ဝေးလံခေါင်သီသော
တောင်တစ်လုံးပေါ်ရှိ ရွာတစ်ရွာမှာ ကျွန်မကို မွေးဖွားခဲ့ပါတယ်။ တစ်နေ့ပြီးတစ်နေ့
ကျွန်မမိဘတွေဟာ နေပူထဲမှာ အဝါရောင်မြေလွှာတွေကို တူးဆွစိုက်ပျိုးရပါတယ်။
တစ်နေ့မှာ
ကျွန်မပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးတွေလိုပဲ ကျွန်မလည်း ဓားတစ်ချောင်း
ဝယ်ယူချင်နေခဲ့မိပါတယ်။ ဒါကြောင့် တစ်နေ့တော့ ကျွန်မဖေဖေရဲ့ အံ့ဆွဲထဲကနေ ဆင့်(၅၀)
ခိုးယူလိုက်ပါတယ်။ ဖေဖေဟာ သူ့ပိုက်ဆံ ပျောက်သွားတာကို ချက်ချင်း သိရှိခဲ့ပါတယ်။
“ပိုက်ဆံ ဘယ်သူခိုးတာလဲ”
လို့ ဖေဖေက ကျွန်မနဲ့ မောင်လေးကို မေးပါတယ်။
ကျွန်မဟာ
ပြန်မပြောရဲလောက်အောင် ကြောက်ရွံပြီး ကြက်သေသေနေခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး
အပြစ်ကို မဝန်ခံကြပါဘူး။ ဒီတော့ ဖေဖေက ပြောလာပါတယ်။ “တစ်ယောက်မှ ဝန်မခံဘူးဆိုရင်
မင်းတို့နှစ်ယောက်လုံး အပြစ်ပေးမှဖြစ်တော့မယ်။” ကျွန်မမောင်လေးက ဖေဖေလက်ကို
ရုတ်တရက် စွဲကိုင်ရင်း ပြောလိုက်ပါတယ်။ “ဖေဖေ…ပိုက်ဆံခိုးတာ သားပါ” မောင်လေးဟာ
ကျွန်မကိုယ်စား အပြစ်ခံယူလိုက်ပါတယ်။
အဲဒီည သန်းခေါင်ယံမှာ
ကျွန်မ ရုတ်တရက် အော်ငိုလိုက်မိပါတယ်။ မောင်လေးက ကျွန်မပါးစပ်ကို
သူ့လက်ဖြင့်ပိတ်ရင်း ပြောပါတယ်။ “အစ်မ…ခု မငိုပါနဲ့တော့။ အားလုံး
အဆင်ပြေသွားပြီပဲ။” ကျွန်မကို
အကာအကွယ်ပေးတုန်းက မောင်လေးရဲ့ ထုတ်ဖော်ပြောဆိုမှုကို ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။
အဲဒီနှစ်တုန်းက ကျွန်မမောင်လေးဟာ (၈)နှစ်အရွယ်ရှိပြီး ကျွန်မကတော့ (၁၁)နှစ်
ရှိနေပါပြီ။ ကျွန်မ လုပ်ခဲ့တာနဲ့ပတ်သက်ပြီး ဝန်ခံရဲတဲ့သတ္တိ မရှိတဲ့အတွက်
ကိုယ့်ကိုယ်ကို မုန်းတီးနေမိပါသေးတယ်။ နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့ပေမယ့်လည်း ဒီအဖြစ်အပျက်ကတော့
မနေ့တစ်နေ့က ဖြစ်နေသလိုပါပဲ။
ကျွန်မမောင်လေး အလယ်တန်းကျောင်း
နောက်ဆုံးနှစ်ရောက်တဲ့အခါ မြို့လယ်ခေါင်ရှိ နာမည်ကြီး အလယ်တန်းကျောင်းတစ်ကျောင်းက
ကျောင်းတက်ခွင့် ပြုခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်မကတော့ နေထိုင်ရာ စီရင်စုဒေသရှိ
တက္ကသိုလ်တစ်ခုမှာ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။
အဲဒီညမှာ ဖေဖေဟာ
အိမ်ဝန်းထဲမှာ ဆောင့်ကြောင့်ထိုင်ရင်း
ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ် သောက်နေခဲ့ပါတယ်။ ဖေဖေ မေမေကို မေးလိုက်တာ
ကျွန်မ ကြားလိုက်ပါတယ်။
“ငါးတို့ကလေးနှစ်ယောက်လုံး
ရလဒ်ကောင်းရရဲ့လား။ အလွန်ကို ကောင်းတဲ့ ရလဒ် ရရဲ့လား”တဲ့။
မေမေဟာ မျက်ရည်သုတ်ရင်း
သက်ပြင်းချကာ ပြောလိုက်ပါတယ်။ “ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ။ ကလေးနှစ်ယောက်ရဲ့ ပညာရေးအတွက်
ပိုက်ဆံဘယ်က ရနိုင်မလဲ။”
အဲဒီအချိန်မှာ
ကျွန်မမောင်လေးက အပြင်ဘက်ထွက်ကာ ဖေဖေရှေ့သွားရင်း ပြောလိုက်ပါတယ်။ “ဖေဖေ…သား
ကျောင်းဆက်မတတ်ချင်တော့ဘူး။ သား စာအုပ်အလုံအလောက် တတ်ခဲ့ရပြီပဲလေ။”
ဖေဖေဟာ ဒေါသထွက်သွားပါတယ်။
“သားစိတ်တွေ ဘာဖြစ်လို့
ဒီလောက်တောင် ပျော့ညံ့ရတာလဲ။ ဖေဖေ လမ်းပေါ်လျှောက်ပြီး တောင်းစားနေရပါစေ။ သားတို့နှစ်ယောက်ကိုတော့
ပညာပြည့်စုံတဲ့တိုင်အောင် ကျောင်းထားပေးမှာပါ။” အဲဒီနောက် ဖေဖေဟာ ငွေချေးဖို့
ရွာထဲရှိ အိမ်ပေါက်စေ့သွားရန် စတင် ထွက်ခွာသွားပါတယ်။
ကျွန်မဟာ
မောင်လေးရဲ့မျက်နှာကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်ပါတယ်။
“ယောက်ျားလေးတစ်ယောက်ဟာ ပညာဆက်သင်ယူရမယ်။ ဒါမှမဟုတ်ရင်တော့ အစ်မတို့
တွေ့ကြုံနေရတဲ့ ဒီဆင်းရဲမှုမျိုး ကျော်လွှားနိုင်မှာ မဟုတ်ဘူး။” တစ်ဖက်မှာလည်း
ကျွန်မက တက္ကသိုလ်မှာ ကျောင်းဆက်မတက်တော့ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။
နောက်တစ်နေ့ အရုဏ်မတက်မီ
အချိန်အထိတော့ မောင်လေးဟာ အဝတ်စုတ်အနည်းငယ်နဲ့ ပဲသီးခြောက်အချို့ယူကာ
အိမ်ကထွက်သွားတာကို မည်သူမှ မသိလိုက်ပါဘူး။ သူဟာ ကျွန်မအိပ်ရာဘေး မသိအောင်လာရင်း
ခေါင်းအုံးပေါ်မှာ စာတစ်စောင် ထားခဲ့ပါတယ်။ “အစ်မရေ…တက္ကသိုလ်ရောက်ဖို့ဆိုတာ
မလွယ်ပါဘူးဗျာ။ ကျွန်တော် အလုပ်ရှာပြီး အစ်မဆီ ပိုက်ဆံပို့ပေးပါမယ်။” ကျွန်မ
အိပ်ရာပေါ်မှာ စာရွက်ကိုကိုင်ရင်း အော်ငိုနေမိတာ အသံဝင်သွားတဲ့ အထိပါပဲ။
နောက်ဆုံးမှာတော့ ဖေဖေ
ရွာထဲက ချေးလာတဲ့ငွေရယ်၊ မောင်လေး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘိလပ်မြေသယ်ရင်း
ပို့ပေးတဲ့ငွေရယ်ပေါင်းပြီး တက္ကသိုလ်မှာ တတိယနှစ်ရောက်သည့်တိုင်အောင် ဆက်လက်
တက်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာ မောင်လေးက (၁၇)နှစ်အရွယ်ရှိပြီး ကျွန်မကတော့
(၂၀)နှစ်အရွယ် ရှိနေပါပြီ။
တစ်နေ့…ကျွန်မ အခန်းထဲ
စာကြည့်နေစဉ် အခန်းဖော်ရောက်လာပြီး ပြောပါတယ်။ “အပြင်မှာ မင်းကို ရွာသားတစ်ယောက်
စောင့်နေတယ်။” ဘယ်ရွာသားကများ ငါ့ကို လာရှာပါလိမ့်လို့ စဉ်းစားရင်း
အပြင်ထွက်လိုက်ရာ အဝေးမှာ ကျွန်မမောင်လေးကို တွေ့မြင်လိုက်ပါတယ်။ သူ့တစ်ကိုယ်လုံး
အညစ်အကြေးတွေ၊ မြေမှုန်တွေ၊ ဘိလပ်မြေတွေ၊ သဲတွေနဲ့ ညစ်ပတ်နေခဲ့ပါတယ်။ ကျွန်မ
မောင်လေးကို မေးလိုက်ပါတယ်။ “အစ်မရဲ့ အခန်းဖော်ကို ဘာဖြစ်လို့ အစ်မမောင်လေးလို့
မပြောခဲ့တာလဲ။”
မောင်လေးဟာ ပြုံးရင်း
ပြန်ပြောလိုက်ပါတယ်။ “ကျွန်တော့်ရဲ့ အသွင်အပြင်ကိုလည်း ကြည့်လိုက်ပါဦးဗျာ။
ကျွန်တော်ဟာ အစ်မမောင်လေးလို့ သူတို့သိတဲ့အခါ ဘာများပြောလိုက်မလဲ။ သူတို့က အစ်မကို
မလှောင်ပြောင်လောက်ဘူးလား။”
ကျွန်မ
အလွန်ခံစားသွားရင်း မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံလာခဲ့ပါတယ်။ မောင်လေးကိုယ်မှ
အညစ်အကြေးနဲ့ ဖုန်မှုန်တွေကို ကျွန်မ သန့်ရှင်းပေးလိုက်ပါတယ်။ အဲဒီနောက်
လည်ချောင်းမှာ ဆို့နင့်စွာနဲ့ ပြောလိုက်ပါတယ်။ “လူတွေ ဘာပြောပြော အစ်မ
ဂရုမစိုက်ဘူး။ မောင်လေးရဲ့ အသွင်အပြင် ဘယ်လိုဖြစ်နေပါစေ…မောင်လေးဟာ
အစ်မရဲ့မောင်လေးပါပဲ။”
မောင်လေးဟာ
သူ့အိပ်ကပ်ထဲကနေ လိပ်ပြာပုံ ဆံညှပ်လေးတစ်ခု ထုတ်လိုက်ပါတယ်။ ဆံညှပ်လေးကို
ကျွန်မခေါင်းမှာ ညှပ်ပေးရင်း ပြောလာပါတယ်။ “မြို့ထဲမှာ မိန်းကလေးတွေ ဒီလိုဆံညှပ်မျိုးသုံးတာ
ကျွန်တော်မြင်ခဲ့ပါတယ်။ အစ်မမှာရော ဒီဆံညှပ်မျိုး ရှိသင့်တယ်လို့ ထင်ပါတယ်။”
ကျွန်မ ကိုယ့်ကိုယ်ကို မထိန်းနိုင်လောက်အောင် ဖြစ်သွားခဲ့ပါတယ်။ ကျွန်မ
မောင်လေးကို ဆွဲကိုင်ရင်း အော်ငိုခဲ့ပါတယ်။ အဲဒီနှစ်မှာ မောင်လေးက (၂၀)နှစ်ရှိပြီ၊
ကျွန်ကတော့ (၂၃)နှစ်ရှိပါပြီ။
ကျွန်မ
လက်ထပ်ပြီးတဲ့နောက်မှာ မြို့တစ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ကျွန်မယောက်ျားက
ကျွန်မရဲ့ မိဘတွေကို လာနေဖို့ အကြိမ်ပေါင်းများစွာ ခေါ်ခဲ့ပေမယ့်လည်း ဖေဖေနဲ့မေမေက
ငြင်းဆိုခဲ့ပါတယ်။ ဖေဖေနဲ့မေမေက ရွာမှ ထွက်လာမယ်ဆိုရင် ဘာလုပ်ရမှန်း
မသိပါဘူးလို့တော့ တစ်ကြိမ်မှာ ပြောဆိုခဲ့ပါတယ်။ မောင်လေးကလည်း ဖေဖေနဲ့မေမေနဲ့
တစ်သဘောတည်းပါပဲ။ သူကလည်း ပြောလာပါတယ်။ “အစ်မ…အစ်မရဲ့ ယောက္ခမတွေကို
ဂရုစိုက်လိုက်ပါ။ ဖေဖေနဲ့မေမေကို ကျွန်တော် ဂရုစိုက်လိုက်ပါမယ်။”
ကျွန်မ ယောက်ျားဟာ
သူလုပ်နေတဲ့ စက်ရုံမှာ ဒါရိုက်တာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ပြုပြင်ရေးဌာနစုမှာ
မန်နေဂျာလုပ်ရန် ကမ်းလှမ်းချက်ကို လက်ခံလိုက်ဖို့ မောင်လေးကို
တိုက်တွန်းနားချခဲ့ပါတယ်။ ဒါပေမယ့် မောင်လေးကတော့ အဲဒီကမ်းလှမ်းချက်ကို
ငြင်းပယ်ခဲ့ပါတယ်။ သူဟာ သုညမှ စတင် တည်ဆောက်ချင်ကြောင်းပြောရင်း ပြုပြင်ရေးလုပ်သားအဖြစ်
လုပ်ကိုင်ခဲ့ပါတယ်။
တစ်နေ့… ကျွန်မမောင်လေး
လှေကားထိပ်တက်ရင်း ကေဘယ်လ်ကြိုးတစ်ချောင်း ပြုပြင်နေစဉ် ဓာတ်လိုက်လို့
ဆေးရုံတင်လိုက်ရပါတယ်။ ကျွန်မယောက်ျားနဲ့ ကျွန်မတို့ ဆေးရုံသွားပြီး မောင်လေးကို
ကြည့်ရူ့ခဲ့ပါတယ်။ သူ့ခြေချောင်းမှာ ပတ်တီးတွေကိုတွေ့တော့ ကျွန်မ ညည်းတွားပြောဆိုလိုက်ပါတယ်။ “မန်နေဂျာလုပ်ဖို့
ကမ်းလှမ်းချက်ကို ဘာဖြစ်လို့ ငြင်းခဲ့ရတာလဲ။ မန်နေဂျာဆိုရင် ဒီလို အန္တရာယ်များတဲ့
အလုပ်မျိုး လုပ်ရမှာမဟုတ်ဘူး။ ခုတော့ မင်းကိုယ်မင်း ကြည့်လိုက်စမ်း။
ဒဏ်ရာအကြီးအကျယ် ရနေတယ်လေ။ ဘာဖြစ်လို့ အစ်မတို့စကားကို နားမထောင်ခဲ့ရတာလဲ။”
မျက်နှာမှာ
တည်ကြည်လေးနက်မှုတွေ ပေါ်လွင်ရင်းနဲ့မောင်လေးဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို အခိုင်အမာ
ပြောဆိုလိုက်ပါတယ်။ “ ဒါရိုက်တာတစ်ယောက်ဖြစ်နေတဲ့ ကျွန်တော့်ယောက်ဖကို
ထောက်ထားရဦးမှာလေ။ ကျွန်တော်လို ပညာမတတ်တဲ့လူတစ်ယောက် မန်နေဂျာ ဖြစ်လာမယ်ဆိုရင် လူတွေ
ဘယ်လိုများ ပြောလိုက်မလဲ။”
ကျွန်မယောက်ျားရဲ့
မျက်ဝန်းမှာလည်း မျက်ရည်တွေ ပြည့်လာခဲ့ပါတယ်။ အဲဒီနောက် ကျွန်မက ပြောလိုက်ပါတယ်။
“ဒါပေမယ့် အစ်မကြောင့် မောင်လေး ပညာမသင်ခဲ့ရတာလေ။”
“အစ်မ ဘာဖြစ်လို့
အတိတ်ကအကြောင်းတွေ ပြောနေရတာလဲ။” မောင်လေးက ပြောဆိုရင်း ကျွန်မလက်ကို
ဆုပ်ကိုင်လိုက်ပါတယ်။ အဲဒီနှစ်မှာ မောင်လေးက (၂၆)နှစ်ရှိပြီ၊ ကျွန်မကတော့ (၂၉)နှစ်
ရှိပါပြီ။
ရွာက လယ်သမား
မိန်းကလေးတစ်ဦးကို လက်ထပ်တဲ့အချိန်မှာ မောင်လေးဟာ (၂၉)နှစ် ရှိနေပါပြီ။
လက်ထပ်မင်္ဂလာ အခမ်းအနားမှာ ဘိသိက်ဆရာက မောင်လေးကို မေးလိုက်ပါတယ်။ “အသင့်ဘဝမှာ
အလေးစားဆုံးနဲ့ အချစ်ရဆုံးပုဂ္ဂိုလ်ဟာ ဘယ်သူလဲ။”
မောင်လေးဟာ
စဉ်းစားချိန်မယူဘဲ ချက်ချင်းဖြေလိုက်ပါတယ်။ “ကျွန်တော့် အစ်မပေါ့ဗျာ။” မောင်လေးက ကျွန်မ မမှတ်မိတော့တဲ့
ဖြစ်ရပ်တစ်ခုကို ဆက်လက်ပြောပြပါတယ်။ “ကျွန်တော် မူလတန်းကျောင်းသားဘဝတုန်းက
စာသင်ကျောင်းဟာ အခြားရွာတစ်ရွာမှာ ရှိနေခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်း ကျွန်တော်နဲ့
အစ်မတို့ဟာ စာသင်ကျောင်းကို နှစ်နာရီအကြာ လမ်းလျှောက်ရင်း အသွားအပြန်
ပြုလုပ်ခဲ့ရပါတယ်။ တစ်နေ့မှာတော့ ကျွန်တော့်လက်အိတ်တစ်ခု ပျောက်နေခဲ့တယ်။ အစ်မက
သူပိုင်တဲ့ လက်အိတ်တစ်ဖက်ကို ကျွန်တော်ကို ပေးခဲ့တယ်။ အစ်မဟာ ကျန်တဲ့
လက်အိတ်တစ်ဖက်တည်းဝတ်ရင်း အဝေးကြီး လမ်းလျှောက်ခဲ့ရပါတယ်။ ကျွန်တော်တို့
အိမ်ပြန်ရောက်ချိန်မှာ အစ်မရဲ့လက်တွေဟာ အေးလွန်းလို့ တုန်နေခဲ့ပါတယ်။ အစ်မဟာ
တူတွေကိုပင် မကိုင်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီနေ့ကစပြီး ကျွန်တော်
သံဓိဌာန် ချမှတ်ခဲ့ပါတယ်။ ကျွန်တော် အသက်ရှင်နေသရွေ့ အစ်မအပေါ် အမြဲတမ်း
ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့နဲ့ ဂရုစိုက်ဖို့ပေါ့ဗျာ။”
တစ်ခန်းလုံး
ချီးကျူးသံတွေ ပြည့်လျှံသွားခဲ့ပါတယ်။ ဧည့်ပရိသတ်အားလုံး ကျွန်မကို လှည့်ကြည့်လိုက်ကြပါတယ်။
ကျွန်မ စကားပြောဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ “ကျွန်မဘဝမှာ
ကျေးဇူးအတင်ရဆုံးကတော့ ကျွန်မမောင်လေးပါပဲ။” ပြီးတော့ ပျော်ရွှင်ဖွယ်
မင်္ဂလာအခမ်းအနားတွင် ဧည့်ပရိသတ်တွေရဲ့ရှေ့မှာ ကျွန်မ မျက်ရည်တွေတွေ စီးကျခဲ့ပါတယ်။
သင့်ဘဝမှာ
ချစ်ခင်ရတဲ့သူကို တစ်နေ့လောက်တော့ မေတ္တာထားပြီး ဂရုစိုက်ပေးလိုက်ပါ။
သင်လုပ်ပေးခဲ့တဲ့ အရာလေးဟာ သင့်အတွက်တော့ သာမန်အသေးအဖွဲ့မျှသာ ဖြစ်နိုင်ပေမယ့်
အခြားသူတစ်ဦးအတွက်တော့ အများကြီး အဓိပ္ပာယ် ရှိနေတတ်ပါတယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
The Love of a Brother
I was born in a
secluded village on a mountain. Day after day, my parents plowed the
yellow dry soil with their backs towards the sky.
One day, I wanted to
buy a handkerchief, which all girls around me seemed to have. So, one day I
stole 50 cents from my father's drawer. Father discovered about the stolen
money right away.
'Who stole the money?'
he asked my brother and me.
I was stunned, too
afraid to talk. Neither of us admitted to the fault, so he said, 'Fine, if
nobody wants to admit, you both should be punished!' Suddenly, my younger
brother gripped Father's hand and said, ‘Dad, I was the one who did it!' He
took the blame, and punishment, for me.
In the middle of the
night, all of sudden, I cried out loudly. My brother covered my mouth with his
little hand and said, ‘Sis, now don't cry anymore. Everything has happened.' I
will never forget my brother's expression when he protected me. That year, my
brother was 8 years old and I was 11 years old. I still hate myself for not
having enough courage to admit what I did. Years went by, but the incident
still seemed like it just happened yesterday.
When my brother was in
his last year of secondary school, he was accepted in an upper secondary school
in the central part of town. At the same time, I was accepted into a university
in the province.
That night, Father
squatted in the yard, smoking packet by packet. I could hear him ask my mother,
'Both of our children, they have good results? Very good results?'
Mother wiped off her
tears and sighed, 'What is the use? How can we possibly finance both of them?'
At that time, my
brother walked out, he stood in front of Father and said, 'Dad, I don't want to
continue my study anymore, I have read enough books.' Father became angry.
'Why do you have a
spirit so weak? Even if it means I have to beg for money on the streets, I will
send you two to school until you have both finished your studies!' And then, he
started to knock on every house in the village to borrow money.
I stuck out my hand as
gently as I could to my brother's face, and told him, 'A boy has to continue
his study. If not, he will not be able to overcome this poverty we are
experiencing.' I, on the other hand, had decided not to further my study at the
university.
Nobody knew that on the
next day, before dawn, my brother left the house with a few pieces of worn-out
clothes and a few dry beans. He sneaked to my side of the bed and left a note
on my pillow; 'Sis, getting into a university is not easy. I will go find a job
and I will send money to you.' I held the note while sitting on my bed, and
cried until I lost my voice.
With the money father
borrowed from the whole village, and the money my brother earned from carrying
cement on his back at a construction site, finally, I managed to get to the
third year of my study in the university. That year, my brother was 17 years
old; I was 20 years old.
One day, while I was
studying in my room, my roommate came in and told me, 'There's a villager
waiting for you outside!' Why would there be a villager looking for me? I
walked out, and I saw my brother from afar. His whole body was covered with
dirt, dust, cement and sand. I asked him, 'Why did you not tell my roommate
that you are my brother?'
He replied with a
smile, 'Look at my appearance. What will they think if they would know that I
am your brother? Won't they laugh at you?'
I felt so touched, and
tears filled my eyes. I swept away dirt and dust from my brother's body. And
told him with a lump in my throat, ‘I don't care what people would say! You are
my brother no matter what your appearance.
From his pocket, he
took out a butterfly hair clip. He put it on my hair and said, 'I saw all the
girls in town are wearing it. I think you should also have one.' I could not
hold back myself anymore. I pulled my brother into my arms and cried. That
year, my brother was 20 years old; I was 23 years old.
After I got married, I
lived in the city. Many times my husband invited my parents to come and live
with us, but they didn't want. They said once they left the village, they
wouldn't know what to do. My brother agreed with them. He said, 'Sis, you just
take care of your parents-in-law. I will take care of Mom and Dad here.'
My husband became the
directors of his factory. We asked my brother to accept the offer of being the
manager in the maintenance department. But my brother rejected the offer. He
insisted on working as a repairman instead for a start.
One day, my brother was
on the top of a ladder repairing a cable, when he got electrocuted, and was
sent to the hospital. My husband and I visited him at the hospital. Looking at
the plaster cast on his leg, I grumbled, 'Why did you reject the offer of being
a manager? Managers won't do something dangerous like that. Now look at you -
you are suffering a serious injury. Why didn't you just listen to us?'
With a serious
expression on his face, he defended his decision, 'Think of your brother-in-law,
he just became the director. If I, being uneducated, would become a manager,
what kind of rumors would fly around?'
My husband's eyes
filled up with tears, and then I said, 'But you lack in education only because
of me!'
'Why do you talk about
the past?' he said and then he held my hand. That year, he was 26 years old and
I was 29 years old.
My brother was 30 years
old when he married a farmer girl from the village. During the wedding
reception, the master of ceremonies asked him, 'Who is the one person you
respect and love the most?'
Without even taking a
time to think, he answered,' My sister.' He continued by telling a story I
could not even remember. 'When I was in primary school, the school was in a
different village. Everyday, my sister and I would walk for 2 hours to school
and back home. One day, I lost one of my gloves. My sister gave me one of hers.
She wore only one glove and she had to walk far. When we got home, her hands
were trembling because of the cold weather. She could not even hold her
chopsticks. From that day on, I swore that as long as I lived, I would take
care of my sister and would always be good to her.'
Applause filled up the
room. All guests turned their attention to me. I found it hard to speak, 'In my
whole life, the one I would like to thank most is my brother,' And in this
happy occasion, in front of the crowd, tears were rolling down my face again.
Love and care for the
one you love every single day of your life. You may think what you did is just
a small deed, but to that someone, it may mean a lot.
2 comments:
သိပ်ကိုကောင်းတဲ့စာပါပဲ။မေတ္တာတရားကိုတွေ့ရပါတယ် :-)
Sithu Htet
very good.ငိုလိုက်ရတယ်
Post a Comment