နေလင်းအောင်
တစ်ခါတုန်းက မျက်မမြင် မိန်းကလေးငယ်တစ်ဦးဟာ မိမိကိုယ်ကို မျက်မမြင်ဖြစ်နေတဲ့အတွက်
မကျေမနပ် ဖြစ်နေခဲ့တယ်။ သူမက လူတိုင်းကို ရန်လိုမုန်တီးနေခဲ့တယ်။ သူမချစ်သူ ကောင်ကလေးကလွဲလို့ပေါ့။
ချစ်သူ ကောင်ကလေးကတော့ လိုအပ်သည့်အခါတိုင်း သူမဘေးမှာ ရှိနေပေးခဲ့တယ်။ လောကကြီးကို
မြင်ရမယ်ဆိုရင် သူ့ကို လက်ထပ်ယူပါမယ်လို့ သူမက ပြောခဲ့တယ်။
တစ်နေ့မှာတော့ တစ်စုံတစ်ဦးက သူမကို မျက်စိတစ်စုံ ပေးလှူခဲ့တယ်။ ဒီနောက်မှာတော့ သူမဟာ အရာအားလုံး မြင်ရသလို ချစ်သူကောင်ကလေးကိုလည်း မြင်ခဲ့ရပါတယ်။
သူမချစ်သူ ကောင်ကလေးက “ ခုတော့ လောကကြီးကို မြင်ရပါပြီ။ ကျွန်တော့်ကို လက်ထပ်ယူမှာလား”လို့ မေးမြန်းပါတယ်။ သူဟာ မျက်မမြင် ဖြစ်နေတဲ့အတွက် မိန်းကလေးက တုန်လှုပ်သွားပြီး နောက် လက်ထပ်ဖို့ ငြင်းဆိုလိုက်ပါတယ်။
ချစ်သူကောင်လေးက မျက်ရည်စက်လက်နဲ့ အဝေးကို ထွက်ခွာသွားပါတယ်။ ပြီးတော့ သူမဖတ်ဖို့ စာလေးတစ်စောင် ရေးပေးခဲ့တယ်။

စာထဲပါတာကတော့“အချစ်ရယ်...ကိုယ့်မျက်လုံးလေးတွေကို ဂရုစိုက်ပါနော်”တဲ့။
သူငယ်ချင်းတစ်ဦးပေးသော စာမူအပိုင်းအစလေးကို ဘာသာပြန်ဆို ဖော်ပြပါသည်။

2 comments:
အကိုရေ ကျေးဇူးပြု၍ မူရင် အင်္ဂလိပ်စာလေးကိုပါ တင်ပေးစေလိုပါတယ်

Post a Comment