Sunday, August 4, 2013

ဘာသာပြန် အလေ့အကျင့်(၂)




Growing Good Corn
Author Unknown
There was a farmer who grew award-winning corn. Each year he entered his corn in the state fair where it won a blue ribbon...
One year a newspaper reporter interviewed him and learned something interesting about how he grew it. The reporter discovered that the farmer shared his seed corn with his neighbours. "How can you afford to share your best seed corn with your neighbours when they are entering corn in competition with yours each year?" the reporter asked.
"Why sir," said the farmer, "didn't you know? The wind picks up pollen from the ripening corn and swirls it from field to field. If my neighbours grow inferior corn,
cross-pollination will steadily degrade the quality of my corn. If I am to grow good corn, I must help my neighbours grow good corn."

He is very much aware of the connectedness of life.
His corn cannot improve unless his neighbour's corn also improves.
So it is in other dimensions.
Those who choose to be at peace must help their neighbours to be at peace.
Those who choose to live well must help others to live well,
for the value of a life is measured by the lives it touches.
And those who choose to be happy must help others to find happiness
for the welfare of each is bound up with the welfare of all.
The lesson for each of us is this:
if we are to grow good corn, we must help our neighbours grow good corn.

Growing Good Corn
 ကောင်းမွန်တဲ့ ပြောင်းဖူးပင်များ စိုက်ပျိုးခြင်း
There was a farmer who grew award-winning corn.
တစ်ခါတုန်းက လယ်သမားတစ်ဦးဟာ ဆုတံဆိပ် ရနိုင်လောက်တဲ့ ပြောင်းဖူးပင်များ အောင်မြင်ဖြစ်ထွန်းခဲ့ပါတယ်။
Each year he entered his corn in the state fair where it won a blue ribbon...
နှစ်စဉ်နှစ်တိုင်း သူဟာ နိုင်ငံတော်အဆင့်  ပြပွဲများတွင် သူရဲ့ပြောင်းဖူးများ ပါဝင်ပြသကာ ပထမဆု ဆွက်ခူးရရှိလေ့ရှိပါတယ်။
One year a newspaper reporter interviewed him and learned something interesting about how he grew it.
တစ်နှစ်တွင် သတင်းထောက်တစ်ဦးက ထိုလယ်သမားနှင့် တွေ့ဆုံမေးမြန်းရာ သူရဲ့ စိုက်ပျိုးပြုစုပုံနှင့် ပက်သတ်ပြီး စိတ်ဝင်စားဖွယ်ကောင်းသော အချက်တစ်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
 The reporter discovered that the farmer shared his seed corn with his neighbours. လယ်သမားက သူရဲ့ပြောင်းမျိုးစေ့များကို အနီးအနားရှိ အခင်းရှင်များထံ မျှဝေပေးလေ့ရှိကြောင်း သိလာပါတယ်။
 "How can you afford to share your best seed corn with your neighbours when they are entering corn in competition with yours each year?" the reporter asked.
  "ခင်ဗျား အခင်းနားချင်းတွေကို အကောင်းဆုံးပြောင်းမျိုးစေ့တွေ ဘာကြောင့်များ ဖြန့်ဝေပေးရတာလဲ။ သူတို့လည်း နှစ်စဉ်နှစ်တိုင်း သီးနှံပြပွဲမှာ ခင်ဗျားနဲ့အတူ ပါဝင်ယှဉ်ပြိုင်နေတယ် မဟုတ်လား" လို့ သတင်းထောက်က မေးပါတယ်။
"Why sir," said the farmer, "didn't you know?
"ဆရာ ဘာကြောင့်လဲဆိုတာကို မသိဘူးလားဗျ။
The wind picks up pollen from the ripening corn and swirls it from field to field.
 ရင့်မှည့်နေတဲ့ ပြောင်းဖူးခင်းက ဝတ်မှုံတွေဟာ လေကြောင့် တစ်ခင်းမှတစ်ခင်း ဝတ်မှုံကူးလေ့ရှိတယ်။
If my neighbours grow inferior corn, cross-pollination will steadily degrade the quality of my corn.
ကျွန်တော့် အနီးအနားမှာရှိတဲ့ အခင်းရှင်တွေဟာ အရည်အသွေးမကောင်းတဲ့ ပြောင်းဖူးမျိုးစေ့တွေ စိုက်ပျိုးမယ်ဆိုရင် ဝတ်မှုံကူးခြင်းကြောင့် ကျွန်တော့်အခင်းက ပြောင်းဖူးတွေလည်း တဖြည်းဖြည်းနဲ့ အရည်အသွေး ကျဆင်းလာလိမ့်မယ်။
If I am to grow good corn, I must help my neighbours grow good corn."
ကျွန်တော်ဟာ ကောင်းမွန်ပြည့်စုံတဲ့ ပြောင်းဖူးတွေ စိုက်ပျိုးချင်တယ်ဆိုရင်တော့ အနီးအနားမှာရှိတဲ့ အခင်းရှင်တွေကိုလည်း ကောင်းမွန်တဲ့ပြောင်းဖူးမျိုးစေ့တွေ ဖြန့်ဝေပေးရမှာပေါ့ဗျာ"
He is very much aware of the connectedness of life.
သူဟာ ဘဝရဲ့ ဆက်နွယ်မှုကို ကောင်းကောင်း သတိမှုမိပါတယ်။
His corn cannot improve unless his neighbour's corn also improves.
သူ့အခင်းနားချင်းတွေရဲ့ ပြောင်းဖူးတွေသာ မတိုးတက်ဘူးဆိုရင် သူ့ရဲ့ ပြောင်းဖူးတွေလည်း မတိုးတက်နိုင်ပါဘူး။
So it is in other dimensions.
အခြားနေရာတွေမှာလည်း ဒီလိုမျိုးပါပဲ။
Those who choose to be at peace must help their neighbours to be at peace.
ငြိမ်းချမ်းမှုလိုချင်တဲ့ သူတွေဟာ အိမ်နီးနားချင်းတွေ ငြိမ်းချမ်းမှုရအောင် ကူညီရပါမယ်။
Those who choose to live well must help others to live well, for the value of a life is measured by the lives it touches.
ဘဝမှာ ကောင်းကောင်းမွန်မွန် ရှင်သန်နေချင်တဲ့သူတွေဟာ အခြားသူတွေကို ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်နိုင်အောင် ကူညီရပါမယ်။ အကြောင်းကတော့ ဘဝတစ်ခုရဲ့ တန်ဖိုးဆိုတာ သူအကျိုးပြုလိုက်တဲ့ ဘဝပေါင်းများစွာနဲ့ တိုင်းတာတဲ့အတွက်ကြောင့်ပါ။
And those who choose to be happy must help others to find happiness for the welfare of each is bound up with the welfare of all.
ပြီးတော့ ပျော်ရွှင်မှုရဖို့ ရွေးချယ်ထားတဲ့လူတွေဟာ အခြားသူတွေ ပျော်ရွှင်မှုတွေ့ဖို့ ကူညီရပါမယ်။
အကြောင်းကတော့ လူတစ်ယောက်ရဲ့ ကောင်းကျိုးချမ်းသာဆိုတာ အခြားလူအားလုံးရဲ့ ကောင်းကျိုးချမ်းသာနဲ့ ဆက်နွယ်နေတဲ့ အတွက်ကြောင့်ပါ။
The lesson for each of us is this:
ကျွန်တော်တို့ အားလုံးအတွက် သင်ခန်းစာကတော့…
If we are to grow good corn, we must help our neighbours grow good corn.
ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ ပြောင်းဖူးတွေ စိုက်ပျိုးချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ အခင်းနားချင်းတွေကိုလည်း ကောင်းမွန်တဲ့ ပြောင်းမျိုးစေ့တွေ စိုက်နိုင်ဖို့ ကူညီရပါမယ်။
Vocabulary
award-winning(adj) ဆုရနိုင်လောက်သော
corn(n )(ခြေ)အသားမာ။
ဂျုံ၊ ပြောင်း အပင်မျိုး။ ပြောင်းဖူး။
enter( v )ဝင်သည်။ ဝင်လာသည်။ (ဇာတ်စင်ပေါ် ကပြ သရုပ်ဆောင်သူ) ထွက်လာသည်။ ပါဝင်ယှဉ်ပြိုင်သည်။
state (n) နိုင်ငံတော်အဆင့် (အခမ်းအနား၊ အဆောင်အယောင်)
fair(n )ပျော်ပွဲရွှင်ပွဲ။ ပွဲဈေး။ ကျွဲနွား တိရစ္ဆာန်၊ လယ်ယာထွက် ပစ္စည်းများ ပြသရောင်းချသောပွဲ။
blue ribbon ပထမဆု
reporter (n)သတင်းထောက်
competition(n )ပြိုင်ပွဲ။ ဗိုလ်လုပွဲ။ ယှဉ်ပြိုင်မှု။
picks up (idm) သယ်ဆောင်သည်။
swirl( v )ဝေ့သည်။ လည်သည်။ လှည့်သည်။
inferior(adj ) ညံ့သော။ နိမ့်ကျသော။ သိမ်ငယ်သော။ (n) လက်အောက်။ လက်အောက်ငယ်သား။
steadily(adv)  တဖြည်းဖြည်း
degrade(v) အရည် အသွေး နိမ့်ကျစေသည်၊ ပျက်စီးစေသည်။
aware of (adj) သတိပြုမိသော၊ သတိမှုမိသော
connectedness(n) ဆက်နွယ်မှု
dimension(n) အတိုင်းအတာ။ အရွယ် အစား။ ပမာဏ။ ထုထည်။ ရှုထောင့်။
touch(v) ထိသည်။ တို့သည်။ ထိခိုက် သည်။ ထိတွေ့သည်။
welfare( n ) ကောင်းကျိုးချမ်းသာ။ ကောင်းကျိုး။
လေ့ကျင့်ရေးသားရင်း တိုးတက်ကြပါစေ
နေလင်းအောင်
Wisdom English Magazine 2013,April ထုတ်တွင် ဖော်ပြပါရှိပြီး

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...