Friday, September 21, 2012

အချိန်ပေးပါ


                               
ရယ်မောဖို့ရန် အချိန်ပေးပါ
ဒါဟာ စိတ်ဝိဥာည်ရဲ့ ဂီတသံသာ…။
စဉ်းစားဖို့ရန် အချိန်ပေးပါ
ဒါဟာ စွမ်းအားတို့ရဲ့ ရင်းမြစ်ပါ…။
ကစားဖို့ရန် အချိန်ပေးပါ
ဒါဟာ ထာဝရနုပျိုခြင်းရဲ့ ရင်းမြစ်ပါ…။
စာဖတ်ဖို့ရန် အချိန်ပေးပါ
ဒါဟာ အသိဥာဏ်ပညာရဲ့ အခြေခံအုတ်မြစ်ပါ…။
ဘုရားကန်တော့ဖို့ရန် အချိန်ပေးပါ
ဒါဟာ ကမ္ဘာ့လောကမှာရှိတဲ့ အကြီးမြတ်ဆုံး စွမ်းအားပါ…။
ချစ်တတ်ဖို့နဲ့ အချစ်ခံဖို့ အချိန်ပေးပါ
ဒါဟာ ဘုရားသခင်ကပေးထားတဲ့ အထူးအခွင့်အရေးပါ…။
ရင်းနှီးခင်မင်ဖို့ရန် အချိန်ပေးပါ
ဒါဟာ ပျော်ရွှင်ခြင်းအတွက် ခရီးလမ်းပါ…။
ပေးကမ်းဖို့ရန် အချိန်ပေးပါ
တစ်နေ့တာဆိုတာ တစ်ကိုယ်ကောင်းဆန်ချိန်မရလောက်အောင် တိုတောင်းလွန်းလို့ပါ…။
အလုပ်အတွက် အချိန်ပေးပါ
ဒါဟာ အောင်မြင်မှုရဲ့ တန်ဖိုးပါ…။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.com
Ref: Take Time by Unknown

1 comment:

Unknown said...

တကယ်ကို ကြိုက်သွားလို့ ကော်ပီ ကူးထားလိုက်တယ်နော်။

ပြောချင်ရာများ ပြောခဲ့ဖို့...