Saturday, June 2, 2012

မျက်မမြင်လူများနှင့် ဆင်အကြောင်း

နေလင်းအောင်

  တစ်စုံတစ်ခုကို ရူမြင်ကြည့်ရူတဲ့အခါ ဘယ်တော့မှ နည်းလမ်းတစ်ခုတည်း
မရှိနိုင်ပါ။ ကြည့်ရူ့သူအပေါ်မူတည်ပြီး ရူထောင့်အမျိုးမျိုး၊ အဓိပ္ပါယ်အမျိုးမျိုး၊ နားလည်မှုအမျိုးမျိုး ရှိတတ်ကြပါတယ်။
          မျက်မမြင်များနှင့် ဆင်ပုံပြင်မှာ မူကွဲအမျိုးမျိုး ရှိပါတယ်။ ဒီပုံပြင်ဟာ ယဉ်ကျေးမှုအမျိုးမျိုး အထူးသဖြင့် တရုတ်၊ အာဖရိကနှင့် အိန္ဒိယတို့မှာ ပေါ်ပေါက်ခဲ့တဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်ပြီး
နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိခဲ့ပေပြီ။ ပုံပြင်အချို့မှာမျက်မမြင်သုံးယောက်၊ အချို့ကတော့ ငါးယောက်သို့မဟုတ် ခြောက်ယောက်အဖြစ် ပုံဖော်ကြပါတယ်။ ဒါပေမဲ့ ပြောကြားချင်တဲ့ သတင်းစကားကတော့ အတူတူပါပဲ။ အောက်ဖော်ပြပါ ပုံပြင်ကတော့ မျက်မမြင်ခြောက်ယောက်နဲ့ ဆင်အကြောင်းပါ။
           ဆင်ကိုမမြင်ဘူးတဲ့ မျက်မမြင်ခြောက်ယောက်က ဆင်ဟာ အလွန်ထူးဆန်းတဲ့
သတ္တဝါဆိုတာ ကြားရတဲ့အခါ ဘယ်လိုပုံသဏ္ဌန် ရှိတယ်ဆိုတာ ဆွေးနွေးကြပါတယ်။ ဒါကြောင့် မျက်မမြင်ခြောက်ယောက်က ဆင်ဟာ ဘယ်လိုပုံစံရှိတယ်ဆိုတာသိဖို့ ဆင်တစ်ကောင်ကို ရှာဖွေရန် သဘောတူကြပါတယ်။
           သိပ်မရှာလိုက်ရဘဲ အနီးအနားမှာရှိတဲ့ ဈေးတစ်ဈေးမှာ ဆင်တစ်ကောင်ကို သူတို့
တွေ့ရပါတယ်။ ပထမမြောက်မျက်မမြင်က ဆင်ဆီရောက်လာကာ ဘေးဘက်နံရံပြားကို စမ်းလိုက်မိတယ်။ သူဟာ သူငယ်ချင်းများကို " ငါ့အတွက်တော့ ဆင်ဟာနံရံတစ်ခုနဲ့ တူတယ်" လို့ ပြောလိုက်ပါတယ်။
          ဒုတိယမျက်မမြင်ကလည်း ဆင်ဆီရောက်လာကာ နှာမောင်းကို စမ်းလိုက်မိပါတယ်။
"မဟုတ်သေးဘူးကွ။ ဒါဟာ လုံးဝန်းပြီး ချွန်ထက်တယ်။ ဆင်ဆိုတာ လှန်နဲ့တူလိမ့်မယ်"
          တတိယမြောက်မျက်မမြင်ကလည်း စူးစမ်းလိုစိတ်ဖြစ်ပေါ်ကာ ဆင်ဆီရောက်လာပြီး
နှာမောင်းကို စမ်းလိုက်မိပါတယ်။ "ဟုတ်ပြီ... မင်းတို့နှစ်ယောက်ပြောတာ ငါသဘောမတူဘူး။ ငါကတော့ တွန့်လိမ်ကွေ့ကောက်နေတဲ့ အရာတစ်ခုကို စမ်းမိတယ်။ ဆင်ဆိုတာက မြွေနဲ့တူတယ်ဆိုတာ သေချာပါတယ်ကွာ"
          ဒီအချိန်မှာ စတုတ္ထမျက်မမြင်က တကယ့်ကို ဇဝေဇဝါ ဖြစ်သွားပါတယ်။ သူလည်း
ဆင်ဆီရောက်လာကာ ခြေထောက်ကို စမ်းလိုက်မိပါတယ်။ " မင်းတို့အားလုံးပြောနေတာ
လုံးဝအဓိပ္ပါယ်မရှိဘူး။ အကြောင်းကတော့ ဆင်ဆိုတာ သစ်ပင်တစ်ပင်နဲ့ တူတာ ရှင်းနေလို့ပဲ" လို့ သူကပြောလိုက်တယ်။
         ပဉ္စမမြောက်မျက်မမြင်လည်း စိတ်ရှုပ်သွားကာ ရှေ့သို့ထွက်လာပြီး ဆင်ရဲ့နားကို ဆုပ်ကိုင်လိုက်မိတယ်။ "မင်းတို့အားလုံး အရူးတွေပဲ။ ဆင်ဆိုတာ ယပ်တောင်လိုပါကွာ"
         ဒီအချိန်မှာ ဆဌမမြောက်မျက်မမြင်က ဆင်ဆီချည်းကပ်ကာ
အမြီးကိုစမ်းလိုက်မိတော့ သဘောမတူဘဲ ဝင်ပြောပြန်တယ်။ "မင်းတို့အားလုံး ပြောတာ
တစ်ခုမှမမှန်ဘူး။ ဆင်ဆိုတာ ကြိုးတစ်ချောင်းလိုပဲ"
          ဒီလိုနဲ့ မျက်မမြင်ခြောက်ယောက်က ဆင်ဟာ ဘယ်လိုပုံသဏ္ဌန်ရှိတယ်ဆိုတာ
ကိုယ်ပိုင်အတွေ့အကြုံပေါ်မူတည်ပြီး ဆက်လက်ငြင်းခုံကြပါတယ်။ ဒီငြင်းခုံမှုနဲ့ပတ်သက်ပြီး သူတို့အားလုံး ဘယ်တော့မှ မဖြေရှင်းနိုင်တော့ပါဘူး။ တစ်ဦးစီက မိမိစိတ်ကူးနဲ့ ဆုံးဖြတ်ချက်ချကြတယ်။ မည်သူမှ ဆင်တစ်ကောင်လုံးကို စမ်းမကြည့်သလို တစ်ဦးစီရဲ့ ရူထောင့်ကိုလည်း နားလည်ပေးမှုမရှိကြ။ မျက်မမြင်တစ်ယောက်စီက ဆင်ကို အမျိုးမျိုး
ရူမြင်ကြပြီး သူတို့ရူမြင်တဲ့ အပိုင်းတစ်ခုစီက မှန်ကောင်းမှန်နိုင်ပေမဲ့ တစ်ခုလုံးအနေနဲ့တော့ မှန်ကန်မှုမရှိပါ။
        တစ်စုံတစ်ခုကို ရူမြင်ကြည့်ရူတဲ့အခါ ဘယ်တော့မှ နည်းလမ်းတစ်ခုတည်း
မရှိနိုင်ပါ။ ကြည့်ရူ့သူအပေါ်မူတည်ပြီး ရူထောင့်အမျိုးမျိုး၊ အဓိပ္ပါယ်အမျိုးမျိုး၊ နားလည်မှုအမျိုးမျိုး ရှိတတ်ကြပါတယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; The Blind Men and the Elephant by Unknown

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...