Love
begins with a smile, grow with a kiss and ends with a tear.
အချစ်ဆိုတာ
အပြုံးနဲ့စတင်၊ မေတ္တာတွေ ပွားများပြီးနောက် မျက်ရည်နဲ့ အဆုံးသတ်ရတတ်တယ်။
နေလင်းအောင်
သူမကို
သူတွေ့ခဲ့တာကတော့ ပါတီပွဲတစ်ခုမှာပါ။ သူမဟာ အလွန်ထက်မြတ်သူ တစ်ဦးဖြစ်တဲ့အတွက် အမျိုးသားအများစုဟာ
သူမကို ပိုးပန်းခဲ့ကြတယ်။ သူကတော့ အညတရတစ်ယောက်သာ ဖြစ်တဲ့အတွက် မည်သူကမှ သူ့ကို
သတိမထားကြပါဘူး။ ပါတီပွဲပြီးတဲ့အခါ သူမကို ကော်ဖီလိုက်သောက်ဖို့ သူ
ဖိတ်ကြားခဲ့တယ်။ သူမ အံ့သြသွားပေမယ့် ယဉ်ကျေးပျူငှာသူ တစ်ဦးဖြစ်တာကြောင့်
ကော်ဖီလိုက်သောက်ဖို့ ကတိပေးခဲ့ပါတယ်။
သင့်တော်ကောင်းမွန်တဲ့
ကော်ဖီဆိုင်တစ်ဆိုင်မှာ သူတို့နှစ်ဦး ထိုင်ခဲ့ကြတယ်။ သူဟာ စကားတစ်ခွန်းမှ
ပြောမထွက်နိုင်လောက်အောင် စိတ်လှုပ်ရှားနေမိတယ်။ သူမလည်း စိတ်မသက်မသာ
ဖြစ်နေတဲ့အတွက် “ကျေးဇူးပြုပြီး ကျွန်မကို အိမ်ပြန်ခွင့်ပြုပါနော်”လို့ စိတ်ထဲကနေ
ပြောနေမိတယ်။ သူဟာ စားပွဲထိုးကို ရုတ်တရက် ပြောဆိုလိုက်ပါတယ်။
“ကျေးဇူးပြုပြီး
ကျွန်တော့်ကို ဆားနည်းနည်းပေးပါဗျာ။ ကော်ဖီထဲ ထည့်သောက်ချင်လို့ပါ”
လူတိုင်းဟာ
သူ့ကို တအံ့တသြနဲ့ စိုက်ကြည့်လိုက်ကြတယ်။ သူ့မျက်နှာ နီရဲသွားပေမယ့်လည်း ဆားတွေကို
ကော်ဖီထဲထည့်ပြီး သောက်လိုက်တယ်။ သူမက သိလိုစိတ် ပြင်းပြစွာဖြင့် “ရှင့်မှာ
ဘာဖြစ်လို့ ဒီအကျင့်မျိုး ရှိနေရတာလဲဟင်”လို့ မေးလိုက်ပါတယ်။
သူ
ပြန်ပြောပြပါတယ်။
“ကျွန်တော်
ငယ်ငယ်တုန်းက ပင်လယ်အနီးမှာ နေခဲ့ရတယ်။ ပင်လယ်အနီး ကစားရတာကို
ကျွန်တော်နှစ်သက်တယ်။ ပင်လယ်ရဲ့ အရသာကို ခံစားနိုင်ခဲ့သလို ဆားပါတဲ့
ကော်ဖီအရသာကိုလည်း ခံစားနိုင်ခဲ့ပါတယ်။ ဆားပါတဲ့ကော်ဖီကို သောက်တဲ့အချိန်တိုင်း
ကျွန်တော့်ရဲ့ ကလေးဘဝ၊ ကျွန်တော့်ရဲ့ ဇာတိမြို့အကြောင်း စဉ်းစားလိုက်မိတယ်။ ကျွန်တော့်ရဲ့
ဇာတိမြို့ကို အရမ်းလွမ်းမိသလို အဲဒီမှာရှိနေသေးတဲ့ မိဘတွေကိုလည်း လွမ်းမိပါတယ်ဗျာ”
ဒီစကားတွေ
ပြောနေစဉ် သူ့မျက်လုံးမှာ မျက်ရည်တွေ ပြည့်လျှံနေခဲ့တယ်။ သူမ အလွန်အမင်း
ခံစားသွားရပါတယ်။
ဒါဟာ
သူ့နှလုံးသားထဲကနေ ထွက်ပေါ်လာတဲ့ တကယ့်ခံစားချက် ဖြစ်နိုင်ပါတယ်။ အိမ်လွမ်းနာကို ထုတ်ဖော်ပြောဆိုတဲ့
လူတစ်ဦးဟာ အိမ်ကို ချစ်တတ်တဲ့သူ၊ အိမ်ကို ဂရုစိုက်တတ်တဲ့သူ၊ အိမ်ကို
တာဝန်ယူတတ်တဲ့သူ ဖြစ်နိုင်ပါတယ်။
အဲဒီနောက်
သူမကလည်း စတင်ပြီး ပြောဆိုပါတယ်။ အဝေးမှာရှိနေတဲ့ သူမဇာတိမြို့အကြောင်း၊ သူမရဲ့
ကလေးဘဝအကြောင်း၊ သူမ မိသားစုအကြောင်းတွေပေါ့။ ဒါဟာ အလွန်ကိုကောင်းမွန်တဲ့ စကားစမြည်
ပြောဆိုမှုဖြစ်သလို လှပတဲ့ မေတ္တာဇာတ်လမ်းရဲ့ အစလည်းဖြစ်ပါတယ်။
သူတို့နှစ်ဦး
ဆက်လက်ပြီး တွေ့ဆုံကြပါတယ်။ တကယ်တော့ သူဟာ သူမ လိုအပ်ချက်အားလုံးနဲ့
ကိုက်ညီသူတစ်ဦးဖြစ်ကြောင်း တွေ့ရပါတယ်။ သူဟာ သည်းခံတတ်တယ်။
ကြင်နာတတ်တဲ့နှလုံးသား၊ နွေးထွေးမှု၊ ဂရုစိုက်မှုလည်းရှိတယ်။ သူဟာ အဲဒီလို
ကောင်းမွန်တဲ့ လူတစ်ဦးဖြစ်တယ်။ ဒါပေမယ့် သူမ သူ့ကို လွှဲသွားတော့မလို ဖြစ်ခဲ့ရတယ်။
ဆားတွေနဲ့ သူ့ရဲ့ကော်ဖီကိုပဲ ကျေးဇူးတင်ရမှာပါ။ အဲဒီနောက်
သူမတို့ရဲ့မေတ္တာဇာတ်လမ်းဟာ လှပတဲ့ မေတ္တာဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။ မင်းသမီးလေးဟာ မင်းသားလေးနဲ့လက်ထပ်ပြီး
ပျော်ရွှင်စရာကောင်းတဲ့ ဘဝမျိုးနေထိုင်ရသလိုပေါ့။
ဒီနောက်တော့
သူမဟာ သူ့အတွက် ကော်ဖီဖျော်ပေးတိုင်း ဆားအနည်းငယ်ထည့်ပေးတယ်။ ဒါမျိုး
သူနှစ်သက်ကြောင်းကို သူမသိနေလို့ပါ။
နှစ်ပေါင်းလေးဆယ်
ကြာပြီးတဲ့အခါ သူသေဆုံးသွားတယ်။ သူမအတွက် စာလေးတစ်စောင် ရေးထားခဲ့ပါတယ်။ စာထဲ ရေးထားတာကတော့…
“အချစ်ရဆုံးလေး…
တစ်ဘဝလုံး
လိမ်ညာခဲ့တဲ့အတွက် ကိုယ့်ကို ခွင့်လွှတ်ပေးပါ။ ဆားထည့်ထားတဲ့ ကော်ဖီဆိုတာ
မင်းကိုပြောခဲ့သမျှ ကိုယ့်ရဲ့တစ်ခုတည်းသော လိမ်ညာမှုပါ။ ကိုယ်တို့ ပထမဆုံး
တွေ့ဆုံခဲ့ကြတဲ့အချိန်ကို မှတ်မိသေးလား။ အဲဒီအချိန်တုန်းက ကိုယ်အလွန်
စိတ်လှုပ်ရှားနေခဲ့တယ်။ တကယ်တော့ ကိုယ်လိုချင်တာက သကြားပါ။ ဒါပေမယ့် ဆားလို့
မှားပြောခဲ့မိတယ်။ ဒါကိုပြောင်းပြောဖို့ နှုတ်ဆွံ့နေခဲ့တဲ့အတွက် အမှားအတိုင်း ဆက်နင်းသွားခဲ့တယ်။ ဒါဟာ ကိုယ်တို့နှစ်ဦးရဲ့
အစဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မှတ်ခဲ့ပါဘူးကွာ။
အမှန်ကိုပြောပြဖို့
ကိုယ့်ဘဝတစ်လျှောက်လုံး အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့်
မင်းကို ဘာမှ လိမ်ညာမပြောဖို့ ကတိပေးထားခဲ့ရတဲ့အတွက် အဲဒီလို ပြောမထွက်ခဲ့ပါဘူး။
ခုတော့ ကိုယ်သေရတော့မယ်။ ဘာမှ ကြောက်စရာ မရှိတော့တဲ့အတွက် မင်းကို အမှန်တရား
ပြောပြရတာပါ။ တကယ်တော့ ဆားပါတဲ့ကော်ဖီကို ကိုယ် မနှစ်သက်ပါဘူးကွာ။ ဘယ်လောက်တောင်
ထူးဆန်းဆိုးရွားလိုက်တဲ့ အရသာပါလိမ့်…
ဒါပေမဲ့…
ကိုယ့်ဘဝတစ်လျှောက်လုံး ဆားပါတဲ့ကော်ဖီကိုပဲ သောက်ခဲ့ရတယ်။ ကိုယ်မင်းကို တွေ့ပြီးကတည်းက
မင်းအတွက် ကိုယ်လုပ်ခဲ့သမျှ ဘာတစ်ခုမှ ဝမ်းမနည်းမိပါဘူးကွာ။
ကိုယ့်ဘဝတစ်လျှောက်လုံး အပျော်ရွှင်ရဆုံးကတော့ ကိုယ်နဲ့အတူ မင်းရှိနေခဲ့ခြင်းပါ။
နောင်ဘဝဆိုတာမျိုးသာ ရှိမယ်ဆိုရင်တော့ ကိုယ် မင်းနဲ့ တွေ့ဆုံချင်ပါသေးတယ်။
ဆားပါတဲ့ကော်ဖီကို ထပ်မံသောက်ရပါစေ…မင်းနဲ့ပဲ တစ်ဘဝလုံး လက်တွဲသွားချင်ပါတယ်”
စာရွက်တစ်ခုလုံး
သူမမျက်ရည်တွေနဲ့ စိုရွဲသွားခဲ့တယ်။
တစ်နေ့နေ့မှာ
တစ်စုံတစ်ဦးက “ဆားပါတဲ့ကော်ဖီရဲ့ အရသာဟာ ဘယ်လိုနေလဲ”လို့ မေးလာခဲ့မယ်ဆိုရင်တော့
“သိပ်ကောင်းတာပဲ”လို့ သူမ ဖြေလိုက်ပါလိမ့်မယ်။
*Love
is not 2 forget but 2 forgive.
*not
2 c but 2 understand.
*not
2 hear but 2 listen.
*not
2 let go but HOLD ON!!!
အချစ်ဆိုတာ…
မေ့ပျောက်ဖို့မဟုတ်ဘူး။ ခွင့်လွှတ်ဖို့သာဖြစ်တယ်။
အချစ်ဆိုတာ…ကြည့်နေဖို့မဟုတ်ဘူး။
နားလည်ပေးဖို့သာဖြစ်တယ်။
အချစ်ဆိုတာ…ကြားနေဖို့မဟုတ်ဘူး။
နားထောင်ပေးဖို့သာဖြစ်တယ်။
အချစ်ဆိုတာ…
သွားခွင့်ပြုဖို့မဟုတ်ဘူး။ ဆုပ်ကိုင်ထားဖို့သာဖြစ်တယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.com
Ref; The salty salt by Unknown
The salty salt
He
met her on a party. She was so outstanding, many guys chasing after her, while
he was so normal, nobody paid attention to him. At the end of the party, he
invited her to have coffee with him, she was surprised, but due to being
polite, she promised.
They
sat in a nice coffee shop, he was too nervous to say anything, she felt
uncomfortable, she thought, please, let me go home… suddenly, he asked the
waiter, "Would you please give me some salt? I’d like to put it in my
coffee."
Everybody
stared at him, so strange! His face turned red, but, still, he put the salt in
his coffee and drank it. She asked him curiously: "Why you have this
hobby?"
He
replied, "When I was a little boy, I was living near the sea, I liked
playing near the sea, I could feel the taste of the sea, just like the taste of
the salty coffee. Now every time I have the salty coffee, I always think of my
childhood, think of my hometown, I miss my hometown so much, I miss my parents
who are still living there."
While
saying that tears filled his eyes. She was deeply touched.
That
is his true feeling, from the bottom of his heart. A man who can tell out his
homesickness, he must be a man who loves home, cares about home, has
responsibility of home.
Then
she also started to speak, spoke her faraway hometown, her childhood, her
family. That was a really nice talk, also a beautiful beginning of their story.
They
continued to date. She found that actually he was a man who meets all her
demands; he has tolerance, was kind hearted, warm, careful. He was such a good
person but she almost missed him! Thanks to his salty coffee! Then the story
was just like every beautiful love story, the princess married to the prince,
then they were living the happy life…
And,
every time she made coffee for him, she put some salt in the coffee, as she
knew that’s the way he liked it.
After
40 years, he passed away, left her a letter which said: “My dearest, please
forgive me, forgive my whole life lie. This was the only lie I said to you…The
Salty Coffee. Remember the first time we dated? I was so nervous at that time,
actually I wanted some sugar, but I said salt. It was hard for me to change so
I just went ahead. I never thought that could be the start of our
communication!
I
tried to tell you the truth many times in my life, but I was too afraid to do
that, as I have promised not to lie to you for everything. Now, I’m dying, I
afraid of nothing so I tell you the truth: I don’t like the salty coffee, what
a strange bad taste…
But
I have had the salty coffee for my whole life! Since I knew you, I never feel
sorry for anything I do for you. Having you with me is my biggest happiness for
my whole life. If I can live for the second time, still want to know you and
have you for my whole life, even though I have to drink the salty coffee
again.”
Her
tears made the letter totally wet.
Someday,
someone asked her: what is the taste of salty coffee?
It’s
sweet. She replied.
No comments:
Post a Comment