Sunday, August 19, 2012

လက်ဖဝါးထဲကရေ


နေလင်းအောင်
ကျွန်မမှာ အတူကြီးပြင်းရင်း ခင်မင်ခဲ့ရတဲ့ ငယ်သူငယ်ချင်းတစ်ယောက် ရှိခဲ့ပါတယ်။ တစ်နေ့ ကျွန်မတို့ ရေကူးကန်ဘောင်ပေါ်မှာ ထိုင်နေစဉ် သူငယ်ချင်းက သူမလက်ဖဝါးကို ရေဖြည့်ရင်း ကျွန်မကိုပြကာ ပြောလာပါတယ်။
 “ငါ့လက်ထဲမှာ ဂရုတစိုက် ကိုင်ထားတဲ့ရေကို တွေ့တယ်မို့လား။ အဲဒါ အချစ်ရဲ့သင်္ကေတပေါ့။
ငါကတော့ ဒီလိုမြင်တယ်။ မင်းဟာ လက်ကို ဂရုတစိုက်ဖွင့်ထားပြီး လက်ပေါ်မှာ ရေတွေဆက်လက်ရှိနေဖို့ ခွင့်ပြုပေးနေသမျှ အဲဒီနေရာမှာပဲ ရှိနေမှာပါ။ ဒါပေမဲ့ အဲဒီရေတွေကို မင်းလက်ချောင်းနဲ့ဆုပ်ကိုင်ပြီး ပိုင်ဆိုင်ဖို့ ကြိုးပမ်းမယ်ဆိုရင်တော့ ရေတွေဟာ ပထမဆုံးတွေ့ရတဲ့ အက်ကွဲကြောင်းတွေကနေ စိမ့်ထွက်သွားပါလိမ့်မယ်။
ဒါဟာ လူသားတွေ အချစ်ကိုတွေ့တဲ့အခါ ပြုလုပ်မိတတ်တဲ့ အကြီးမားဆုံးအမှားပါ။ သူတို့ဟာ အချစ်ကို ပိုင်ဆိုင်ဖို့ကြိုးစားကြတယ်။ တောင်းဆိုမှုတွေ ပြုလုပ်ကြတယ်။ မျှော်လင့်ချက်တွေ ထားကြတယ်။ မင်းလက်ထဲက ရေတွေ စိမ့်ထွက်သွားသလို အချစ်ဆိုတာလည်း မင်းဆီကနေ ပြန်ထွက်သွားပါလိမ့်မယ်။
အချစ်ဆိုတာ လွတ်လပ်ခြင်းလို့ အဓိပ္ပါယ်ရတယ်။ သူရဲ့သဘာဝကို မင်း မပြောင်းလဲနိုင်ပါဘူး။ မင်းမှာ ချစ်ခင်ရတဲ့သူတွေ ရှိမယ်ဆိုရင် လွတ်လွတ်လပ်လပ် နေခွင့်ပြုလိုက်ပါ။
          ပေးကမ်းပါ။ မျှော်လင့်ချက်မထားပါနဲ့။
          အကြံပေးပါ။ အမိန့်မပေးပါနဲ့။
          မေးကြည့်ပါ။ မတောင်းဆိုပါနဲ့။
ဒါဟာ အလွန်ကို ရိုးရှင်းပေမဲ့ ဘဝတစ်လျှောက်လုံး အမှန်တကယ် ကျင့်ကြံလိုက်နာသင့်တဲ့ သင်ခန်းစာတစ်ခုပါ။ ဒါကို လက်တွေ့ကျင့်ကြံချင်တယ်ဆိုရင် ကိုယ်ချစ်ခင်ရတဲ့သူတွေကို ကောင်းကောင်းဂရုစိုက်ပေးပြီး သူတို့ဆီကနေ ဘာမှ ပြန်မမျှော်လင့်ပါနဲ့။
ရရှိလာသောအတွေး။  ။ဘဝဆိုတာ ကျွန်မတို့ရဲ့ ဝင်သက်အရေအတွက်နဲ့ မတိုင်းတာပါဘူး။ ထွက်သက်ရဲ့ အရေးပါမှုနဲ့သာ တိုင်းတာပါတယ်။(ဘဝဆိုတာ ရယူခြင်းဖြင့် မတိုင်းတာပါဘူး။ ပေးဆပ်ခြင်းဖြင့်သာ တိုင်းတာပါတယ်။)
ဘဝဆိုတာ လှပပါတယ်။ ထိုက်ထိုက်တန်တန် ရှင်သန်နေထိုင်လိုက်ပါ။
“မင်းဟာ တစ်စုံတစ်ဦးကို ချစ်မြတ်နိုးနေတယ်ဆိုရင် သွားခွင့်ပြုလိုက်ပါ။ (အသနားခံ တောင်းပန်ရခြင်းမရှိဘဲ) သူဟာ မင်းဆီပြန်ရောက်လာမယ်ဆိုရင် ထာဝရ ပိုင်ဆိုင်ပါလိမ့်မယ်။ မင်းဆီပြန်ရောက်မလာဘူးဆိုရင်တော့ ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူးလို့ ဆိုလိုပါတယ်”
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; How to Love Someone by Unknown
မူရင်းအင်္ဂလိပ်စာ... 

How to Love Someone

I once had a friend who grew to be very close to me. Once when we were sitting at the edge of a swimming pool, she filled the palm of her hand with some water and held it before me, and said this:
"You see this water carefully contained in my hand ? It symbolizes love.
"This was how I saw it. As long as you keep your hand caringly open and allowed it to remain there, it will always be there. However, if you attempt to close your fingers round it and try to possess it, it will spill to the first cracks it finds."
This is the greatest mistake that people do when they meet love…they try to possess it, they demand, they expect…and just like the water spilling out of your hand, love will retrieve from you.
For love is meant to be free, you cannot change its nature. If there are people you love, allow them to be free beings.
            Give and don't expect.
            Advise, but don't order.
            Ask, but never demand.
It might sound simple, but it is a lesson that may take a lifetime to truly practice. It is the secret to true love. To truly practice it, you must sincerely feel no expectations from those who you love, and yet an unconditional caring."
Passing thought: Life is not measured by the number of breaths we take; but by the moments that we take our breath away….
Life is beautiful. Live it!!!
"If you love something, let it go. If it comes back to you (Without you having to plead and beg), its yours forever. If it doesn't, then it was never meant to be."

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...