Sunday, August 18, 2013

ကျေးဇူးတင်ခြင်း




လွန်ခဲ့သော နှစ်အနည်းငယ်က စင်္ကာပူနိုင်ငံတွင် လက်ထပ်မင်္ဂလာပွဲပြီးနောက် သတို့သမီးရဲ့ ဖခင်က သမက်ဖြစ်သူကို ခေါ်ကာ အိမ်ထောင်သည်ဘဝ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ထက်ဆုံး ပေါင်းသင်းနေထိုင်နိုင်စေဖို့ အကြံပေးစကား အနည်းငယ်ကို ပြောဆိုလိုက်ပါတယ်။ “မင်း ငါ့သမီးကို သိပ် ချစ်မယ် ထင်တယ်”လို့ သူက လူငယ်လေးကို ပြောဆိုလိုက်ပါတယ်။
“အို အသေအချာပဲပေါ့”လို့ လူငယ်လေးက သက်ပြင်းချရင်း ပြောဆိုလိုက်ပါတယ်။
“ပြီးတော့ ငါ့သမီးဟာ ဒီကမ္ဘာမှာ အံ့သြစရာအကောင်းဆုံးလူပဲ ဖြစ်လိမ့်မယ်လို့ တွေးထင်ထားတယ် မဟုတ်လား”လို့ အဘိုးကြီးက ဆက်လက်ပြောဆိုပြန်တယ်။
“သူမက အရာအားလုံးတော့ မပြည့်စုံပါဘူး”လို့ လူငယ်လေးက ပြန်ပြောပါတယ်။
“ဒါကြောင့်လည်း မင်း လက်ထပ်ခဲ့တာကိုး”လို့ အဘိုးကြီးက ပြောလိုက်ပါတယ်။ “ဒါပေမယ့် နှစ်အနည်းငယ်အကြာမှာ ငါ့သမီးမှာ အားနည်းချက်တွေ တွေ့လာလိမ့်မယ်။ သမီးရဲ့ အားနည်းချက်တွေ စတင်တွေ့ရှိလာတဲ့အခါ ဒါလေးကိုတော့ သတိရစေချင်ပါတယ်။ သမီးမှာ ဒီအားနည်းချက်မျိုး အစကတည်းက မရှိခဲ့ဘူးဆိုရင် မင်းထက် အများကြီးပိုသာတဲ့ လူတစ်ဦးနဲ့ လက်ထပ်ခဲ့မှာပေါ့”
ဒါကြောင့် ကျွန်တော်တို့လည်း အိမ်ထောင်ဖက်ရဲ့ အားနည်းချက်တွေကို အမြဲတမ်း ကျေးဇူးတင်သင့်ပါတယ်။  အကြောင်းကတော့ အစကတည်းက သူတို့မှာ ဒီအားနည်းချက်မျိုး မရှိဘူးဆိုရင် ကျွန်တော်တို့ထက် အများကြီးပိုသာတဲ့ တစ်ဦးဦးနဲ့ လက်ထပ်ခဲ့မှာပေါ့။
-----------------------------------------------------------------------------------
လူတွေဟာ အများအားဖြင့် သမီးရည်းစားဘဝမှာ တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးက အပြစ်မမြင်ဘဲ နားလည်မှုရှိရှိ ချစ်ခင်တတ်ကြပါတယ်။ လက်ထပ်ပြီးလို့ နှစ်အတန်ကြာတဲ့အခါ တစ်ဦးအပေါ်တစ်ဦး စိတ်ဝင်စားမှု လျော့နည်းလာတတ်တယ်။ ဒီအခြေအနေမျိုးမှာ တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးက တွေ့မြင်လာမယ်ဆိုရင်တော့ ပိုဆိုးသွားစေတတ်ပါတယ်။
တကယ်တော့ အားနည်းချက်ဆိုတာ လက်မထပ်ခင်ကတည်းက ရှိနေပြီးသားပါ။ ဒီအားနည်းချက်သာ မရှိဘူးဆိုရင် သင့်ထက်ပိုသာတဲ့ လူတစ်ဦးဦးနဲ့ လက်ထပ်ခဲ့မှာပေါ့။
ကိုယ့်ဘဝ လက်တွဲဖော်ရဲ့ အားနည်းချက်ကို အပြစ်မမြင်ဘဲ စာနာမှု၊ နားလည်ဂရုစိုက်မှု၊ နှစ်သိမ့်ပေးမှုတို့ဖြင့် ဆက်လက်ပြီး ချစ်မြတ်နိုးသင့်ပါတယ်။ ဒီအားနည်းချက်ကြောင့် တစ်ဦးကိုတစ်ဦး ဂရုစိုက်ပေးမယ်ဆိုရင် မေတ္တာနှောင်ကြိုး ပိုးတိုးခိုင်မြဲစေပါတယ်။
ဒါကြောင့် အိမ်ထောင်သည်ဘဝ အသက်ထက်ဆုံး ပေါင်းသင်းနေထိုင်နိုင်ဖို့အတွက် ဘဝလက်တွဲဖော်ရဲ့ အရှိကို အရှိအတိုင်း နားလည်လက်ခံပြီး နှစ်သိမ့်ကြင်နာပေးတတ်ဖို့ လိုအပ်ပါတယ်။
နေလင်းအောင်
Gratitude by AJANN BRAHM

Gratitude
After a wedding ceremony in Singapore a few years ago, the father of the bride took his new son –in law aside to give him some advice on how to keep the marriage long and happy. “You probably love my daughter a lot,” he said to the young man.
 “Oh yes!” the young man sighed.
“And you probably think that she is the most wonderful person in the world,” the old man continued.
 “She’s not so perfect in each and every way,” the young man replied.
 “That how it is when you get married,” said the old man. “But after a few years, you will begin to see the flaws in my daughter. When you do begin to notice her faults, I want you to remember this. If she didn’t have those faults to begin with, Son-in law, she would have married someone much better than you!”
So we should always be grateful for the faults in our partner because of they didn’t have those faults from the start, they would have been able to marry someone much better than us.
AJANN BRAHM

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...