တစ်ခါတုန်းက
လောကကြီးထဲမှာ အထင်ကြီးမှုခံယူချင်နေတဲ့ ခွေးလေးတစ်ကောင် ရှိခဲ့တယ်။ သူဟာ
လျင်မြန်တဲ့ ခွေးတစ်ကောင်ဖြစ်ပြီး ဇဝနဥာဏ်လည်း ကောင်းလွန်းပါတယ်။ ပြီးတော့ ဘဝမှာ
အောင်မြင်မှုရဖို့ ဘာလုပ်ရမယ်ဆိုတာလည်း သိရှိပါတယ်။ သူဟာ သိုးတွေ ပြန်လည်
စုစည်းနိုင်တဲ့ သူ့ဖခင်ကို အလွန်ဂုဏ်ယူလေ့ရှိပေမယ့် သူ့ကိုယ်တိုင်ကတော့
ဒီထက်ပိုပြီး စွမ်းဆောင်နိုင်ဖို့ပဲ အလိုရှိနေခဲ့ပါတယ်။
ခွေးကလေးဟာ
နေ့စဉ်နေ့တိုင်း ကောင်ကင်ပေါ် မော့ကြည့်လိုက်တဲ့အခါ သူ့အပေါ်မှာ အံ့သြဖွယ်ကောင်းတဲ့
လင်းယုန်ငှက်တစ်ကောင် ပျံသန်းနေတာကို တွေ့မြင်လိုက်ပါတယ်။ သူဟာ လင်းယုန်ငှက်ရဲ့
သွားချင်တဲ့နေရာ သွားနိုင်ပုံ၊ ကျည်ဆန်တစ်ချောင်းလို လျင်မြန်စွာ
ထိုးဆင်းနိုင်ပုံနဲ့ လွတ်လွတ်လပ်လပ် နေနိုင်ပုံတွေကို သတိပြုမိခဲ့ပါတယ်။
ခွေးကလေးဟာ
လင်းယုန်ငှက်တစ်ကောင်လို ဖြစ်ချင်တဲ့အတွက်ကြောင့် နေ့စဉ်နေ့တိုင်း လင်းယုန်ငှက်ကို
စောင့်ကြည့် လေ့လာပါတော့တယ်။ ခွေးကလေးဟာ အစောပိုင်းကတည်းက လင်းယုန်ငှက်လို
သတ္တိရှိဖို့၊ လျင်မြန်ဖို့နဲ့ ကြောက်ရွံ့မှုကင်းဖို့ ဘယ်လို လုပ်ရမယ်ဆိုတာ
သိရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် လင်းယုန်ငှက်တစ်ကောင်လို အမှန်တကယ်
ရှင်သန်နေထိုင်မယ်ဆိုရင်တော့ ခွေးကလေးဟာ သင်ခန်းစာအသစ်တွေနဲ့ ကျွမ်းကျင်မှုအသစ်တွေ
သင်ယူသင့်တယ်ဆိုတာ သိခဲ့ပါတယ်။
ဒါကြောင့်
နေ့စဉ်နေ့တိုင်း ခွေးကလေးဟာ သူ့ကိုယ်တိုင် သင်ခန်းစာအသစ်တစ်ခု သင်ယူလေ့လာဖို့
ကြိုးစားခဲ့ပါတယ်။ အောက်ဖော်ပြပါတွေကတော့ လင်းယုန်ငှက်တစ်ကောင်လို ဖြစ်လာဖို့အတွက်
လုံ့လဝီရိယရှိရှိ နဲ့ သူ ဆက်လက်ကြိုးစားသင့်တယ်ဆိုတဲ့ သင်ခန်းစာအချို့ပါပဲ။
သင်ခန်းစာ(၁)။ ။“ကောင်းကင်မှာ
မြင့်မြင့်ပျံနိုင်ဖို့အတွက် ငါဟာ အမွေးအတောင်တွေ နဲ့ တောင်ပံတွေ ပေါက်လာသင့်တယ်။”
သင်ခန်းစာ(၂)။ ။“သားကောင်ကို အဝေးကနေ
မြင်နိုင်ဖို့အတွက် ငါ့ရဲ့အမြင်အာရုံ စူးရှထက်မြက်သင့်တယ်။”
သင်ခန်းစာ(၃)။ ။“ သားကောင်ဟာ
ခုခံကာကွယ်နိုင်စွမ်းမရှိဖို့ ငါ့မှာ လုံလောက်တဲ့ စိတ်ရှည်မှု ရှိသင့်တယ်။”
သင်ခန်းစာ(၄)။ ။“သားကောင်ကို မြဲမြဲမြံမြံ
ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ငါ့ရဲ့လက်သည်းနဲ့ သွားတွေဟာ ထက်မြက်နေသင့်တယ်။”
သင်ခန်းစာ(၅)။ ။ငါ့ရဲ့လွတ်လပ်မှုကို
သက်သေပြရန်အလိုငှာ ငါဟာ ကျောက်တောင်တွေရဲ့ထိပ်မှာ တစ်ကိုယ်တည်း နေသင့်တယ်။”
ခွေးကလေးဟာ
လပေါင်းအတော်ကြာ တောထဲမှာ တစ်ကောင်တည်း လေ့ကျင့်ပြီးနောက် လုံးဝကို
စိတ်ပျက်လက်ပျက် ဖြစ်လာတော့တယ်။ သူဟာ ပိုပြီးစိတ်ရှည် လွတ်လပ်လာပေမယ့်လည်း
စိတ်ဓာတ်ကျဆင်းနေဆဲ ဖြစ်နေပြီး သူ့ဘဝကို မချစ်မြတ်နိုးတော့သလို ဖြစ်လာခဲ့ပါတယ်။
ခွေးကလေးဟာ
သူ့မှာ အတောင်ပံတွေ မရှိတာကို သတိပြုမိတဲ့ အချိန်တိုင်း ဝမ်းနည်းလာတယ်။
ခွေးကလေးဟာ
သူ့အမြင်အာရုံ ထက်မြက်မလာတာကို တွေ့တဲ့အခါ ပိုပြီးဝမ်းနည်းလာတယ်။
ပြီးတော့
သူ့လက်သည်းတွေနဲ့ သွားတွေ ပိုပြီး မထက်မြက်လာတဲ့အခါ သူဟာ အတော်ကို
ဝမ်းနည်းလာခဲ့ပါတယ်။
နောက်ဆုံးမှာတော့
ခွေးကလေးဟာ အမြီးကုပ်ရင်း အိမ်ပြန်လာခဲ့တယ်။ သူဟာ သူ့အဖေဆီသွားပြီး ဘယ်လောက်ပဲ
ကြိုးစားအားထုတ်ပါစေ…သူဖြစ်ချင်တဲ့ လင်းယုန်ငှက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ
မဟုတ်တော့ဘူးလို့ ပြောဆိုရင်း အဆက်မပြတ် ငိုပါတော့တယ်။
ခွေးကလေး မသိခဲ့တာကတော့ သူ့အဖေဟာ
ကမ္ဘာမှာရှိတဲ့ အတော်ဆုံးခွေးတွေထဲက တစ်ကောင်အပါအဝင် ဆိုတာပါပဲ။ခွေးကလေး
မျက်ရည်မရှိသလောက် ငိုပြီးတဲ့အချိန်မှာ သူ့အဖေဟာ ကိုယ့်ဘဝကိုယ်
ချစ်မြတ်နိုးနေထိုင်တတ်ဖို့ သူသိထားတဲ့ လျှို့ဝှက်ချက်တွေ မျှဝေပေးဖို့ရာ အချိန်ကျရောက်လာပြီဆိုတာ
သိလာခဲ့ပါတယ်။
“သားရေ…
လင်းယုန်ငှက်တစ်ကောင် ဖြစ်ချင်နေတဲ့ သားရဲ့စိတ်ကူးအိပ်မက်ကို ဖေဖေသိတာပေါ့ကွာ။
လင်းယုန်ငှက်တွေဟာ ဖေဖေတို့အားလုံး ချီးကျူးလောက်သော စွမ်းရည်တွေရှိနေတဲ့၊
အံ့ဖွယ်လှပတဲ့ သတ္တဝါတွေပါပဲ။ သားဟာ လင်းယုန်ငှက်တွေလိုပဲ ပိုပြီး စိတ်ရှည်ဖို့နဲ့
ပိုပြီး လွတ်လပ်ဖို့ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်
သား သိလာတာကတော့ သားဟာ ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ… လင်းယုန်ငှက်တစ်ကောင်
ဖြစ်မလာဘဲ ခွေးတစ်ကောင်ပဲ ဖြစ်နေမယ်ဆိုတာပါပဲ။ သား ဘယ်လို ဖြစ်သင့်တယ်လို့
ကိုယ့်ကိုယ်ကို ပြောနေခြင်းဟာ နာကျင်မှုတွေကိုပဲ ဖြစ်စေတတ်ပါတယ်။ သားဟာ ကိုယ့်မှာ
ရှိနေပြီးသားဖြစ်တဲ့ အံ့ဖွယ်လှပ ချီးကျူးဖွယ်ကောင်းတဲ့ စွမ်းရည်တွေကို မေ့နေသလို
ကိုယ့်ရဲ့ဖြစ်တည်မှုကိုလည်း မေ့နေခဲ့ပါတယ်။
သားဟာ
ဖြစ်နိုင်သလောက် အကောင်းဆုံးခွေးတစ်ကောင် ဖြစ်လာခဲ့ပြီးပါပြီ။ ပြီးတော့ သားဟာ
စိတ်အားထက်သန်မှုနဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခဲ့တဲ့အတွက် ဖေဖေ
ဂုဏ်ယူမိပါတယ်။ သားဟာ အတော်ကို သတ္တိရှိတဲ့၊ လျင်မြန်တဲ့၊ အကြောက်အရွံကင်းတဲ့၊
စိတ်ရှည်တဲ့၊ လွတ်လပ်တဲ့ ခွေးတစ်ကောင်ဆိုတာ ဖေဖေ သိပါတယ်။ ပြီးတော့ ခွေးတွေနဲ့
လင်းယုန်ငှက်တွေအပါအဝင် အခြားတိရ စ္ဆာန်တွေကလည်း သားကို တအံ့တသြကြည့်ပြီး
သားလိုဖြစ်ဖို့ သင်ယူချင်တဲ့ ဆန္ဒရှိနေကြပါတယ်။
ဒီလောကကြီးထဲမှာ သားကို ပြိုင်စံကင်းတဲ့
စွမ်းရည်တွေ၊ အားအင်တွေနဲ့ ဖန်တီးပေးလိုက်တယ်ဆိုတာ သတိရလိုက်ပါ။ ဒါဆိုရင် ဒီဘဝမှာ
သားရဲ့ ဝါသနာတွေနဲ့ ရည်ရွယ်ချက်တွေကို တွေ့မြင်လာပါလိမ့်မယ်။ ငှက်တစ်ကောင်ဟာ
ဘယ်တော့မှ ခွေးတစ်ကောင် ဖြစ်မလာနိုင်သလို ခွေးတစ်ကောင်ဟာလည်း ငှက်တစ်ကောင်
ဖြစ်မလာနိုင်ပါဘူး။ ဒီတော့ သားဟာ နောင်တစ်ချိန်မှာ အခြားတိရ စ္ဆာန်တစ်မျိုးမျိုး
ဖြစ်ချင်တဲ့အခါတိုင်း ငှက်ခွေးဖြစ်ချင်တာကို ရပ်တန့်ဖို့ မိမိကိုယ်ကို
သတိပေးလိုက်ပါ။ ပြီးတော့ သားမှာ ရှိနေပြီးသားဖြစ်တဲ့ လက်ဆောင်တွေကို သတိရလိုက်ပါ။
အဲဒီနောက်မှာတော့
ခွေးကလေးဟာ မျက်ဝန်းထဲမှာ မျှော်လင့်ချက်အသစ်နဲ့ မော့ကြည့်ကာ လယ်ကွင်းထဲသို့
အေးအေးဆေးဆေး လျှောက်သွားပါတယ်။ သူဟာ ကောင်းကင်ကိုမော့ကြည့်ရင်း
လင်းယုန်ငှက်တစ်ကောင် ဖြစ်လာဖို့ ဆန္ဒ မရှိတော့ပါဘူး။ အဲဒီအစား မိမိရဲ့
လက်ရှိခွေးဘဝကို ပိုပြီး နားလည်သဘောပေါက်လာအောင် ကူညီပေးခဲ့တဲ့အတွက၊်
စွမ်းရည်အသစ်တွေကို သင်ယူခဲ့ရတဲ့အတွက် လင်းယုန်ငှက်ကို တည့်တည့်ကြည့်ကာ
ကျေးဇူးတင်နေမိပါတော့တယ်။
သူဟာမိမိဘဝကို နှစ်နှစ်ကာကာချစ်ခင်တဲ့ ခွေးတစ်ကောင် ဖြစ်လာခဲ့ပါတော့တယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Bird Dogging Through Life
Spiritual Story by Chris Cade
Once
upon a time there was a little dog who wanted to have a big impact in the
world. He was a fast dog with quick wits, and he knew what it took to succeed
in life. And though though was very proud of his papa for the way he always
rounded up the sheep, this little dog had his sights set even higher.
See,
every day the little dog looked up into the sky and saw an amazing eagle
soaring above. He noticed how the eagle could go anywhere it wanted, it could
dive and swoop as fast as a bullet, and was the pure expression of freedom.
Every
day the little dog watched and studied the eagle because he wanted to become an
eagle. The little dog already knew how to be courageous, fast, and fearless,
just like the eagle. But in order to really live like an eagle, the little dog
knew he should learn some new lessons and skills.
So
each and every day, the little dog tried to teach himself a new lesson. Here
are the lessons he knew he should diligently work on so he could
become an eagle:
Lesson
1: "I should grow wings with feathers so that I can fly high in the
sky."
Lesson
2: "I should sharpen my vision so I can spot my prey from far away."
Lesson
3: "I should be perfectly patient until the right prey is vulnerable to
attack.
Lesson
4: "I should sharpen my nails and teeth so I can hold onto my prey."
Lesson
5: "I should live on top of rocks and alone so I can prove my
independence."
After
practicing for months and months all alone in the wilderness, the little dog
become extremely discouraged. Even though he had become much more patient and
independent, he still became depressed and was losing his love for life.
Every
time the little dog noticed he had no wings, he got sad. ...
When
the little dog saw that his vision wasn't improving, he got sadder...
And
when his nails and teeth didn't get sharper, he became even sadder...
Eventually,
the little dog returned home with his tail between his legs. He went to his
papa, and the little dog just cried and cried because no matter how hard he
tried, he could never become the eagle he felt he should be.
What
the little dog didn't know was that his papa was one of the wisest dogs in the
world!After the little dog had cried all his tears until he had no more, his
papa knew it was the right time to share what he knew about the secret to
living and loving life:
"Son,
I know you had big dreams of being an eagle. Eagles are beautiful, wonderful
creatures with amazing qualities we all can admire. You were even able to
become more patient and independent like the eagles.
However,
what you have come to realize is that no matter how hard you try, you are not
an eagle... you are a dog. Telling yourself how you "should" be only
results in pain and frustration because you lose sight of your true self... you
forget about the amazing, beautiful, admirable qualities you already have!
You
have become the best dog you can be, and I am proud of you for going after your
dreams with all of your heart. I see how courageous, fast, fearless, patient,
and independent you are, and I know many other animals “ including dogs and eagles “ will look upon
you with admiration and a desire to learn how to be more like you.
Remember
that you were brought into this world with a special set of unique talents and
strengths, and you will find your passion and purpose in this life. Just like a
bird can never become a dog, a dog can never become a bird... so next time you
find yourself wishing you could be a different kind of animal, just remind
yourself to "stop bird-dogging" and then reflect upon the amazing
gifts you already have!"
After
that, the little dog looked up with new hope in his eyes and slowly trotted out
into the field... no longer was he looking at the sky wishing he were an eagle,
but rather, he looked directly at the eagle with gratitude for the new
qualities he learned that would help him become a more fully-realized and present
dog...
He
became a dog that truly loves his life.
No comments:
Post a Comment