Monday, August 20, 2012

ဖိနပ်သွားဝယ်တဲ့ လူတစ်ဦး



 နေလင်းအောင်
         တစ်ခါတုန်းက လူတစ်ဦးဟာ သူ့အတွက် ဖိနပ်တစ်ရံဝယ်ဖို့ မြို့ဈေးသွားခဲ့တယ်။ မသွားမီ သူ့ခြေထောက်ကိုတိုင်း၊ အရွယ်အစားကိုမှတ်ပြီးမှ ထွက်ခွာလာခဲ့တယ်။

           ဈေးကိုရောက်တဲ့အခါ သူနှစ်သက်တဲ့ ဖိနပ်အများကြီးတွေ့ရတယ်။ ဒါပေမယ့် သူနဲ့အနေတော်ဖြစ်မဲ့ ဖိနပ်အရွယ်အစားကို မေ့သွားတော့တယ်။ သူဟာ ဈေးသည်ဘက်လှည့်ရင်း “ဒီဖိနပ်တွေကို ကျွန်တော့်အတွက် ချန်ထားပေးပါ။ ကျွန်တော် ပြန်လာခဲ့ပါမယ်” လို့ ပြောလိုက်ပါတယ်။ သူဟာ နောက်ကြောင်းပြန်လှည့်ရင်း အိမ်ပြန်လာခဲ့တယ်။ သူရဲ့ အတိုင်းအတာတွေကိုယူပြီး ဈေးပြန်ရောက်တဲ့အခါ ဖိနပ်အားလုံး ရောင်းကုန်ပြီဖြစ်ကြောင်း တွေ့ရတော့တယ်။ သူ့အတွက် ဖိနပ်တစ်ရံမှ ဝယ်ယူလို့မရတော့ပါဘူး။

           သူ့ဘေးမှာ ရပ်နေတဲ့လူတစ်ဦးဟာ ဒီအကြောင်းကြားတဲ့အခါ တအံ့တသြနဲ့ “ ခင်ဗျားခြေထောက်ကို အသုံးပြုပြီး စီးမကြည့်ဘူးလား” လို့ မေးလိုက်ပါတယ်။

           ဒါကိုကြားတဲ့အခါ သူက “ကျွန်တော့်ခြေထောက်ထက် အတိုင်းအတာကိုပဲ ပိုပြီး ယုံကြည်စိတ်ချမှုရှိတယ်” လို့ ပြောလိုက်ပါတယ်။

          သင်ဟာ ရည်မှန်းချက်ပန်းတိုင်တစ်ခုရောက်ရှိဖို့ တင်းကြပ်တဲ့ စည်းမျည်းစည်းကမ်းတွေကို ယုံကြည်စိတ်ချရင်း အတိအကျ လိုက်နာနေမယ်ဆိုရင်တော့ ဒုက္ခတွေဆီ ဦးတည်ရောက်ရှိစေနိုင်သလို ရှုံးနိမ့်မူကိုလည်းး ဖြစ်ပေါ်စေနိုင်ပါတယ်။ အများအားဖြင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိဖို့  နည်းလမ်းတစ်ခုထက် ပိုပြီး ရှိနိုင်တယ်ဆိုတာ အမြဲတမ်း သိထားသင့်ပါတယ်။ ကျွန်တော်တို့ဟာ ရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ရာမှာ ဒီနည်းလမ်းမျိုးစုံကို အလိုက်သင့် ပြောင်းလွယ်ပြင်လွယ် ရှိရပါမယ်။
 နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.com
Ref; A Man Buys Shoes by Unknown

 မူရင်းအင်္ဂလိပ်စာ...



          There once was a man who intended to buy himself a pair of shoes at the town fair. Just before he went he first measured his feet and marked the size and then left for the market.

When he arrived at the market, he found many shoes he liked, however he discovered he had forgotten the size. Turning to the shopkeeper he blurted out, "Hold these shoes for me, I'll be right back." Then he turned on his heel and bolted off for home. By the time he had arrived back at the market after collecting his measurements he found all the shoes having been sold. So he didn't managed to buy his shoes.
A person standing next to him, having heard this story, curiously asked, "Why didn't you use your feet and try them on ?"
To this he earnestly replied, "I'd rather trust the measurements than my own feet."
If you trust and follow strictly inflexible rules to accomplish a goal, often they will lead to further trouble and even failure. We should always be aware that most of the time there are more than one method to reach a goal, we should be more flexible in implementing such methods.

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...