အင်္ဂလိပ်စာ လေ့လာသူများ အထူးသဖြင့်
ကျောင်းသားလူငယ်များအတွက် ရည်ရွယ်ပြီး ထုတ်ဝေခဲ့သော The Best English မဂ္ဂဇင်းသည်
ယခုလတွင် (၁၄) နှစ် ပြည့်မြောက်ပြီဖြစ်ပါသည်။ The Best English မဂ္ဂဇင်း
ထုတ်ဝေခြင်းနှင့်အတူ အင်္ဂလိပ်စာ ထူးချွန်သူများ ပြုစုပျိုးထောင်ရေး အစီအစဉ်သည်လည်း
ပူးတွဲပါဝင်ပါသည်။
အင်္ဂလိပ်စာ ထူးချွန်သူများ ပြုစုပျိုးထောင်ရေး
အစီအစဉ်ကို The Best English မဂ္ဂဇင်း စတင်ထုတ်ဝေကတည်းက နှစ်နှစ်တစ်ကြိမ်
ရွေးချယ်လာခဲ့ရာ ယခုအခါ အစီအစဉ် (၈) အထိပင် ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။
(၅) The Best သို့ စာမူများ ရေးသားပေးပို့၍
ဖော်ပြခြင်းခံရသူ ဖြစ်ရပါမည်။
ရွေးချယ်ခံရသူများကို The Best English မဂ္ဂဇင်းမှ
အခါအားလျော်စွာ စာအုပ်များ ပေးပို့မည်အပြင် ဘာသာပြန်ရန် စာမူများကိုလည်း ပေးပို့ကာ
မဂ္ဂဇင်းမှ ဦးစားပေး ဖော်ပြမည်ဖြစ်ပါသည်။
ထို့ကြောင့် အင်္ဂလိပ်စာ ထူးချွန်သူများအစီအစဉ်တွင်
ပါဝင်လိုသူများသည် ပြိုင်ပွဲဝင်စာမူများ၊ ဘာသာပြန်ရသစာမူများနှင့်
အခြားစာမူများ(ဟာသအတွေး၊ ကဗျာ) ပေးပို့ရာတွင် နေရပ်လိပ်စာ၊ ပညာအရည်အချင်းနှင့်
မွေးသက္ကရာဇ်များကိုပါ ထည့်သွင်းရေးသား ပေးပို့ရပါမည်။ အင်္ဂလိပ်စာ ထူးချွန်သူများ
ရွေးချယ်ရေးအစီအစဉ် (၈)တွင် ရွေးချယ်ခံရသူများကို ဖော်ပြလိုက်ပါတယ်။ The Best
English မဂ္ဂဇင်း၏ အင်္ဂလိပ်စာ ထူးချွန်သူများစာရင်းတွင် ပါဝင်ခွင့်ရရန်အတွက် အထက်ပါ
အချက်အလက်များအတိုင်း ကြိုးစားလုပ်ဆောင်သွားရန် The Best English မဂ္ဂဇင်း
အယ်ဒီတာအဖွဲ့မှ နှိုးဆော်လိုက်ရပါသည်။
(The Best English မဂ္ဂဇင်း No.(168), June, 2013
စာအုပ်မှ ကောက်နှုတ်ချက်)
No comments:
Post a Comment