ဘဝဆိုတာ
ပဲ့တင်သံနဲ့တူပါတယ်။
သင်ပို့လိုက်တာ
သင့်ဆီပြန်ရောက်လာလိမ့်မယ်။
သင်စိုက်ပျိုးတာ
သင် ရိတ်သိမ်းရလိမ့်မယ်။
သင်ပေးလိုက်တာ
သင် ပြန်ရလိမ့်မယ်။
အခြားသူတွေမှာ
သင် မြင်နေရတဲ့အရာတွေဟာ သင့်မှာလည်း ရှိနေပြီးသားပါ။
ဘဝဆိုတာ
ပဲ့တင်သံဆိုတာ သတိရလိုက်ပါ။
သင့်လုပ်တဲ့အတိုင်း
သင့်ဆီ ပြန်ရောက်လာလိမ့်မယ်။
ဖခင်တစ်ဦးဟာ
သားတစ်ဦးနဲ့အတူ တောင်တွေပေါ် တက်နေပါတယ်။ ရုတ်တရက် သူ့သားဟာ ခြေချော်ကျပြီး
အနာတရဖြစ်သွားတဲ့အတွက်ကြောင့် “အား”လို့ အော်လိုက်မိပါတယ်။ တောင်တွေရဲ့ တစ်နေရာမှ
သူ့အော်လိုက်တဲ့အတိုင်း “အား”ဆိုတဲ့ ပဲ့တင်ထပ်သံကို ပြန်ကြားရတဲ့အခါ သူ
အံ့သြသွားပါတယ်။ သူဟာ သိလိုစိတ်ပြင်းပြစွာဖြင့် “ ခင်ဗျား ဘယ်သူလဲ”လို့
အော်လိုက်တော့ “ခင်ဗျား ဘယ်သူလဲ”ဆိုတဲ့ အဖြေကိုပဲ ပြန်ကြားရပါတယ်။ အဲဒီနောက် သူဟာ
တောင်တွေဆီလှည့်ရင်း “ခင်ဗျားကို ချီးကျူးပါတယ်”လို့အော်ပြောလိုက်တော့ “ခင်ဗျားကို
ချီးကျူးပါတယ်”ဆိုတဲ့ အဖြေကိုပဲ ပြန်ကြားရပါတယ်။
ဒီတုံ့ပြန်ပြောဆိုသံတွေကို
ကြားတဲ့အခါ ဒေါသထွက်လာပြီးတော့ “ငကြောက်ပဲ”လို့ အော်ပြောလိုက်တာ “ငကြောက်ပဲ”လို့
ပြန်ကြားရပါတယ်။ သူဟာ ဖခင်ဖြစ်သူဘက်လှည့်ပြီး “ဘာဆက်ဖြစ်မှာလဲ” လို့
မေးလိုက်ပါတယ်။
ဖခင်က
ပြုံးပြီး “သားရေ…အာရုံစိုက်ကြည့်လိုက်ပါဦး” လို့ပြောလိုက်ပါတယ်။ ဖခင်က
“ခင်ဗျားဟာ ချန်ပီယံတစ်ယောက်ပဲ”လို့ ပြောလိုက်တော့ “ခင်ဗျားဟာ ချန်ပီယံတစ်ယောက်ပဲ”လို့
ပြန်ပြောသံ ကြားရပါတယ်။ လူငယ်လေးဟာ အံ့သြသွားပေမယ့် နားလည်နိုင်ခြင်း
မရှိခဲ့ပါဘူး။
အဲဒီနောက်
ဖခင်က ရှင်းပြပါတယ်။ “လူတွေက ဒါကို ပဲ့တင်သံလို့ ပြောကြတယ်။ တကယ်တော့ ဒါဟာ
ဘဝပါပဲကွာ။ သား ပြောတဲ့အတိုင်း ဒါမှမဟုတ် သားလုပ်တဲ့အတိုင်း ဘဝက ပြန်ပေးပါတယ်။”
ကျွန်တော်တို့ရဲ့ ဘဝဆိုတာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေ ရောင်ပြန်ဟပ်နေခြင်းမျှသာ။
ဒီကမ္ဘာလောကကြီးမှာ သင်ဟာ မေတ္တာပိုပြီး အလိုရှိတယ်ဆိုရင် သင့်နှလုံးသားမှာ မေတ္တာပိုပြီး
မွေးမြူဖန်တီးလိုက်ပါ။ သင်ဟာ အသင်းအဖွဲ့မှာ နားလည်မှုပိုပြီး ရချင်တယ်ဆိုရင် သင့်ကိုယ်တိုင်
နားလည်ပေးတတ်မှုကိုလည်း တိုးတက်အောင် ပြုလုပ်ပါ။ ဘဝမှာလည်း အရာရာ ဒီအတိုင်းပါပဲ။ ဘဝကို
သင်ပေးကမ်းလိုက်တဲ့ အရာရာတိုင်း ဘဝကလည်း သင့်ဆီပြန်ပြီး ပေးကမ်းပါလိမ့်မယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Life is An Echo by Unknown Author
မူရင်း အင်္ဂလိပ်စာ
Story : Life is An Echo
By Georgy ------ Array views
A son
and his father were walking on the mountains. Suddenly, his son falls, hurts
himself and screams: “Ah!” To his surprise, he hears the voice repeating,
somewhere in the mountain: “Ah!” Curious, he yells: “Who are you?” He receives
the answer: “Who are you?” And then he screams to the mountain: “I admire you!”
The voice answers: “I admire you!”
Angered
at the response, he screams: “Coward!” He receives the answer: “Coward!” He
looks to his father and asks: “What’s going on?”
The
father smiles and says: “My son, pay attention.” Again the man screams: “You
are a champion!” The voice answers: “You are a champion!” The boy is
surprised, but does not understand.
Then
the father explains: “People call this ECHO, but really this is LIFE. It gives
you back everything you say or do.
Our
life is simply a reflection of our actions. If you want more love in the world,
create more love in your heart. If you want more competence in your team,
improve your competence. This relationship applies to everything, in all
aspects of life; Life will give you back everything you have given to it.”
No comments:
Post a Comment