Friday, January 18, 2013

တစ်ဖက်သတ်အချစ်



          တစ်နေ့မှာ ဘုရားသခင်က ချစ်သူနှစ်ဦးထံ ကုလားထိုင်တစ်လုံး ပေးပို့လိုက်ပါတယ်။ ဒီကုလားထိုင်ရဲ့ စွမ်းဆောင်နိုင်မှုကတော့ သူ့အပေါ်တက်ထိုင်လိုက်တဲ့ လူတစ်ဦးဟာ အမှန်ကိုပြောမယ်ဆိုရင် အစိမ်းရောင်မီးသီး လင်းလာမယ်။ ညာပြောမယ်ဆိုရင်တော့ အနီရောင်မီးသီး လင်းလာပါမယ်တဲ့။
ယောက်ျားလေးက ကုလားထိုင်ပေါ်  အရင်ထိုင်လိုက်ပါတယ်။
        မိန်းကလေး။ ။ရှင် ကျွန်မကို ချစ်လား။
        ယောက်ျားလေး။   ။ ချစ်တာပေါ့။ (အနီရောင်မီးသီး လင်းလာတယ်။)
        မိန်းကလေး။         ။မစိုးရိမ်ပါနဲ့ရှင်။ ဘုရားသခင် ဖန်ဆင်းလိုက်တာ   အမှားတစ်ခုခု ပါလို့ပဲ ဖြစ်ရမယ်။ ကျွန်မ ရှင့်ကို နောက်တစ်ကြိမ် ပြန်မေးမယ်။ ဘာဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့ရှင်။
        မိန်းကလေး။         ။ရှင် ကျွန်မကို ချစ်လား။
        ယောက်ျားလေး။   ။ ချစ်တာပေါ့။ (အစိမ်းရောင်မီးသီး လင်းလာတယ်။)
        ပထမအကြိမ် မိန်းကလေးမေးတုန်းက အနီရောင်မီးသီး ဘာကြောင့်လင်းရတယ်လို့ သင် ထင်ပါသလဲ။
        တကယ်တော့ ယောက်ျားလေးက မိန်းကလေးကို တကယ်မချစ်ဘဲ ချစ်တယ်လို့ ညာပြောခဲ့တဲ့အတွက်ကြောင့် အနီရောင်မီးသီး လင်းလာရတာပါ။
        ဒါပေမယ့် ဒုတိယအကြိမ်မှာတော့ သူဟာ သူ့အပေါ်ထားရှိတဲ့ မိန်းကလေးရဲ့ ယုံကြည်စိတ်ချမှုကို နားလည်ခံစားမိပြီး သူမကို တကယ်ချစ်လာတဲ့ အတွက်ကြောင့် အစိမ်းရောင်မီးသီး လင်းလာရတာပါ။

“One Sided Love Can Win Too… If You Show Your Trust Truly..♥ :)

တစ်ဖက်သတ်အချစ် ဖြစ်နေပေမယ့်လည်း မေတ္တာပြန်ရနိုင်ပါတယ်။
သူ့အပေါ် သင့်ရဲ့ယုံကြည်စိတ်ချမှုကိုသာ အမှန်အကန် ပြသနိုင်မည်ဆိုလျှင်ပေါ့။

နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; One Sided Love by Unknown Author
www.facebook.com/authornaylinaung

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...