နေလင်းအောင်
တစ်နေ့မှာ
သူတော်စင်တစ်ဦးဟာ ဘုရားသခင်နဲ့ စကားစမြည် ပြောဆိုနေပါတယ်။
“ဘုရားသခင်…ကျွန်တော်မျိုး
ကောင်းကင်ဘုံနဲ့ ငရဲခန်းဆိုတာ ဘယ်လိုဟာမျိုးလဲ သိချင်ပါတယ်”လို့ သူတော်စင်ကြီးက
ပြောလိုက်ပါတယ်။ ဘုရားသခင်က သူတော်စင်ကြီးကို အခန်းနှစ်ခန်းဆီ
ဦးဆောင်ခေါ်သွားပါတယ်။
ဘုရားသခင်က
အခန်းတစ်ခုရဲ့ တံခါးပေါက်ကို ဖွင့်လိုက်တဲ့အခါ သူတော်စင်ကြီးဟာ အခန်းထဲ
လှမ်းကြည့်လိုက်တယ်။ အခန်းအလယ်မှာ ကြီးမားတဲ့ စားပွဲဝိုင်းတစ်လုံး ရှိနေခဲ့တယ်။
စားပွဲဝိုင်းပေါ်မှာတော့ ကြီးမားတဲ့ အသားစွပ်ပြုတ်အိုးတစ်လုံး ရှိနေပါတယ်။ စွပ်ပြုတ်အိုးကထွက်လာတဲ့
အရသာရှိမယ့် မွေးကြိုင်တဲ့ရနံ့တွေကြောင့်
သူတော်စင်ကြီးဟာ သွားရေကျလာတယ်။
စားပွဲဝိုင်းပတ်လည်မှာ
ထိုင်နေကြတဲ့လူတွေကတော့ ပိန်လှီပြီး အားနည်းနေကြတယ်။ သူတို့ဟာ အလွန်ဆာလောင်နေပုံရှိပါတယ်။
သူတို့လက်ထဲမှာ အလွန်ရှည်လားတဲ့ ဇွန်းတွေကို စွဲကိုင်ထားကြတယ်။ ဇွန်းတွေဟာ
စွပ်ပြုတ်အိုးဆီ ရောက်နိုင်လောက်အောင် ရှည်လျားတဲ့အတွက် တစ်ဇွန်းစာတော့ ခပ်လို့ရနိုင်ပါတယ်။
ဒါပေမယ့် ဇွန်းလက်ကိုင်တွေက သူတို့လက်မောင်းထက် ပိုရှည်နေတဲ့အတွက် စွပ်ပြုတ်ကို သူတို့ပါးစပ်ပေါက်ရောက်အောင်
မပို့ဆောင်နိုင်ကြပါဘူး။ သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကို တွေ့မြင်ရတဲ့အခါ
သူတော်စင်ကြီး တုန်လှုပ်သွားပါတယ်။ “မင်း ငရဲဘုံကို မြင်ပြီမဟုတ်လား”လို့
ဘုရားသခင်က ပြောလိုက်ပါတယ်။
သူတော်စင်ကြီးနဲ့
ဘုရားသခင်ဟာ အခြားအခန်းကိုသွားပြီး တံခါးပေါက်ကို ဖွင့်ကြည့်ပြန်တယ်။
ဒီအခန်းကလည်း ပထမအခန်းနဲ့ လုံးဝကို တူညီပါတယ်။ ကြီးမားတဲ့ စားပွဲဝိုင်းပေါ်မှာ
အရသာရှိမယ့် အသားစွပ်ပြုတ်အိုးတစ်လုံး ရှိနေတဲ့အတွက် သူတော်စင်ကြီးဟာ
သွားရေကျလာပြန်တယ်။ စားပွဲဝိုင်းဘေးမှာရှိတဲ့ လူတွေဟာ ပထမခန်းက လူတွေလိုပဲ
ရှည်လျားတဲ့ဇွန်းတွေ ဆွဲကိုင်ထားကြတယ်။ ဒါပေမယ့် ဒီအခန်းမှာရှိတဲ့ လူတွေကတော့
အာဟာရပြည့်ပြီး ဝဖြိုးကြတယ်။ သူတို့ဟာ အချင်းချင်း စကားစမြည်ပြောရင်း ရယ်မောပျော်ရွှင်နေကြတယ်။
“ကျွန်တော်
နားမလည်နိုင်ဘူး” လို့ သူတော်စင်ကြီးက ပြောဆိုပါတယ်။ “ဒါဟာ ရှင်းရှင်းလေးပါ။
ဒါပေမယ့် အရည်အချင်းတစ်ခုတော့ လိုအပ်ပါတယ်။ မင်းမြင်တဲ့အတိုင်းပဲလေ…. ပထမအခန်းတုန်းက
လောဘကြီးတဲ့ လူတွေဟာ ကိုယ့်အတွက်ကိုယ်ပဲ စဉ်းစားကြတယ်။ ဒီအခန်းမှာရှိတဲ့
လူတွေကတော့ အချင်းချင်း အပြန်အလှန် ကျွေးမွေးဖို့သင်ယူကြတယ်” လို့ ဘုရားသခင်က
ပြန်ပြောလိုက်ပါတယ်။
နေလင်းအောင်
ဘာသာပြန်ဆိုသည်။
Ref;Parable
of the Spoons by Unknown
Parable of the Spoons |
I would like to know what Heaven and Hell are like."
The Lord led the holy man to two doors. He opened one of the doors and the
holy man looked in.
In the middle of the room was a large round table. In the middle of the
table was a large pot of stew which smelled delicious and made the holy
man's mouth water.
The people sitting around the table were thin and sickly. They appeared to
be famished. They were holding spoons with very long handles and each found
it possible to reach into the pot of stew and take a spoonful, but because
the handle was longer than their arms, they could not get the spoons back
into their mouths.
The holy man shuddered at the sight of their misery and suffering. The Lord
said, "You have seen Hell."
They went to the next room and opened the door. It was exactly the same as
the first one.
There was the large round table with the large pot of stew which made the
holy man's mouth water.
The people were equipped with the same long-handled spoons, but here the
people were well nourished and plump, laughing and talking. The holy man
said, "I don't understand."
It is simple" said the Lord, "it requires but one skill. You see, they have
learned to feed each other.
No comments:
Post a Comment