ခဲတံ။ ။ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။
ခဲဖျက်။ ။ ဘာအတွက်လဲ။ ခင်ဗျား အမှားတစ်ခုခု မလုပ်မိပါဘူး။
ခဲဖျက်။ ။ ဘာအတွက်လဲ။ ခင်ဗျား အမှားတစ်ခုခု မလုပ်မိပါဘူး။
ခဲတံ။ ။ ကျွန်တော်ကြောင့် ခင်ဗျား ဒဏ်ရာအနာတရဖြစ်တာကို
စိတ်မကောင်းဖြစ်မိတာပါ။ ကျွန်တော် အမှားတစ်ခု ပြုလုပ်မိတိုင်း ခင်ဗျားက
အဲဒီအမှားကို ဖျက်ပေးရတယ်လေဗျာ။ ဒါပေမယ့် ကျွန်တော့်အမှားတွေကို ဖျက်ပေးရတဲ့အတွက်ကြောင့်
ခင်ဗျားရဲ့ အပိုင်းလေးတွေ ဖဲ့ပေးလိုက်ရတယ်လေ။ ဖျက်လိုက်ရတဲ့အချိန်တိုင်း
ခင်ဗျားဟာ ပိုပြီးတော့ သေးငယ်လာရတယ်လေဗျာ။
ခဲဖျက်။ ။ဒါတော့
မှန်တာပေါ့။ ဒါပေမယ့် ကျွန်တော် စိတ်ထဲမထားပါဘူး။ ခင်ဗျားသိတဲ့အတိုင်း
အဲဒီလိုဖျက်ပေးဖို့ ကျွန်တော့်ကို ဖန်တီးထားခဲ့တာပဲလေ။ ခင်ဗျား
အမှားလုပ်လိုက်တဲ့အချိန်တိုင်း ခင်ဗျားကိုကူညီဖို့ ကျွန်တော့်ကို
ပြုလုပ်ထားခဲ့တာပဲ။ တစ်နေ့မှာတော့ ကျွန်တော် ကုန်ဆုံးသွားပြီး အခြားခဲဖျက်တစ်ခုနဲ့ အစားထိုးရမှာကို
သိနေပေမယ့်လည်း ကျွန်တော့်အလုပ်ကို တကယ် နှစ်သက်ပျော်ရွှင်မိပါတယ်။ ဒီတော့
ကျေးဇူးပြုပြီး ဝမ်းနည်းမနေပါနဲ့တော့လား။ ခင်ဗျား စိတ်မကောင်းဖြစ်နေတာ
မကြည့်ချင်ဘူးဗျာ။
ခဲတံနဲ့
ခဲဖျက်လေးရဲ့ အပြန်အလှန် စကားပြောဆိုမှုကို တွေ့တဲ့အခါ ကျွန်တော် အလွန်ကို
စိတ်အားတက်ကြွသွားပါတယ်။
မိဘတွေဟာ
ခဲဖျက်နဲ့တူပြီး သားသမီးတွေကတော့ ခဲတံနဲ့တူပါတယ်။ မိဘတွေဟာ သားသမီးတွေအတွက်
အမြဲတမ်း အဆင်သင့်ရှိနေကြပြီး သူတို့ရဲ့ အမှားတွေကို ဖယ်ရှား ရှင်းလင်းပေးပါတယ်။
တစ်ခါတစ်လေမှာတော့ အဲဒီလို ဖယ်ရှားပေးနေစဉ် သူတို့ အနာတရဖြစ်ပြီး အိုမင်းလာမယ်။
နောက်ဆုံးမှာတော့ သူတို့ သေဆုံးသွားရပါလိမ့်မယ်။ သူတို့ရဲ့ သားသမီးတွေဟာ
အပေါင်းအဖော်အသစ်ဖြစ်တဲ့ ဇနီးနဲ့ ခင်ပွန်းတွေ တွေ့လာပေမယ့်လည်း မိဘတွေကတော့
သားသမီးတွေအတွက် တစ်ခုခု လုပ်ပေးဖို့ နှစ်သက်ပျော်ရွှင်နေတုန်းပါပဲ။ ပြီးတော့
သူတို့ရဲ့ အဖိုးတန်ရတနာလေးတွေဖြစ်တဲ့ သားသမီးတွေ စိုးရိမ်ပူပန်ပြီး
ဝမ်းနည်းစိတ်မကောင်း ဖြစ်နေမှာကိုတော့ ဘယ်တော့မှ အလိုမရှိကြပါဘူး။
ကျွန်တော့်ဘဝမှာ
ခဲတံလေးတစ်ချောင်း ဖြစ်ခဲ့ပြီးပါပြီ။ ခဲဖျက်လေးဖြစ်တဲ့ ကျွန်တော့်မိဘတွေ
တစ်နေ့ပြီးတစ်နေ့ ပိုပြီး သေျးငယ်လာတာ (အိုမင်းလာတာ)ကိုတွေ့တော့ ကျွန်တော်
နာကျင်မိပါတယ်။ တစ်နေ့နေ့မှာတော့ ကျွန်တော်နဲ့အတူ ကျန်နေမယ့်အရာတွေကတော့
ခဲဖျက်အမှုန့်လေးတွေရယ်၊ ကျွန်တော်နဲ့အတူရှိခဲ့တဲ့ အမှတ်တရလေးတွေရယ်ပေါ့ဗျာ။
နေလင်းအောင်
ဘာသာပြန်ဆိုသည်။
Ref; Story of a Pencil and Eraser by Unknown
မူရင်း အင်္ဂလိပ်စာ
Story of a Pencil and Eraser
Pencil: I’m sorry
Eraser: For what? You didn’t do anything wrong.
Pencil: I’m sorry because you get hurt because of me.
Whenever I made a mistake, you’re always there to erase it. But as you make my
mistakes vanish, you lose a part of yourself. You get smaller and smaller each
time.
Eraser: That’s true. But I don’t really mind. You see, I was
made to do this. I was made to help you whenever you do something wrong. Even
though one day, I know I’ll be gone and you’ll replace me with a new one, I’m
actually happy with my job. So please, stop worrying. I hate seeing you sad.
I found this conversation between the pencil and the eraser
very inspirational.
Parents are like the eraser whereas their children are the
pencil. They’re always there for their children, cleaning up their mistakes.
Sometimes along the way, they get hurt, and become smaller / older, and
eventually pass on. Though their children will eventually find someone new
(spouse), but parents are still happy with what they do for their children, and
will always hate seeing their precious ones worrying, or sad.
All my life, I’ve been the pencil. And it pains me to see the
eraser that is my parents getting smaller and smaller each day. For I know that
one day, all that I’m left with would be eraser shavings and memories of what I
used to have.
2 comments:
မကြာခဏရောက်ပါတယ်...
ရောက်တိုင်းလည်း ခံတံနဲ့ခဲဖျက်လေးကို ဖတ်မိတယ်..
ခင်မင်စွာဖြင့်...
အရမ်းကောင်းတဲ့ ရသစာစုလေးပါ။
Post a Comment