Saturday, June 2, 2012

နိုင်ငံရပ်ခြားဟာသများ(၃)



   အတွေးမှား                   
ကိုလူချော  

တစ်ခါက ညားခါစ ဇနီးမောင်နှံနှစ်ဦးသည် သင်္ဘောပျက်သဖြင့် ကျွန်းတစ်ကျွန်းပေါ် ရောက်ရှိသွားသည်။ ဇနီးဖြစ်သူက သူမခင်ပွန်းကို အားကိုးတကြီးကြည့်ကာ မေးလိုက်သည်။
“ကျွန်မတို့ ဒီလိုထိုင်ပြီး အချိန်ဖြုန်းနေလို့ မဖြစ်သေးဘူး။ ဘာလုပ်ကြမလဲ ”
“ဟုတ်သားပဲ။ ငါ့မှာ စိတ်ကူးတစ်ခုရပြီကွ”
ဇနီးက ပျော်ရွှင်သွားပြီးနောက် သူ့ကိုမေးသည်။
“ဆိုစမ်းပါဦးရှင်”
“ဒီနေရာက မကြာမီ နေပူလာလိမ့်မယ်။ ငါတို့ ဟိုနားရွှေ့ပြီး ထိုင်ကြရအောင်နော်”
ဈေးကြီးတာဆိုလို့
ဟယ်ရီအမည်ရှိ ကောင်ကလေးသည် သူ့ကောင်မလေး မွေးနေ့အတွက် ဘာဝယ်ပေးရမည်ဆိုသည်ကို ဝေခွဲမရဖြစ်နေသည်။
“အို... ကျွန်မကို ဈေးကြီးတဲ့ တစ်နေရာရာ ခေါ်သွားပေါ့” ဟု သူ့ရည်းစားက ပြောသည်။
ထို့ကြောင့် သူသည် သူ့ရည်းစားအား ဓာတ်ဆီဆိုင်သို့ ပို့ဆောင်ပေးလိုက်သည်။
အလွယ်လေး
အတွေ့အကြုံ နုသေးသော ရဲအရာရှိနှစ်ဦးသည် လမ်းထဲတွင် လက်ပစ်ဗုံး သုံးလုံးတွေ့ရာ စခန်းသို့ ယူဆောင်သွားရန်ဆုံးဖြတ်လိုက်သည်။
“တစ်လုံးပေါက်သွားရင် ဘယ်လိုလုပ်မလဲ” ဟု အရာရှိငယ်က မေးသည်။
အခြားအရာရှိက စိတ်အေးလက်အေးဖြင့် “ ကိစ္စမရှိပါဘူးကွာ။ နှစ်လုံးပဲ တွေ့တယ်လို့ ပြောလိုက်မယ်လေ” ဟု ပြန်ပြောလိုက်သည်။
အထင်
လူတစ်ယောက်သည် ဗေဒင်ဆရာမထံသွားကာ ဖန်လုံးရှေ့တွင် ထိုင်ချလိုက်ပါသည်။
“ခင်ဗျားက ကလေးနှစ်ယောက် အဖေဆိုတာ ကျွန်တော် မြင်နေရတယ်” ဟု ဗေဒင်ဆရာက ပြောသည်။
“ဒါ ခင်ဗျားအထင်ပဲလေ။ ကျွန်တော်က ကလေးသုံးယောက် အဖေပါ” ဟု ထိုသူက ပြန်ပြောသည်။ ထိုအခါ ဗေဒင်ဆရာက ပြုံးလျက် ပြန်ပြောပါသည်။
“ဒါကလည်း ခင်ဗျားအထင်ပဲကိုး”
ကိုလူချော ဘာသာပြန်ဆိုသည်။

1 comment:

Unknown said...

ဟာသလေးတွေကကောင်းပါတယ်
စိတ်ကိုအနည်းငယ်ပေါ့သွားစေတဲ့အတွက် ကျေးဇူးနော်
အားပေးပါတယ်ရှင်

သက်သခင်

ပြောချင်ရာများ ပြောခဲ့ဖို့...