လောကကြီးက သင်၏ကြေးမုံပြင်...
နေလင်းအောင်
The Best English
Magazine ၂၀၁၁ စက်တင်ဘာလတွင် ဖော်ပြပါရှိပြီး
အခြားသူများမှာ သင်တွေ့မြင်ရတဲ့ ထူးကဲကောင်းမွန်မှုတွေဟာ သင့်ရဲ့ ကောင်းမွန်မှုလည်း ဖြစ်ပါတယ်။ အခြားသူများမှာ တွေ့မြင်နေရတဲ့ အပြစ်အနာတွေဟာ သင့်ရဲ့ အပြစ်အနာအဆာ လည်းဖြစ်ပါတယ်။ တကယ်တော့ တစ်စုံတစ်ရာ သဘောမပေါက်ခင် အဲ့ဒီအကြောင်း သိနေရပါမယ်။
အခြားသူများမှာ သင်မြင်နေရတဲ့ဖြစ်နိုင်ခြေတွေဟာ သင်ရဲ့ဖြစ်နိုင်ခြေလည်း ဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ မြင်တွေ့ရတဲ့ အလှအပတွေဟာ သင့်ရဲ့ အလှအပလည်းဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်က လောကကြီးဆိုတာ သင်ဘယ်လိုလူစားလဲဆိုတာ ပြသနေတဲ့ ကြေးမုံပြင်တစ်ချပ်၊ ရောင်ပြန်ဟပ်မှုတစ်မျိုးပါ။
သင့်ရဲ့လောကကြီးကို ပြောင်းလဲပစ်ဖို့ဆိုရင် သင်ကိုယ်တိုင်လည်း ပြောင်းလဲပစ်ရပါမယ်။ ပြစ်တင်ပြောဆို မှုဟာ အရာကိစ္စတွေကို ပိုပြီးဆိုးရွားစေပါတယ်။ သင်ပြုလုပ်သမျှ အရာရာတိုင်း သင့်အပေါ်မှာပဲ တာဝန်ရှိပါတယ်။ အခြားသူတွေမှာ သင်မြင်နေရတဲ့ အရာရာတိုင်းဟာ သင့်မှာလည်းပဲ မြင်နေရတတ်ပါတယ်။
အခြားသူများမှာရှိတဲ့ အကောင်းဆုံးအရာတွေကိုပဲ ရူမြင်တတ်ပါစေ။ သင်လည်းပဲ အကောင်းဆုံးဖြစ်လာလိမ့်မယ်။ အခြားသူများကို ပေးကမ်းစွန့်ကြဲဖို့ကြိုးစားပါ။ သူတို့ကလည်း ပြန်ပြီး ပေးကမ်းပါလိမ့်မယ်။ အလှအပကို နားလည်ခံစားနိုင်ဖို့ကြိုးစားပါ။ သင်လည်းပဲ လှပလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်ပါက ချီးကျူးပေးလိုက်ပါ။ သင်လည်းပဲ တီထွင်ဖန်တီးနိုင်ပါလိမ့်မယ်။
ချစ်တတ်ဖို့ကြိုးစားပါ။ သင်လည်းပဲ အချစ်ခံရပါလိမ့်မယ်။ နားလည်ပေးဖို့ကြိုးစားပါ။ သင့်ကိုလည်း နားလည်မှုပေးပါလိမ့်မယ်။ နားထောင်တတ်ဖို့ကြိုးစားပါ။ သင့်စကားကိုလည်း နားထောင်ပေးပါလိမ့်မယ်။ သင်ကြားပေးဖို့ကြိုးစားပါ။ သင်လည်း တတ်မြောက်လာပါလိမ့်မယ်။
ကြေးမုံပြင်ကို သင့်ရဲ့ အကောင်းဆုံးမျက်နှာ ပြသလိုက်ပါ။
သင့်ကိုပြန်ကြည့်နေတဲ့ မျက်နှာကိုတွေ့မြင်ရလျှင် ပျော်ရွှင်သွားပါလိမ့်မယ်။
နေလင်းအောင်ဘာသာပြန်ဆိုသည်။
Ref; The mirror by Unknown

ကျွန်တော်ရေးသားပြီးစာမူများ ဖတ်ရူ့လိုပါက www.nla2012.blogspot.com သို့ လာရောက်လည်ပတ်နိုင်ပါသည်။
The Mirror
Author: Unknown
Author: Unknown
The
good you find in others, is in you too.
The faults you find in others,are your faults as well.

After
all, to recognize something you must know it.
The possibilities you see in others,
Are possible for you as well.
The possibilities you see in others,
Are possible for you as well.
The
beauty you see around you, is your beauty.
The world around you is a reflection,
A mirror showing you the person you are.

To
change your world, you must change yourself.
To blame and complain will only make matters worse.
Whatever you care about, is your responsibility.
What you see in others, shows you yourself.

See
the best in others, and you will be your best.
Give to others, and you give to yourself.
Appreciate beauty, and you will be beautiful.
Admire creativity, and you will be creative.

Love,
and you will be loved.
Seek to understand, and you will be understood.
Listen, and your voice will be heard.
Teach, and you will learn.

Show
your best face to the mirror,
And you'll be happy with the face looking back at you.

1 comment:
ကောင်းတယ်ဗျာ.. တကယ် အကျိုးရှိတဲ့ စာတွေပါပဲ..
ဆက်လက် မျှဝေနိုင်ပါစေ.
Post a Comment