Saturday, June 2, 2012

သူငယ်ချင်းဆိုတာ...

နေလင်းအောင်


သူငယ်ချင်းဆိုတာ…
မင်းကိုချစ်ခင်နှစ်သက်တဲ့သူ
ကောင်လေးတစ်ယောက်လည်းဖြစ်နိုင်တယ်
ကောင်မလေးတစ်ယောက်လည်းဖြစ်နိုင်တယ်။
ကြောင်လေးတစ်ကောင်…
ခွေးလေးတစ်ကောင်…
ကြွက်ဖြူလေးတစ်ကောင်လည်း ဖြစ်နိုင်တယ်။
သစ်တစ်ပင်ဆိုတာကလည်း အသွင်မတူတဲ့ သူငယ်ချင်းတစ်မျိုး
မင်းကိုစကားမဆိုပေမဲ့
မင်းကိုချစ်ခင်နှစ်သက်တယ်ဆိုတာတော့ မင်းသိတယ်။
ဘာကြောင့်လည်းဆိုရင်
မင်းကို ပန်းသီးတွေပေးတယ်…
သစ်တော်သီးတွေ…
ချယ်ရီသီးတွေ…
တစ်ခါတစ်ရံ ဒန်းစီးဖို့ နေရာလေးပေးလို့ပေါ့။
ချောင်းငယ်လေးတစ်စင်းဟာလည်း
ထူးထူးခြားခြားနည်းလမ်းတွေနဲ့
သူငယ်ချင်းတစ်ယောက်ဖြစ်နိုင်တယ်။
တစ်ဝုန်းဝုန်းအသံတွေနဲ့ တသွင်သွင် စကားဆိုနေတယ်။
မင်းမှာ စကားဆိုချင်စိတ်ကင်းမဲ့နေတဲ့အခါ
မင်းခြေချောင်းတွေကို အေးမြစေနိုင်သလို
သူနံဘေးမှာ  အေးအေးချမ်းချမ်း ထိုင်ခွင့်ပြုလေရဲ့။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; A Friend is Something Who Love You by Unknown

1 comment:

Unknown said...

သိပ်ဟုတ်တာပေါ့ သက်ရှိမှသူငယ်ချင်းမဟုတ်ပါဘူး
သက်မဲ့တွေလည်းသူငယ်ချင်းဖြစ်နိုင်တယ်
ခေါင်းအုံးကြီးကလည်း သူငယ်ချင်းပဲ ဟုတ်တယ်ဟုတ်

ပြောချင်ရာများ ပြောခဲ့ဖို့...