၁၉၂၄ ခုနှစ်က ပဲရစ်မြို့ အိုလံပစ်အားကစားပြိုင်ပွဲ စာရင်း၌ ကနူးလှေလှော်
အားကစားပြိုင်ပွဲကို ထည့်သွင်းကျင်းပစေခဲ့ပါတယ်။ လူလေးဦး လှော်ခတ်ရတဲ့ ကနူးလှေလှော်
အသင်းတွေထဲမှာ အမေရိကန်ပြည်ထောင်စု အသင်းဟာ နာမည်ကြီး အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒီအသင်းရဲ့
အဖွဲ့ဝင်တစ်ဦးကတော့ ဘီလ်ဟေဗန်စ်အမည်ရှိ လူငယ်တစ်ဦးဖြစ်ပါတယ်။
အိုလံပစ်အားကစားပြိုင်ပွဲ နီးကပ်လာချိန်မှာ ဘီလ်ရဲ့ဇနီးဟာ အမေရိကန်ပြည်ထောင်စုအသင်း
ပဲရစ်မြို့ အားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေမည့် အချိန်လောက်မှာပဲ သူတို့ရဲ့ ပထမဆုံးကလေး
မွေးဖွားလာလိမ့်မယ်ဆိုတာ သိသာလှပါတယ်။ ၁၉၂၄ ခုနှစ်က ပဲရစ်မြို့မှ အမေရိကန်ပြည်ထောင်စုသို့
သွားလာတဲ့ ခရီးသည်တင် ဂျက်လေယာဉ်ကြီးတွေ မရှိသေးဘဲ သမုဒ္ဒရာထဲ နှေးကွေးစွာ သွားလာနိုင်တဲ့
သင်္ဘောကြီးတွေသာ ရှိပါသေးတယ်။ ဒါကြောင့် ဘီလ်ဟာ လိပ်ခဲတည်းလဲ ဖြစ်နေရပါတယ်။ ကလေး မွေးဖွားတဲ့အချိန်မှာ
သူ့ဇနီးဘေးမှာ မနေဘဲ ပဲရစ်မြို့သို့ စွန့်စား သွားလာသင့်သလား။ ဒါမှမဟုတ် အသင်းမှ နုတ်ထွက်ပြီး
သူ့မိသားစုနဲ့ပဲ ကျန်နေခဲ့သင့်သလား။
ဘီလ်ရဲ့ ဇနီးကတော့ သူ့ကို ပဲရစ်မြို့သွားဖို့ အခိုင်အမာ ပြောဆိုပါတယ်။
တကယ်တော့ အိုလံပစ် အားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့ဆိုတာ သူ့ဘဝတစ်လျှောက်လုံး
စိတ်ကူးခဲ့ရတဲ့ နောက်ဆုံးအိပ်မက် တစ်ခုပါ။ ဒါပေမဲ့ ဘီလ်ကတော့ ဝိရောဓိစိတ်တွေ ဖြစ်နေခဲ့ပါတယ်။
မိမိကိုယ်ကို ဝေဖန် ဆန်းစစ်ပြီးနောက် ပြိုင်ပွဲမှ နုတ်ထွက်ပြီး ဇနီးဖြစ်သူ ကလေးမွေးတဲ့အချိန်မှာ
ဘေးမှာရှိနေပြီး ကူညီပေးဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဇနီးဖြစ်သူ့ဘေးမှာ ရှိနေဖို့က
သူ့ရဲ့ ပထမ ဦးစားပေးဖြစ်ပြီး ပဲရစ်မြို့သွားကာ သူ့ရဲ့ အိပ်မက်ကို ဖြည့်ဆည်းဖို့ထက်
ပိုပြီး အရေးကြီးတယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ လူလေးဦးလှော် ကနူးလှေလှော် အသင်းဟာ ပဲရစ်မြို့ပြိုင်ပွဲမှာ
ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ပြီးတော့ ဘီလ်ရဲ့ဇနီးဟာလည်း ကလေးမွေးဖွားချိန် နောက်ကျနေခဲ့ပါတယ်။
တကယ်တော့ သူမ ကလေးမွေးချိန် အလွန်နောက်ကျခဲ့တဲ့ အတွက်ကြောင့် ဘီဟာ အားကစားပြိုင်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်ပြီး သူမ မီးဖွားချိန်အမှီ ပြန်လာကာ သူမဘေးမှာ အတူရှိနေပေးနိုင်လောက်ပါတယ်။
“မှားသွားပြီပဲ”လို့ လူတွေက ပြောဆိုကြပါတယ်။ ဒါပေမဲ့ ဘီလ်ကတော့ နောင်တမရခဲ့ပါဘူး။
သူဟာ ပိုကောင်းတဲ့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ ကျန်ဘဝတစ်လျှောက်လုံး ယုံကြည်ထားခဲ့ပါတယ်။
ဘီလ်ဟေဗန်စ်ဟာ သူ့အတွက် အရေးအကြီးဆုံးအရာကို သိရှိခဲ့ပါတယ်။ မည်သူတစ်ဦးတစ်ယောက်မှ
ဒါကို မရိပ်မိခဲ့ပါဘူး။ ပြီးတော့ အကောင်းဆုံးလို့ တွေးထင်ထားတဲ့ အရာကိုပဲ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
တကယ်မှန်နေတဲ့ အရာတစ်ခုခုကို “မှန်တယ်”လို့ ပြောရမဲ့အစား “မမှန်ဘူး”လို့ ပြောရဲလောက်အောင်
မည်သူမှ သတ္တိမရှိပါဘူး။ ဒါပေမဲ့ ဘီလ်အတွက်တော့ ဒါဟာ ငြိမ်းချမ်းမှုရဖို့ တစ်ခုတည်းသော
နည်းလမ်း၊ နောင်တရစရာမလိုဖို့ တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်။
ဘီလ်ဟေဗန်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်တစ်ခု
ရှိပါသေးတယ်။
ဘီလ်နဲ့ ဇနီးဖြစ်သူတို့ မွေးဖွားခဲ့တဲ့ ကလေးဟာ ယောက်ျားလေးဖြစ်ပြီး
ဖရန့်ခ်လို့ အမည်ပေးခဲ့ပါတယ်။ (၂၈)နှစ်ကြာပြီးနောက် (၁၉၅၂)ခုနှစ်မှာ ဘီလ်ဟာ ဖရန့်ခ်ထံကနေ
ကြေးနန်းစာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။ ဒီကြေးနန်းစာကို (၁၉၅၂)ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲ
ကျင်းပရာ ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့မှ ပေးပို့လိုက်ခြင်း ဖြစ်ပါတယ်။ ကြေးနန်းစာထဲ
ရေးထားတာကတော့ “ဖေဖေ… သား အနိုင်ရတယ်။ သားမွေးတုန်းက စောင့်ရှောက်ပေးခဲ့ရတဲ့ အတွက်ကြောင့်
ဖေဖေ ဆုံးရှုံးခဲ့ရတဲ့ ရွှေတံဆိပ်ဆုကို ယူဆောင်ပြီး
အိမ်ပြန်လာခဲ့ပါမယ်”တဲ့။
ဖရန့်ခ်ဟေဗန်ဟာ ကနူးလှေလှော်ပြိုင်ပွဲမှာ အမေရိကန်ပြည်ထောင်စုအတွက်
ရွှေတံဆိပ် ရယူပေးနိုင်ခဲ့ပြီး ဒီရွှေတံဆိပ်ဟာ သူ့ဖခင် စိတ်ကူးအိပ်မက်ခဲ့ပေမယ့် ဘယ်တုန်းကမှ
ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲလေ။ နောင်တရစရာ မလိုပါဘူးလို့။
သောမတ်စ်ကင်ကဒီက ရှင်းလင်းပြတ်သားစွာ ပြောဆိုခဲ့ဖူးပါတယ်။ “တကယ်ကို
အရေးကြီးတဲ့အရာတွေအတွက် လေးလေးနက်နက် နှစ်နှစ်ကာကာဖြင့် “ဟုတ်တယ်”လို့ ပြောပေးဖို့
ကျွန်တော်တို့ သင်ယူလိုက်တဲ့အချိန်မှာ ရွှေရောင်အလင်းတန်းဟာ သစ်တောအုပ်တစ်ခုရဲ့ အောက်ခြေအထိ
ထိုးဖောက်ဝင်ရောက်လာသလို ငြိမ်းချမ်းမှုဟာလည်း ကျွန်တော်တို့ဘဝထဲ စတင်အနည်ကျ ဝင်ရောက်လာပါလိမ့်မယ်။”
နေလင်းအောင်
Ref; No Regrets by
Steve Goodier
NO REGRETS
By Steve Goodier
By Steve Goodier
At the 1924 Olympic Games in Paris, the
sport of canoe racing was added to the list of international competitions. The
favorite team in the four-man canoe race was the United States team. One member
of that team was a young man by the name of Bill Havens.
As the time for the Olympics neared, it
became clear that Bill’s wife would give birth to their first child about the
time that the U.S. team would be competing in the Paris games. In 1924 there
were no jet airliners from Paris to the United States, only slow ocean going
ships. And so Bill found himself in a dilemma. Should he go to Paris and risk
not being at his wife’s side when their baby was born? Or should he withdraw
from the team and remain with his family?
Bill’s wife insisted that he go to
Paris. After all, competing in the Olympics was the culmination of a life long
dream. But Bill felt conflicted and, after much soul searching, decided to
withdraw from the competition and remain home, where he could support his wife
when the child arrived. He considered being at her side his highest priority,
even higher than going to Paris to fulfill his dream.
As it turned out, the United States
four-man canoe team won the gold medal in Paris. And Bill’s wife was late in
giving birth to their child. She was so late, in fact, that Bill could have
competed in the event and returned home in time to be with her when she gave
birth.
People said, "What a shame."
But Bill said he had no regrets. For the rest of his life, he believed he had
made the better decision.
Bill Havens knew what was most important
to him. Not everybody figures that out. And he acted on what he believed was
best. Not everybody has the strength of character to say no to something he or
she truly wants in order to say yes to something that truly matters. But for
Bill, it was the only way to peace; the only way to no regrets.
There is an interesting sequel to the
story of Bill Havens…
The child eventually born to Bill and
his wife was a boy, whom they named Frank. Twenty-eight years later, in 1952,
Bill received a cablegram from Frank. It was sent from Helsinki, Finland, where
the 1952 Olympics were being held. The cablegram read: "Dad, I won. I’m
bringing home the gold medal you lost while waiting for me to be born."
Frank Havens had just won the gold medal
for the United States in the canoe-racing event, a medal his father had dreamed
of winning but never did. Like I said, no regrets.
Thomas Kinkade eloquently said,
"When we learn to say a deep, passionate yes to the things that really
matter, then peace begins to settle onto our lives like golden sunlight sifting
to a forest floor."
No comments:
Post a Comment