မီဂျီခေတ် (1868-1912)တုန်းက
ဂျပန်လူမျိုး ဇင်ဆရာကြီး နန်အင်ထံသို့ တက္ကသိုလ်တစ်ခုမှ ပါမောက္ခတစ်ဦး ရောက်လာကာ ဇင်ဘာသာအကြောင်း
စုံစမ်းမေးမြန်းပါတယ်။
နန်အင်က သူ့ကို လက်ဖက်ရည်နဲ့ဧည့်ခံတယ်။
သူဟာ ဧည့်သည်ရဲ့ခွက်ထဲ လက်ဖက်ရည်အပြည့် လောင်းထည့်ပြီးပေမယ့် ဆက်လက်ပြီး လောင်းထည့်နေခဲ့ပါတယ်။
ပါမောက္ခက လက်ဖက်ရည်တွေ လျှံကျနေတာကို
တွေ့တော့ စိတ်မထိန်းနိုင်တော့ဘဲ ပြောလာပါတယ်။
ထို့အခါ နန်အင်က ပြောလိုက်ပါတယ်။
“ဒီလက်ဖက်ရည်ခွက်လိုပဲ။ ခင်ဗျားမှာလည်း
ကိုယ်ပိုင်အယူအဆတွေ၊ မှန်းဆချက်တွေနဲ့ ပြည့်နေပါတယ်။ ပထမဆုံး ခင်ဗျားကိုယ်ထဲက အရာအားလုံး
သွန်မပစ်ဘဲနဲ့တော့ ဇင်ပညာအကြောင်း ပြသလို့ မရနိုင်ပါဘူး”
စဉ်းစားဆင်ခြင်စရာ
သင့်ရဲ့ဖန်ခွက်ထဲမှာ တစ်ခုခု
ထည့်ထားခဲ့တယ်ဆိုပါစို့။ နောက်တစ်ခု ထည့်ချင်တဲ့အခါ ရောထည့်လို့ တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။
တစ်ခုပဲ ရွေးစရာရှိပါတယ်။ ပထမထည့်ခဲ့တဲ့ အရာအားလုံး သွန်ပစ်ပြီး နောက်တစ်ခု ပြောင်းလဲထည့်နိုင်ပါတယ်။
ကျွန်တော်တို့ဟာ တစ်ခုခုကို
တစ်ဖက်ကမ်းရောက်အောင် သင်ယူပြီးမြောက်ခဲ့တယ်ဆိုပါစို့။ ဒုတိယတစ်ခု သင်ယူတဲ့အခါမှာ ပထမသင်ယူခဲ့ရတဲ့
သဘောတရားတွေက လွှမ်းမိုးနေတဲ့အတွက်ကြောင့် သင်ယူရာမှာ
အဟန့်အတား ဖြစ်နေတတ်ပါတယ်။
ပညာရပ်တစ်ခု သင်ယူရာမှာ ပထမ
တတ်သိထားခဲ့တဲ့ ပညာအားလုံး ခဏမေ့ထားပြီးမှ ဒုတိယတစ်ခုကို သင်ယူပါ။
အချို့သော သဘာဝလွန်ဖြစ်ရပ်တွေဟာ
သိပ္ပံနည်းတကျ ရှင်းပြလို့ မရနိုင်တဲ့အတွက်ကြောင့် ကိုယ်သင်ယူခဲ့တဲ့ ပညာရပ်တွေနဲ့ စဉ်းစားဆုံးဖြတ်လို့တော့
မရနိုင်ပါဘူး။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref;A Cup of Tea by Unknown Author
www.naylinaung1.blogspot.com
No comments:
Post a Comment