွှင်ဆုံးလူတွေမှာ အကောင်းဆုံးအရာတွေ ရှိမနေပါ။ သူတို့က အရာရာကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေကြတာပါ။”


နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Life is like a cup of coffee by Unknown
www.naylinaung1.blogspot.com
 

Life is Like a Cup of Coffee

Spiritual Story by Unknown

A group of alumni, highly established in their careers, got together to visit their old university professor. Conversation soon turned into complaints about stress in work and life.

Offering his guests coffee, the professor went to the kitchen and returned with a large pot of coffee and an assortment of cups - porcelain, plastic, glass, crystal, some plain looking, some expensive, some exquisite - telling them to help themselves to the coffee.

When all the students had a cup of coffee in hand, the professor said: "If you noticed, all the nice looking expensive cups have been taken up, leaving behind the plain and cheap ones. While it is normal for you to want only the best for yourselves, that is the source of your problems and stress.

Be assured that the cup itself adds no quality to the coffee. In most cases it is just more expensive and in some cases even hides what we drink. What all of you really wanted was coffee, not the cup, but you consciously went for the best cups... And then you began eyeing each other's cups.

Now consider this: Life is the coffee; the jobs, money and position in society are the cups. They are just tools to hold and contain Life, and the type of cup we have does not define, nor change the quality of life we live.

Sometimes, by concentrating only on the cup, we fail to enjoy the coffee. Savor the coffee, not the cups! The happiest people don't have the best of everything. They just make the best of everything.

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...