သူငယ်ချင်းဆိုတဲ့ဘူးကလေး
ခိုင်မာတောင့်တင်းသေချာဖို့ရာ
တည်ရှိရာအောက်ခြေပြင်မှာ
ရိုသေလေးစားမှုဆိုတဲ့ အလွှာလေး
အရင်ဆုံးခင်းလိုက်ပါ။
ဘေးအနားတွေတွေ့ဆုံရာ
ထောင့်ချိုးတွေတိုင်းမှာ
လိမ်ညာလှည့်စားခြင်းကင်းတဲ့
ခိုင်မာယုံကြည်ခြင်းကျောက်ဆူးတွေ
အများအပြားနဲ့တပ်ဆင်ပါ။
မိတ်ဆွေဖြစ်ခြင်းရဲ့အမြင့်ကို
လေးဘက်လေးတန်နဲ့တိုင်းတာနိုင်တဲ့အတွက်
အနားကြီးကြီးရအောင် ကိုက်ဖြတ်ပါ။
ပြီးတော့....
ဘူးလေးကိုပိုပြီးမြင့်မားဖို့
ယဉ်ကျေးဖွယ်ရာလုပ်ရပ်တွေ...
ရိုးသားမှုနဲ့လေးစားမှုတွေ...
နားလည်မှုနဲ့စာနာမှုတွေ...
ဖြည့်လိုက်ပါ။
ပြီးတော့.....
စိတ်ကူးအိပ်မက်အတွက် စိတ်ဇောအဟုန်
ရိုးဖြောင့်သစ္စာရှိမှုပါ ထည့်ပေါင်းပါ။
ပျော်ရွှင်မှုနဲ့မေတ္တာတရားဟာ
အရေးကြီးဆုံးအရာဖြစ်တဲ့အတွက်
အပေါ်ဆုံးအဖုံးအဖြစ် ထားလိုက်ပါ။
ဒါပေမဲ့လည်းလေ.....
သင်ဂုဏ်ယူစွာပြုလုပ်ထားတဲ့ဘူးထဲထည့်ထားတဲ့
မိတ်ဆွေစိတ်ရဲ့အကျိုးသက်ရောက်မှုကိုမြင်ဖို့
အများအပြားနဲ့တပ်ဆင်ပါ။
မိတ်ဆွေဖြစ်ခြင်းရဲ့အမြင့်ကို
လေးဘက်လေးတန်နဲ့တိုင်းတာနိုင်တဲ့အတွက်
အနားကြီးကြီးရအောင် ကိုက်ဖြတ်ပါ။
ပြီးတော့....
ဘူးလေးကိုပိုပြီးမြင့်မားဖို့
ယဉ်ကျေးဖွယ်ရာလုပ်ရပ်တွေ...
ရိုးသားမှုနဲ့လေးစားမှုတွေ...
နားလည်မှုနဲ့စာနာမှုတွေ...
ဖြည့်လိုက်ပါ။
ပြီးတော့.....
စိတ်ကူးအိပ်မက်အတွက် စိတ်ဇောအဟုန်
ရိုးဖြောင့်သစ္စာရှိမှုပါ ထည့်ပေါင်းပါ။
ပျော်ရွှင်မှုနဲ့မေတ္တာတရားဟာ
အရေးကြီးဆုံးအရာဖြစ်တဲ့အတွက်
အပေါ်ဆုံးအဖုံးအဖြစ် ထားလိုက်ပါ။
ဒါပေမဲ့လည်းလေ.....
သင်ဂုဏ်ယူစွာပြုလုပ်ထားတဲ့ဘူးထဲထည့်ထားတဲ့
မိတ်ဆွေစိတ်ရဲ့အကျိုးသက်ရောက်မှုကိုမြင်ဖို့
ဘူးထဲမှာရှိတာ အားလုံးမြင်နိုင်ဖို့
ဘူးလေးကိုကျယ်ကျယ် ဖွင့်ထားလိုက်ပါ။
နေလင်းအောင် ပြန်ဆိုသည်။
Ref; A Box of Friendship by Unknownဘူးလေးကိုကျယ်ကျယ် ဖွင့်ထားလိုက်ပါ။
နေလင်းအောင် ပြန်ဆိုသည်။
www.naylinaung1.blogspot.com
No comments:
Post a Comment