အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်
ဆီယာရာမြို့တွင် မွေးဖွားခဲ့သော ဂျက်စီကာသည် မွေးကတည်းက ခြေထောက်များဖြင့် ဘဝကို ရှင်သန်ရပ်တည်နိုင်ရန်
သင်ယူခဲ့ရသည်။ သူမသည် လက်နှစ်ဖက်မပါဘဲ မွေးဖွားလာခဲ့ရာ မည်သို့ကြောင့် ဖြစ်ရသည်ကို
ဆရာဝန်များက ပြောကြားနိုင်ခြင်းမရှိပေ။
ထိုအချိန်က ဂျက်စီကာသည် ပုံမှန်ဘဝမျိုးဖြင့်
အသက်ရှင် ရပ်တည်နိုင်ပါ့မလားဟု မေးခွန်းထုတ်မှုများစွာ ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင်
ဂျက်စီကာ၏ ဖခင်ဖြစ်သူက သမီးဖြစ်သူ၏ အခြေအနေအတွက် မည်သည့်အခါမှ မျက်ရည်တစ်စက်ပင် မကျခဲ့ကြောင်း
ပြောဆိုသည်။ ဖခင်ဖြစ်သူက သမီး၏ စွမ်းရည်ကို ယုံကြည်စိတ်ချမှု အပြည့် ရှိနေခဲ့သည်။
မိဘများနှင့် မိသားစုဝင်များ၏
အားပေးမှုဖြင့် ဂျက်စီကာသည် မိမိကိုယ်ကို ယုံကြည်မှုရှိလာပြီး သူမ၏ ခြေထောက်များဖြင့်
လောကကြီးကို ဆက်လက်ပြီး စူးစမ်းရှာဖွေခဲ့ပါသည်။
သူမသည် ငယ်ရွယ်စဉ်က ဇာတိမြို့တွင်
အကပညာကို လေ့လာလိုက်စားခဲ့သည်။ ပထမဆုံး ကပြဖျော်ဖြေပွဲ ရောက်လာချိန်တွင် သူမသည် နောက်တန်းတစ်နေရာ
ပေးရန် တောင်းဆိုခဲ့သည်။ သူမ၏ အကသင်တန်းဆရာက နောက်တန်းမရှိကြောင်း ပြောဆိုခဲ့သည်။ အစမ်းသဘောအနေဖြင့်
သူမသည် စတိတ်စင်ပေါ်တွင် အခြားကျောင်းသားများနှင့်အတူ လေ့ကျင့်ကပြခဲ့သည်။ ကပြမှု ပြီးဆုံးချိန်တွင်
ပရိသတ်များထံမှ လက်ခုပ်သံကြောင့် အားတက်လာပြီး
နောက်ထပ် (၁၄)နှစ်ကြာသည်အထိ မိမိကိုယ်ကို ယုံကြည်စိတ်ချစွာ ကပြနိုင်ခဲ့သည်။
နောက်ပိုင်းတွင် ဂျက်စီကာ၏
မိဘများသည် ဂျင် ကန်နင်ဟမ်အမည်ရှိ ကရာတေးနည်းပြဆရာတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူမ၏
အခြေအနေကို ပြောပြသောအခါ သူမသည် ရုပ်ပိုင်းဆိုင်ရာ အခြေအနေထက်ပင် ပို၍ စွမ်းဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်းနှင့်
သူမ၏ စိတ်သဘောထားကသာ နောက်ပြန်ကျအောင် လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်။
ဂျက်စီကာသည် နိုင်ငံတကာ ကရာတေး အဖွဲ့မှ ခါးပတ်နက်ကို အသက်(၁၄)နှစ် အရွယ်တွင် ပထမဆုံးအကြိမ် ရရှိခဲ့သည်။
ဂျက်စီကာသည် အထက်တန်းအောင်ပြီးနောက်
အရီဇိုးနားတက္ကသိုလ်၌ တက်ရောက်ပညာသင်ယူခဲ့ရာ စိတ်ပညာဖြင့် ဘွဲ့ရရှိခဲ့သည်။ သူမ၏ ဘွဲ့နှင့်ပတ်သက်၍
ပြောဆိုသည့်အခါတိုင်း လူသားတို့၏ တွေးခေါ်မှုပုံစံသည် သူတို့ဘဝအပေါ် ရုပ်ပိုင်းဆိုင်ရာ
ကန့်သတ်ချက်များထက် ပိုပြီး အကျိုးသက်ရောက်မှုရှိကြောင်း စိတ်ပညာဘာသာရပ်က လက်ခံယုံကြည်စေသည်ဟု
ပြောဆိုခဲ့သည်။
ဂျက်စီကာ၏ အကျော်ကြားဆုံးသော
အောင်မြင်မှုမှာ လေယာဉ်မောင်းခြင်းပင်ဖြစ်သည်။ သူမသည် လေယာဉ်အမျိုးအစား လေးစင်းဖြင့်
ပြည်နယ်သုံးပြည်နယ် ပျံသန်းနိုင်ခဲ့ပြီး လေယာဉ်ပျံသန်းမှု လမ်းညွှန်အဖြစ်လည်း နှစ်ကြိမ်တိုင်
လုပ်ကိုင်နိုင်ခဲ့သည်။ သူမသည် ခြေချောင်းများဖြင့် လေယာဉ်မောင်းနှင်နိုင်သော ပထမဆုံး
လေယာဉ်မောင်းသမားအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဆုကိုလည်း ရရှိခဲ့သည်။
ယခုအချိန်တွင် ဂျက်စီကာသည်
စိတ်ခွန်အားပေး ဟောပြောသူအဖြစ် တာဝန်ထမ်းဆောင်နေသည်။ သူမသည် ကမ္ဘာတစ်ဝန်း လှည့်လည်သွားလာကာ
သူမ၏ ဖြစ်ရပ်မှန်ဇာတ်လမ်းကို မျှဝေပြောဆိုသည်။ ထို့နောက် “ကန့်သတ်ဘောင်ထက် ပိုပြီး
တွေးခေါ်စဉ်းစားပါ”ဟု သူမ၏ လက်သုံးစကားဖြင့် နိဂုံးချုပ်ပြောဆိုရင်း လူသားများကို ဖန်တီးနိုင်စွမ်း
ရှိရန်အတွက် တိုက်တွန်းအားပေးနေပါသည်။
ထို့ကြောင့် နောင်တစ်ချိန်တွင်
“ငါ မလုပ်နိုင်လောက်ဘူး”ဟု မိမိကိုယ်ကို ပြောဆိုမိရန် အဆင်သင့်ဖြစ်နေချိန်တွင် လက်နှစ်ဖက်မပါသော်လည်း
အံ့သြဖွယ်ရာ စွမ်းဆောင်နိုင်ခဲ့သည့် အမျိုးသမီးလေး ဂျက်စီကာကို ပြေးပြီး သတိရစေချင်ပါသည်။
နေလင်းအောင်
www.naylinaung1.blogspot.com
A female pilot with no arms – true story!
Born in 1983 in Sierra
Vista, Arizona, USA, Jessica has learned to live her life with her feet. Born
without arms and all doctors did not know why.
There were many questions
at the time about whether Jessica would be able to live a “normal” life.
However, Jessica’s father has said he never shed a tear about her birth
condition. He had full confidence in her potential.
With the support of her
parents and family, Jessica became confident in herself as an adult and
continued to explore the world with her feet.
As a child, Jessica
studied dance in her home town. When the first performance arrived, she asked
to be put in the back row. Her dance teacher told her there was no back row.
Tentatively she took the stage with the other students and performed her
routine. When she finished, the applause from the audience gave her
encouragement and the confidence to continue dancing for 14 years.
Jessica’s parents
eventually met a Taekwondo instructor named Jim Cunningham. His response when
told of her birth condition was that she would be more than physically able and
that only her attitude could hold her back. At the age of 14, Jessica earned
her first Black Belt in the International Taekwondo Federation.
After graduating from
high school, Jessica attended the University of Arizona where she earned a
bachelor’s degree in Psychology. When talking about her degree, she frequently
explains that psychology credits the way people think has a greater impact on
their lives than a physical limitation.
Jessica’s most famous
accomplishment was learning how to fly. It took three states, four airplanes,
two flight instructors and a discouraging year to find the right aircraft: a
1946 415C Ercoupe Airplane. She received the Guinness World Record for being
the first person certified to fly an airplane with only their feet.
Jessica now works as a
motivational speaker. She travels the world sharing her story and encouraging
people to be creative and innovative with the mantra “Think outside the shoe.”
By
Jessica Cox
Age: 29
Age: 29
So, the next time you are ready to tell
yourself, “I can’t…” remember this amazing young woman.
No comments:
Post a Comment