Saturday, August 25, 2012

ချစ်မေတ္တာစာစုများ(၂)

(၆)
 
အချစ်ဆိုတာ ချိုမြတယ်ဆိုရင်
ဘာကြောင့်များ နာကျင်မှုကို ဖြစ်စေရတာလဲ။
အချစ်ဆိုတာ လေးနက်တယ်ဆိုရင်
ဘာကြောင့်များ လောင်ကျွမ်းမှုကို ဖြစ်စေရတာလဲ။
အချစ်ဆိုတာ နွေးထွေးတယ်ဆိုရင်
ဘာကြောင့်များ ခိုက်ခိုက်တုန်ချမ်းအေးမှု ဖြစ်စေရတာလဲ။
အချစ်ဆိုတာ နူးညံသိမ်မွေ့တယ်ဆိုရင်
ဘာကြောင့်များ ဝမ်းနည်းငိုကြွေးမှု ဖြစ်စေရတာလဲ။
အချစ်ဆိုတာ ထာဝရဆိုရင်
ဘာကြောင့်များ သေဆုံးမှု ဖြစ်စေရတာလဲ။
 နေလင်းအောင်

(၇)
ဖယောင်းတိုင်ဆိုတာ
တစ်ချိန်ချိန်မှာတော့ အရည်ပျော်ကျသွားရတယ်။
မီးဆိုတာလည်း
တစ်ချိန်ချိန်တော့ ငြိမ်းသွားရတယ်။
ဒါပေမဲ့
မင်းအပေါ်ထားတဲ့ မေတ္တာတရားကတော့
ကိုယ့်နှလုံးသားထဲ
ထာဝရတည်မြဲနေမှာပါ။
 နေလင်းအောင်

(၈)
ဥယျာဉ်ဆိုတာ
ရေလောင်းပေါင်းသင်မှသာ
ပန်းပေါင်းစုံနဲ့
ဖူးပွင့်ဝေဆာပါတယ်။
သံယောဇဉ်ဆိုတာကလည်း
မေတ္တာတရား
ထွေးပွေ့မှု
မျက်ရည်စက်
ချီးကျူးမှုတွေနဲ့
ပြုစုစောင့်ရှောက်မှသာ
လှပဝေဆာပါတယ်။
 နေလင်းအောင်

(၉)
 ကိုယ့်ချစ်သူကို
နားလည်မှုပေးနိုင်တာ
အရည်အချင်းကြောင့်မဟုတ်ဘူး။
မွေးရာပါ ပါရမီကြောင့်လည်းမဟုတ်ဘူး။
ချစ်ခြင်းတစ်ခုတည်းကြောင့်သာ
နားလည်မှုပေးနိုင်ရတာပါ။
 နေလင်းအောင်

(၁၀)
ချစ်သူဆိုတာ
အပျော်ဆုံးဆိုတဲ့
ခံစားချက်ကိုလည်းပေးနိုင်တယ်။
ဝမ်းအနည်းဆုံးဆိုတဲ့
ခံစားချက်ကိုလည်းပေးနိုင်တယ်။
 နေလင်းအောင်

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...