နေလင်းအောင်
အိန္ဒိယနိုင်ငံရှိ
မျောက်ဖမ်းမုဆိုးများဟာ ထိပ်ဝမှာ လက်လျှိုလို့ရလောက်အောင် ကျယ်တဲ့ အပေါက်တစ်ပေါက်ပါ
သေတ္တာတစ်လုံးကို အသုံးပြုကြပါတယ်။ သေတ္တာထဲမှာတော့ အခွံမာသီးတွေ ထည့်ထားပါတယ်။
မျောက်က
အခွံမာသီးတွေကို ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ သူ့လက်ဟာ လက်သီးဆုပ်ပုံစံ ဖြစ်လာပါတယ်။ မျောက်ဟာ သူ့လက်ကို အပြင်ဘက်ထုတ်ဖို့
ကြိုးစားပါတယ်။ ဒါပေမယ့် အပေါက်က သူ့လက်သွင်းလို့ရလောက်အောင် ကျယ်ပေမယ့် လက်သီးဆုပ်ပြီး
ပြန်ထွက်လာဖို့အတွက်တော့ ကျဉ်းလွန်းလှပါတယ်။
ခုတော့
မျောက်မှာ နှစ်ခုအနက် တစ်ခုကိုပဲ ရွေးချယ်ရပါမယ်။ သစ်သီးတွေကို လက်လွှတ်ပြီး ထာဝရ လွတ်လပ်အောင်
လုပ်ဆောင်လိုက်မလား။ ဒါမှမဟုတ် သစ်သီးတွေကို ဆက်လက်ဆုပ်ကိုင်ပြီး အဖမ်းခံလိုက်ရမလား။
မျောက်ဟာ
အချိန်တိုင်း ဘာကို ရွေးချယ်မယ်ဆိုတာ စဉ်းစားမှန်းဆကြည့်ပါ။ သင် မှန်းဆလို့ ရတယ်မို့လား။
သူဟာ သစ်သီးတွေကို ဆက်လက်ဆုပ်ကိုင်ထားပြီး အဖမ်းခံလိုက်ပါတယ်။
ကျွန်တော်တို့လည်း
မျောက်တွေလိုပါပဲ။ ကျွန်တော်တို့အားလုံးဟာ
ဘဝရှေ့ခရီး ဆက်လှမ်းရာမှာ အတားအဆီးဖြစ်စေတဲ့ သစ်သီးအချို့ကို ဆက်လက်ဆုပ်ကိုင်ထားကြပါတယ်။
ကျွန်တော်တို့ဟာ
“ဒါကို မလုပ်နိုင်ဘူး။ အကြောင်းကတော့…”ဆိုပြီး ရှာကြံအကြောင်းပြကြပါတယ်။ “အကြောင်းကတော့…”ဆိုတဲ့နောက်မှာ
ထွက်ပေါ်လာတဲ့ အရာရာတိုင်းဟာ ကျွန်တော်တို့ ဆက်လက်ဆုပ်ကိုင်ထားတဲ့ သစ်သီးတွေနဲ့တူပြီး
အဲဒီအရာတွေက ကျွန်တော်တို့ကို ဟန့်တားနှောင့်ယှက်နေပါတယ်။
အောင်မြင်တဲ့လူတွေဟာ
အကြောင်းပြချက် မပေးကြပါဘူး။
လူတစ်ယောက် အောင်မြင်နိုင်တယ်ဆိုတာ
“အကြောင်းပြချက်များနှင့် အကျိုးရလဒ်များ”ဆိုတဲ့ အချက်နှစ်ချက်က အဆုံးအဖြတ်ပေးပါတယ်။
အကြောင်းပြချက်တွေ ရှိနေမယ်ဆိုရင် အကျိုးရလဒ်တွေ မဖြစ်ပေါ်စေနိုင်ပါဘူး။
နေလင်းအောင်
Ref; The Monkey
Trap by Krishna Khanna
www.naylinaung1.blogspot.com


No comments:
Post a Comment