မြူနှင်းတွေဟာ အလွန်ထူထပ်စွာ ကျဆင်းနေတဲ့အတွက် ရှေ့တစ်လှမ်းထက်ပိုပြီး
မမြင်ရပါဘူး။ ဘက်စ်ကားတွေ၊ ကားငယ်တွေနဲ့ တက္ကစီကားတွေဟာ
မောင်းလို့မရတဲ့အတွက် လမ်းပေါ်မှာပဲ ရပ်ထားကြရပါတယ်။ လူတွေဟာ
မြူနှင်းထုထဲမှာ စမ်းတဝါးဝါး သွားလာနေကြတယ်။ မစ္စတာစမစ်ဟာ
အောက်လွှတ်တော်မှာ အရေးကြီးအစည်းအဝေး သွားစရာရှိနေတယ်။ အဲဒီကို အချိန်မီ
ရောက်ချင်ပေမယ့် ဘယ်သူမှ သူ့ကို ပို့ဆောင်မပေးနိုင်ပါဘူး။
ပါလီမန်ကိုရောက်ဖို့ သူကြိုးစားခဲ့ပေမယ့် လမ်းပျောက်နေရပါတယ်။ ရုတ်တရက်
လူစိမ်းတစ်ဦးနဲ့ သူတိုက်လိုက်မိတယ်။ သူ့ကို ကူညီရမလားလို့ လူစိမ်းက
မေးလာတယ်။ ပါလီမန်ကို သွားချင်ကြောင်း မစ္စတာစမစ်က ပြောလိုက်ပါတယ်။ သူ့ကို
ပို့ဆောင်ပေးမည်ဖြစ်ကြောင်း လူစိမ်းက ပြောလာပါတယ်။ မစ္စတာစမစ်ဟာ
ကျေးဇူးတင်ကြောင်းပြောဆိုရင်း လူစိမ်းနှင့်အတူ စတင်လျှောက်လှမ်းလာပါတယ်။
တစ်မိနစ်ကုန်တိုင်း မြူနှင်းတွေဟာ ပိုပြီးသိပ်သည်းလာပါတယ်။ လူစိမ်းကတော့
လမ်းရှာဖွေသွားလာရာမှာ အခက်အခဲ မရှိခဲ့ပါဘူး။ သူဟာ
လမ်းမကြီးအတိုင်းသွားတယ်။ အခြားတစ်လမ်းကို ချိုးကွေ့လိုက်တယ်။ ပန်းခြံကို
ဖြတ်သန်းလိုက်တယ်။ နာရီဝက်အကြာ လမ်းလျှောက်ပြီးတဲ့အခါ အောက်လွှတ်တော်ကို
ရောက်လာပါတယ်။ လူစိမ်းဟာ လမ်းတွေကို ဘယ်လိုလုပ်ပြီး
ရှာတွေ့နိုင်ခဲ့သလဲဆိုတာ မစ္စတာစမစ် စဉ်းစားလို့ မရခဲ့ပါဘူး။
"အံ့ဖွယ်ပါပဲဗျာ။ မြူနှင်းတွေထဲမှာ ဘယ်လိုလုပ်ပြီး လမ်းတွေ့တာလဲဗျ" လို့
သူမေးလိုက်ပါတယ်။
"ဒါဟာ ကျွန်တော့်အတွက်တော့ ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ
မျက်မမြင်လေဗျာ" လို့ လူစိမ်းက ပြန်ပြောလိုက်ပါတယ်။
Ref; A London Frog from Brighter Grammar
နေလင်းအောင် ဘာသာပြန်ဆိုသည်။
1 comment:
:-) Good moral story!
Post a Comment