နေလင်းအောင်
( ဘရွတ်ခ်လင်းတံတားကို
အောင်မြင်စွာတည်ဆောက်နိုင်ခဲ့တဲ့ ဒုက္ခိတ တစ်ယောက်အကြောင်း)
ဒီအကြောင်းအရာကတော့
၁၈၇၀ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ ဘရွတ်ခ်လင်းတံတားကို
အောင်မြင်အောင်တည်ဆောက်နိုင်ခဲ့တဲ့ အင်ဂျင်နီယာ ဂျွန် ရိုဘလင်အကြောင်း
ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီတံတားဟာ ဆယ့်သုံးနှစ်ကြာ တည်ဆောက်ခဲ့ရပြီး ၁၈၈၃
ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။
၁၈၇၀
ခုနှစ်မှာ တီတွင်ဖန်တီးလိုစိတ်ရှိတဲ့ အင်ဂျင်နီယာ ဂျွန်ရိုဘလင်ဟာ နယူးယောက်နဲ့
လောင်းကျွန်းကိုဆက်သွယ်မယ့် အထင်ကြီးလေးစားဖွယ်
တံတားတစ်စင်း တည်ဆောက်ဖို့စိတ်ကူး ဖြစ်ပေါ်ခဲ့တယ်။ ဒါပေမယ့် ကမ္ဘာ့တစ်ဝန်းမှာရှိတဲ့
တံတားတည်ဆောက်မှု ကျွမ်းကျင်သူတွေက သူ့စိတ်ကူးဟာ မဖြစ်နိုင်တဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့
အဲဒီစိတ်ကူးကို မေ့ပျောက်ပစ်လိုက်ဖို့ ရိုဘလင်ကို ပြောကြားခဲ့ပါတယ်။ ဒါဟာ အကောင်အထည်ဖော်ဖို့
မဖြစ်နိုင်ပါဘူး။ လက်တွေ့နည်းလမ်းလည်း မကျပါဘူး။ အရင်ကလည်း ပြုလုပ်ခဲ့ဖူးခြင်း
မရှိပါဘူးတဲ့။
ရိုဘလင်ကတော့
သူ့စိတ်ထဲမှာရှိတဲ့ တံတားပုံစံရုပ်ပုံလွှာကို ဥပေက္ခာ မပြုနိုင်ခဲ့ပါဘူး။
တစ်ချိန်လုံး ဒီတံတားအကြောင်း စဉ်းစားနေမိသလို အဲဒီတံတားမျိုး ပြုလုပ်နိုင်တယ်လို့
သူ့နှလုံးသားထဲက လေးလေးနက်နက် သိနေခဲ့တယ်။
သူဟာ စိတ်ကူးအိပ်မက်ကို အခြားသူတစ်ဦးဦးနဲ့ မျှဝေခံစားဖို့ လိုအပ်ခဲ့ပါတယ်။
အကြိမ်ပေါင်းများစွာ ဆွေးနွေးဖျောင်းဖျပြီးနောက် သူ့ရဲ့သားဖြစ်သူ အလားအလာရှိတဲ့
အင်ဂျင်နီယာလေး ဝါရှင်တန်ကို ဒီတံတားဟာ
တည်ဆောက်လို့ရနိုင်ကြောင်း ယုံကြည်လာအောင် လုပ်နိုင်ခဲ့ပါတယ်။
တံတားပြီးဆုံးအောင်
ဘယ်လိုတည်ဆောက်နိုင်မလဲ၊ အခက်အခဲတွေကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတဲ့ သဘောတရားတွေ
တိုးတက်ဖွံ့ဖြိုးဖို့အတွက် ဖခင်နဲ့ သားဖြစ်သူတို့ဟာ ပထမဆုံးအကြိမ် အတူလက်တွဲ လုပ်ခဲ့ကြတယ်။
သူတို့ရှေ့မှာရှိတဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေကြောင့် တုန်လှုပ်မှုတွေ
ရင်ဆိုင်ခဲ့ရပေမယ့် ဝန်ထမ်းတွေငှားရမ်းရင်း သူတို့ရဲ့ စိတ်ကူးတံတားကို
အကောင်အထည်ဖော်ဖို့ စိတ်လှုပ်ရှားမှုအပြည့်၊ စိတ်အားထက်သန်မှုအပြည့်ဖြင့် စတင်ခဲ့ကြပါတယ်။
ဒီစီမံကိန်းကို
ကောင်းကောင်းမွန်မွန် စတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လအနည်းငယ်ကြာတဲ့အခါ
အလုပ်ခွင်မှာ တွေ့ကြုံရတဲ့ မတော်တဆဖြစ်ရပ်တစ်ခုကြောင့်
ဂျွန်ရိုဘလင်သေဆုံးသွားခဲ့တယ်။ ဝါရှင်တန်လည်း ဒဏ်ရာရသွားပြီး
ဦးနှောက်တစ်စိတ်တစ်ပိုင်း ပျက်စီးမှုကြောင့် စကားမပြောနိုင်တော့သလို လမ်းလည်း
မလျှောက်နိုင်တော့ပါဘူး။
“ငါတို့
ပြောခဲ့သားပဲ” “လူရူးတွေနဲ့ ရူးမိုက်မိုက် စိတ်ကူးအိပ်မက်တွေပေါ့ကွာ”
“အဓိပ္ပာယ်မရှိတဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ခြင်းဟာ ရူးမိုက်ခြင်းပါပဲ”
စသည်ဖြင့် အခြားသူတွေဆီကနေ စကားသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
လူတိုင်းဟာ
အဆိုးမြင်ဝေဖန်ချက်ပဲ ပေးခဲ့သလို
အဲဒီတံတား ဘယ်လိုတည်ဆောက်ရမယ်ဆိုတာ ရိုဘလင်တစ်ယောက်သာ သိခဲ့တဲ့အတွက် ဒီစီမံကိန်းကိုလည်း
စွန့်လွှတ်သင့်တယ်လို့ ထင်မြင်ချက် ပေးခဲ့ကြပါတယ်။
မသန်မစွမ်းဖြစ်နေပေမယ့်
ဝါရှင်တန်ဟာ ဘယ်တော့မှ အရှုံးမပေးခဲ့ပါဘူး။ သူ့စိတ်ဟာ ယခင်ကကဲ့သို့ပင်
ထက်မြက်နေသေးသလို တံတားပြီးစီးအောင် တည်ဆောက်ဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒလည်း ရှိနေပါသေးတယ်။
သူ့ရဲ့စိတ်အားထက်သန်မှုကို သူငယ်ချင်းအချို့ သိမြင်လက်ခံလာစေဖို့ ကြိုးစားခဲ့ပေမယ့်
သူငယ်ချင်းတွေကတော့ ဒီတာဝန်ကြီးကို ကြားတဲ့အခါ အကြီးအကျယ် စိတ်ပျက်သွားကြပါတယ်။
ဆေးရုံခန်းထဲက ကုတင်ပေါ်မှာ သူလဲလျောင်းနေစဉ်
နေရောင်ဟာ ပြတင်းတံခါးကနေ ဖြာဆင်းလာခဲ့တယ်။ လေပြေလေညင်းတွေက ပါးလွှာတဲ့
လိုက်ကာအဖြူရောင်ကို ဟသွားစေခဲ့တယ်။ သူဟာ ကောင်းကင်ပြင်ကြီးနဲ့ အပြင်ဘက်မှာရှိတဲ့
သစ်ပင်ထိပ်တွေကို တဒင်္ဂ ကြည့်နိုင်ခဲ့ပါတယ်။
မစွန့်လွှတ်လိုက်ဖို့
သတင်းစကား သူ့ဆီ ရောက်လာခဲ့ပုံပါပဲ။ စိတ်ကူးတစ်ခုက
သူ့ကို ရုတ်တရက် နှိုးဆွလိုက်တယ်။ သူ့လုပ်ရမှာကတော့ လက်ချောင်းတစ်ချောင်းလှုပ်ရှားဖို့ပါ။
လက်ချောင်းကို အကောင်းဆုံးအသုံးပြုဖို့ သူဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီလိုလှုပ်ရှားခြင်းအားဖြင့်
ဇနီးဖြစ်သူနဲ့ ဆက်သွယ်မှုသင်္ကေတ တဖြည်းဖြည်း တိုးတက်လာအောင် သူပြုလုပ်နိုင်ခဲ့တယ်။
သူဟာ
ဇနီးဖြစ်သူရဲ့လက်မောင်းကို လက်ချောင်းဖြင့်ထိရင်း
အင်ဂျင်နီယာတွေကို ပြန်ခေါ်ပေးစေချင်ကြောင်း ပြောကြားခဲ့တယ်။ ဒီနောက်
သူမလက်မောင်းကို သူ့လက်ဖြင့် ထိတွေ့ပြောဆိုသည့် နည်းလမ်းကိုသုံးကာ အင်ဂျင်နီယာတွေ
ဘာလုပ်ရမယ်ဆိုတာ ညွှန်ကြားပြသပါတယ်။ ဒါဟာ ရယ်စရာကောင်းနေပေမယ့် စီမံကိန်းကိုတော့
ပြန်လည် စတင်နိုင်ခဲ့ပါတယ်။
ဝါရှင်တန်ဟာ
ဇနီးဖြစ်သူ့ရဲ့လက်မောင်းကို သူ့လက်နဲ့ထိ ညွှန်ကြားရင်း (၁၃)နှစ်အကြာမှာ
တံတားတစ်ခုလုံး ပြီးစီးခဲ့တယ်။ ယနေ့ခေတ်မှာတော့ ခမ်းညားတောက်ပတဲ့ ဘရွတ်ခ်လင်းတံတားဟာ
လူငယ်လေးတစ်ဦးရဲ့ အလျှော့မပေးသောစိတ်ဓာတ်၊ ဘယ်အခြေအနေမျိုးရောက်ရောက် အရှုံးမပေးတတ်သော
ဇွဲလုံ့လတို့ရဲ့အောင်မြင်မှု ပြယုဒ်အဖြစ် တည်ရှိနေပါတယ်။ ဒီတံတားဟာ
အင်ဂျင်နီယာတွေရဲ့ အသင်းအဖွဲ့စိတ်ဓာတ်၊ တစ်ဝက်လောက်က အရူးပဲလို့
ယူဆထားသူတစ်ဦးအပေါ် သူတို့ရဲ့ ယုံကြည်မှု့စိတ်ဓာတ်ရဲ့ ပြယုဒ်လည်းဖြစ်တယ်။ ဒီတံတားဟာ
ဆယ့်သုံးနှစ်အကြာ သူမအမျိုးသားရဲ့ သင်္ကေတကုတ်တွေကို စိတ်ရှည်သည်းခံ ဖော်ထုတ်ရင်း
အင်ဂျင်နီယာတွေ ဘာလုပ်ရမယ်ဆိုတာ ပြောပြခဲ့တဲ့ ဇနီးတစ်ဦးရဲ့ ချစ်ခင်မြတ်နိုးမှု
အထိမ်းအမှတ်တစ်ခုလည်းဖြစ်တယ်။
ဒါဟာ ကြောက်စရာကောင်းလောက်တဲ့ ရုပ်ပိုင်းဆိုင်ရာ
အခက်အခဲကို ကျော်လွှားရင်း မဖြစ်နိုင်လောက်တဲ့ ရည်မှန်းချက်တစ်ခုကို ရယူနိုင်ခဲ့တဲ့
ဘယ်တော့မှ သေဆုံးမသွားမယ့် သဘောထားတစ်ခုရဲ့ အကောင်းဆုံး နမူနာတွေထဲက တစ်ခုလည်း
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ဘဝမှာ အခက်အခဲတွေနဲ့
ရင်ဆိုင်တွေ့ကြုံရတဲ့အခါတိုင်း အခြားသူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေနဲ့
နှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့အခက်အခဲက အလွန်နည်းပါးပုံရှိပါတယ်။ ဘရွတ်ခ်လင်းတံတားက
ကျွန်တော်တို့ကို ပြောကြားနေတာကတော့ စိတ်ကူးအိပ်မက်တွေဟာ ဘယ်လောက်ပဲ
မဖြစ်နိုင်ဘူး၊ ဘယ်လောက်ပဲ ထူးဆန်းတယ်လို့ အပြောခံနေရပါစေ…ခိုင်မာသောစိတ်ဓာတ်၊
ဇွဲလုံ့လတို့ သာ ရှိနေမယ်ဆိုရင် လက်တွေ့ဖြစ်မြောက်အောင် အကောင်အထည် ဖော်နိုင်တယ်
ဆိုတာပါပဲ။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.com
This is a real life story of engineer John Roebling building
the Brooklyn Bridge in New York, USA back in 1870. The bridge was completed in
1883, after 13 years.
In 1870, a creative engineer named John Roebling was inspired
by an idea to build a spectacular bridge connecting New York with the Long
Island. However bridge building experts throughout the world thought that this
was an impossible feat and told Roebling to forget the idea. It just could not
be done. It was not practical. It had never been done before.
Roebling could not ignore the vision he had in his mind of this
bridge. He thought about it all the time and he knew deep in his heart that it
could be done. He just had to share the dream with someone else. After much
discussion and persuasion he managed to convince his son Washington, an up and
coming engineer, that the bridge in fact could be built.
Working together for the first time, the father and son
developed concepts of how it could be accomplished and how the obstacles could
be overcome. With great excitement and inspiration, and the headiness of a wild
challenge before them, they hired their crew and began to build their dream
bridge.
The project started well, but when it was only a few months
underway a tragic accident on the site took the life of John Roebling.
Washington was also injured and left with a certain amount of brain damage,
which resulted in him not being able to talk or walk.
“We told them so.” “Crazy men and their crazy dreams.” “It’s
foolish to chase wild visions.”
Everyone had a negative comment to make and felt that the
project should be scrapped since the Roeblings were the only ones who knew how
the bridge could be built.
In spite of his handicap Washington was never discouraged and
still had a burning desire to complete the bridge and his mind was still as
sharp as ever. He tried to inspire and pass on his enthusiasm to some of his
friends, but they were too daunted by the task.
As he lay on his bed in his hospital room, with the sunlight
streaming through the windows, a gentle breeze blew the flimsy white curtains
apart and he was able to see the sky and the tops of the trees outside for just
a moment.
It seemed that there was a message for him not to give up.
Suddenly an idea hit him. All he could do was move one finger and he decided to
make the best use of it. By moving this, he slowly developed a code of
communication with his wife.
He touched his wife’s arm with that finger, indicating to her
that he wanted her to call the engineers again. Then he used the same method of
tapping her arm to tell the engineers what to do. It seemed foolish but the
project was under way again.
For 13 years Washington tapped out his instructions with his
finger on his wife’s arm, until the bridge was finally completed. Today the
spectacular Brooklyn Bridge stands in all its glory as a tribute to the triumph
of one man’s indomitable spirit and his determination not to be defeated by
circumstances. It is also a tribute to the engineers and their team work, and
to their faith in a man who was considered mad by half the world. It stands too
as a tangible monument to the love and devotion of his wife who for 13 long
years patiently decoded the messages of her husband and told the engineers what
to do.
Perhaps this is one
of the best examples of a never-say-die attitude that overcomes a terrible
physical handicap and achieves an impossible goal.
Often when we face obstacles in our day-to-day life, our
hurdles seem very small in comparison to what many others have to face. The
Brooklyn Bridge shows us that dreams that seem impossible can be realised with
determination and persistence, no matter what the odds are.
No comments:
Post a Comment